ငန်းမွေးမြူရေးအကြောင်း
ငန်းသည် Anatidaeမျိုးရင်းတွင် ပါဝင်ပြီး ထိုမျိုးရင်းတွင် ဘဲငန်းနှင့် ဘဲတို့လည်း အပါအဝင်ဖြစ်သည်။ ငန်းသည် ဝမ်းဘဲ၊ စက္ကဝက် စသည်တို့နှင့်အတူ "Anseriformes” မျိုးစဥ်တွင် ပါဝင်သည်၊
ငန်းတို့တွင် တင့်တယ်ရှည်လျားသော လည်ပင်းရှိကြသည်။ များသောအားဖြင့် ငန်းတို့၏ အမွှေးအတောင်မှာ ဆွတ်ဆွတ်ဖြူ၍နေသည်။ ဦးခေါင်းတွင် အနက်ရောင်လည်းရှိ၏။ ကမ္ဘာပေါ်ရှိ ဩစတေးလျတိုက်တွင် ငန်းအနက်များကို ထူးခြားစွာ တွေ့ရတတ်ပါသည်။
ငန်းတို့၏ အသံသည် ကျယ်လောင်၍ တံပိုးမှုတ်သံနှင့် ခပ်ဆင်ဆင်တူကြ၏။ ငန်းတို့၏ ထူးခြားချက်မှာ ငန်းဖိုနှင့် ငန်းမတို့သည် အများအားဖြင့် တစ်ဘဝတာလုံးအတွက် ပေါင်းဖက်ကြသည်။ သို့သော် တစ်ခါတစ်ရံတွင်မူ အမများမှာ ဥများမအောင်မြင်သောအခါတွင် အဖိုနှင့်အမ မပေါင်းဖက်ဘဲ ရှိတတ်ကြသည်။ ငန်းမသည် ဥတစ်ကြိမ် ဥလျှင်(၃-၈)လုံးထိ ဥ တတ်ကြပါသည်။ အသိုက်မှာ ညစ်ပတ်နေသော ကျူပင်၊ ရေညှိပင်စသည်တို့ဖြင့် ရှုပ်ထွေးလျက်ရှိသည်။ ငန်းမများ ဥများဥနေစဥ် ငန်းဖိုက ဥများကို ကာကွယ်စောင့်ရှောက်ပေးသည်။ ငန်းသည် အများအားဖြင့် သစ်ဥသစ်ဖုကိုသာ စားတတ်၏။ သို့သော် တစ်ခါတလေ အခြားပိုးမွှားနှင့် ပက်ကျိတို့ကိုလည်း စားတတ်ကြသည်။
ငန်းအမျိုးအစား(၈)မျိုးခန့်ရှိကြပြီး ငွေငန်းဖြူ၊ ငန်းညို၊ ငန်းပုတ်၊ ခြင်္သေ့ခေါင်းပန်း စသဖြင့် ရှိကြပါသည်။
ထိုငန်းအမျိုးအစားများတွင်မှ ခြင်္သေ့ခေါင်းပန်းမှာ တရုတ်နိုင်ငံ၏ အကြီးဆုံး အသားစားငန်းအမျိုးအစား တစ်မျိုးဖြစ်ပါသည်။ ထိုငန်းအမျိုးအစားမှာ ကြီးထွားနှုန်းမြန်ခြင်း၊ ကျွေးစာကြမ်းစားသုံးနိုင်ခြင်း၊ အသားနှင့် ဥ(၂)မျိုးလုံး စားသုံးနိုင်ခြင်းတို့ကြောင့် မွေးမြူသူများအတွက် ကောင်းမွန်သော စီးပွားရေးအမြတ်အစွန်းကို ရရှိစေနိုင်ပါသည်။
ငန်းမွေးမြူသူများအနေဖြင့် ငန်းမျိုးကောင်း၊ မျိုးသန့် ငန်းကို ရွေးချယ်ဝယ်ယူမည်ဆိုပါက အောက်ပါအချက်များကို သိထားရပါမည်။
၁။ ငန်းမျိုးကောင်း/မျိုးသန့်ရွေးချယ်ရာတွင် -
(က) အမွေးပွခြင်း၊ အသံအောင်ခြင်း၊ ဖျတ်လတ်ခြင်း၊ ချောမွေ့ခြင်း၊ သန့်ရှင့်းခြင်း၊ မြူးကြွခြင်း၊ လှဲကျလျှင် လျင်မြန်စွာ ပြန်လည်ထနိုင်ခြင်း၊ ဝမ်းဗိုက်အပိုင်းပျော့အိခြင်း၊ စအိုပေါက်တွင် စွန့်ပစ်အညစ်အကြေးများကပ်မှု မရှိခြင်းတို့ ဖြစ်ပါသည်။
၂။ မွေးမြူမှု သိပ်သည်းဆ
၁ စတုရန်းမီတာလျှင် (၁)ပတ်သားအရွယ် ငန်းပေါက်(၂၀ – ၂၅) ကောင်အထိ မွေးမြူနိုင်ပြီး (၂)ပတ်သားအရွယ် ငန်းပေါက် (၁၅ – ၂၀) ကောင်အထိ (သို့) (၃)ပတ်အရွက် ငန်းပေါက်(၁၀)ကောင် မွေးမြူနိုင်ပါသည်။
၃။ မွေးမြူအပူချိန်
ဆောင်းရာသီတွင် အပူချိန်နိမ့်ခြင်းကြောင့် ငန်းပေါက်များအား အပူထိန်းခန်းတွင် မွေးမြူသွားရမည်ဖြစ်ပြီး အောက်တွင် အခင်းခင်းပေးရမည်ဖြစ်ကာ ငန်းပေါက်များ မြေဆီလွှာဖြင့် တိုက်ရိုတ်ထိတွေ့ခြင်းမရှိစေရန် သတိထားရမည်ဖြစ်သည်။
မွေးမြူရန်အသင့်တော်ဆုံးသော အပူချိန်မှာ (၂၄ – ၃၀) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အပူချိန်သင့်လျော်မှသာ ငန်းပေါက်များ ပုံမှန်ကြီးထွားနိုင်မည်ဖြစ်သည်။
၄။ မွေးမြူရန် သင့်လျော်မည့်အစိုဓါတ်
ခြံတွင် မွေးမြူရန်အတွက် အသင့်လျော်ဆုံးသော အစိုဓါတ်မှာ (၆၀ – ၇၀)%ဖြစ်ပြိး အစိုဓါတ်ထိန်းညှိပါက အောက်ခံအခင်းကို မကြာခဏ လဲလှယ်ပေးရမည်ဖြစ်ပြီး စွန့်ပစ်အညစ်အကြေးများကို အမြဲတမ်းရှင်းလင်းပေးကာ မြေဆီလွှာနှင့် ခြံတွင် ခြောက်သွေ့နေရန်အတွက် ထိန်းသိမ်းထားရမည် ဖြစ်သည်။
၅။ ရေထဲလွှတ်ပေးခြင်းနှင့် လွှတ်ကျောင်းခြင်း
ရေထဲလွှတ်ပေးခြင်းကို သာမန်အားဖြင့် (၇ -၁၀)ရက်သားအရွယ်မှ စတင်ခြင်းဖြစ်ပြီး ရာသီဥတုအေးပါက (၂)ပတ်ပြီးနောက် ငန်းပေါက်အား ရေတိမ်ထဲတွင် ဆော့ကစားစေနိုင်မည်ဖြစ်သည်။
ပထမအကြိမ်ရေထဲဆော့ကစားခြင်းအား (၆-၈)မိနစ်ခန့်ကြာလျှင်ရပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ရေထဲလွှတ်ပေးချိန်နှင့် နက်ရှိုင်းမှုကို တိုးချဲ့မြှင့်တင်သွားရမည်ဖြစ်သည်။
ဦးဇော်(dof)
မှီငြမ်း - www.cnhnb.com မှ ကောက်နှုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
oscar
လွန်ခဲ့သော ၂ နှစ် ကဘာအဓိကကျွေးရမလဲ မျှတအောင်ကျွေးရမယ့် အစာတွေသိချင်ပါတယ်ရှင့်
david
လွန်ခဲ့သော ၅ နှစ် ကငန်း မှာ ဖြစ်တတ်တဲ့ရောဂါ များသိချင်ပါည်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဦးဇော်(dof)
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....