ဈေးကွက်ဝင်. . . . . . . . . . . . ကျောက်ငါးများ
ဈေးကွက်ဝင်. . . . . . . . . . . . ကျောက်ငါးများ
ပြည်ပဈေးကွက်တွင် မျက်နှာပန်းလှသည့် ငါးတစ်မျိုးမှာ ကျောက်ငါး (grouper) သည်လည်း ပါဝင်ပါသည်။ "ငါးဝက်မ" မျိုးစိတ်ဝင် ကျောက်ငါးကို ရခိုင်တွင် ' ငါးတောက်တူ' ဟု ခေါ်ဆိုကြပါသည်။ ကျောက်ငါးသည် မွေးမြူရေး ငါးဖြစ်လည်း နာမည်ကြီးပြီး အရသာလည်း ထူးခြားကောင်းမွန်လှပါသည်။ ကျောက်ငါးများမှာ အရေခွံထူသလို ၎င်း၏အကြေးခွံ ရောင်စုံအကွက်များမှာ လှပကြပါသည်။
ကျောက်ငါးများမှာ ကျောက်ဆောင်၊ ကျွန်းစုငယ်နှင့် သန္တာကျောက်များကြား အစာရှာဖွေခိုအောင်း နေထိုင်တတ်သောကြောင့် တချို့မှာ ဝါးထောက်ချောက်ချပြီး ဖမ်းကြသည်။ တချို့မှာ ၇တောင်၊ ၈တောင် ရှည်လျားသည့် မြှုံးခြင်းကြီးများဖြင့် ရေအောက်ကြမ်းပြင်ဆီချကာ ထောင်ဖမ်းကြပါသည်။ မြှုံးမှာ ကြိမ်ကြီးတွေကို သံဇကာဖြင့် ထိန်းကွပ်ထားသည့် ခြင်းကြီးဖြစ်ပါသည်။ ထူးခြားမှုမှာ သင်ပေါင်းသားများကို ထည့်သုံးထားသဖြင့် ထိုအသား၏ အနံ့မှာ ငါးများကို စွဲဆောင်စေပြီး ထိုအနံ့နောက်သို့ ငါးများလိုက်ရင်း မြှုံးဝသို့ ဝင်မိလျှက်သားဖြစ်သဖြင့် အဝင်ဝကိုလည်း အပြင်လျှာ ၊အတွင်းလျှာ သံဇကာဖြင့် ပြုလုပ်ထား၍ ငါးမှာ ဝင်ပြီးပါက ပြန်မထွက်လာနိုင်တော့ပေ။ ထိုကဲ့သို့ ဖမ်းပါက အားသာချက်မှာ အရှင်အတိုင်းဒဏ်ရာမရှိဘဲ ဖမ်းမိကြပြီး ဒိုင်မှာ ပြန်သွင်းရာတွင် ဈေးကောင်းရရှိကြပါသည်။ လက်ငင်းငွေချေစနစ်ဖြင့် နေ့စဥ်ဝယ်ယူသူများလည်း ရှိကြပါသည်။
ကျောက်ငါးသည် အသားစားသတ္တဝါဖြစ်ပြီး မွေးမြူရေးကန်သို့ ထည့်မည်ဆိုပါက မျိုးတူရာ အကောင်ချင်းရွေးထည့်ရပါသည်။ အရွယ်စုံ၊ ငါးမျိုးစုံထားလျှင် ငါးကြီးများမှာ ငါးငယ်များကို စားပစ်လိုက်ကြသောကြောင့် ဖြစ်သည်။
ပင်လယ်မှ ဖမ်းယူရရှိသော ကျောက်ငါးများကို သဘာဝနည်းအတိုင်း မွေးမြူကြသည်ဟု သိရပြီး သဘာဝအတိုင်းမွေးမြူရာတွင် ငါးသားပေါက်စုဆောင်းရသည့် အခက်အခဲအနည်းငယ်ရှိသော်လည်း စမွေးမွေးခြင်း (၆)လခန့်အချိန်ယူရပြီး (၆)လအတွင်း အစာကို (၂)ရက် တစ်ကြိမ် ပုံမှန် ကျွေးရပါသည်။ မွေးမြူပြီး (၆)လခန့်ကြာပါက ရောင်းတန်းဝင်သော အရွယ်အစားသို့ ရောက်ရှိလာပါသည်။ ဈေးနှုန်းမှာ ပြည်ပတင်ပို့မှု အကျိုးအမြတ်အနေဖြင့် ငါးအသေအပျောက်နည်းလျှင် ပိုမိုရရှိကြောင်းသိရပါသည်။
ရခိုင်၊ မြိတ်ကျွန်းစု၊ ဧရာဝတီတိုင်းနှင့် ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေဒေသ ပတ်ဝန်းကျင် ကျေးရွာတို့မှ ဖမ်းမိကြသော ပြည်ပဈေးကွက်ဝင် ကျောက်ငါးအရှင်များကို ရန်ကုန်သို့ တင်ပို့ကြပါသည်။ ကျောက်ငါးများကို အများအားဖြင့် ပွင့်လင်းရာသီ အောက်တိုဘာလမှ မိုးမကျမီ ဧပြီလအထိသာ ဈေးကွက်တွင် အရောင်းအဝယ်ရှိပြီး အကောင်သေးလျှင် ၃၅ ကျပ်သားမှ အကောင်ကြီးလျှင် ၁ပိဿာကျော်ထိ ပင်လယ်ပြင်မှ ဖမ်ဆီးရမိကြောင်း သိရပါသည်။
ရန်ကုန်သို့ တင်ပို့ရာတွင် ဖော့ပုံးတစ်ပုံးလျှင် ကျောက်ငါးအရှင် (၉)ပိဿာ ခန့်ဝင်ဆန့်ပြီး ရေငန်ထည့်သွင်း၍ တင်ပို့ကြပြီး ရန်ကုန်မှ တဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ကြကြောင်း သိရပါသည်။
ကျောက်ငါးနှင့် ပတ်သက်၍ နာမည်ကြီးဟင်းလျာများမှာ ကျောက်ငါးကင်၊ ကျောက်ငါးပေါင်း၊ ကျောက်ငါးချိုချဥ်ကြော်၊ သောက်ဆမ်း၊၊ အကြွပ်ကြော်၊ ကျောက်ငါးခေါင်း ဟင်းချို၊ အစိမ်းသုပ်၊ စွပ်ပြုတ်၊ ကြော်ချက် ဟင်းလျာများမှာ လူကြိုက်များသည့် ဟင်းများ ဖြစ်ကြပါသည်။ ထို့ပြင် ကျောက်ငါးကို ငါးခြောက်ပြုလုပ်၍ ကျောက်ငါး ငါးခြောက်ဆားပေါ့များလည်း ဈေးကောင်းကြပါသည်။
သို့ပါသောကြောင့် ကျောက်ငါးများမှာ အရသာ ထူးခြားကောင်းမွန်ပြီး တန်ဖိုးမြင့် ငါးလည်းဖြစ်၊ မွေးမြူရေးငါးအဖြစ်လည်း မွေးမြူနေကြသော ပြည်ပဈေးကွက်ဝင် ငါးတစ်မျိုးဖြစ်ကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။
ပင်လယ်ပြာ (ငါးဦးစီးဌာန)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026