မျိုးဆက်သစ်များအတွက်ပေးဆပ်ကြသော ဆယ်လ်မွန်ငါးများ၏ သဘာဝ
လူသားတို့ စျေးကြီးပေးကာ နှစ်နှစ်ခြိုက်ခြိုက် ဝယ်ယူစားသုံးနေကြသော ဆယ်လ်မွန်(Salmon)ငါးများ၏ သဘာဝကို ရေးသားဖော်ပြချင်ပါသည်။
ဆယ်လ်မွန်ငါးဟု ဆိုလိုက်တာနဲ့ မြန်မာလူမျိုးများအဖို့ စားဖူးသူထက် ကြားဖူးသူကသာ များလိမ့်မည်ဟု ထင်ပါသည်။ ဆယ်လ်မွန်ငါးတွေနဲ့ ပတ်သက်ပြီး အဆိုတော် ဦးခင်ဝမ်းမှ လည်း "ဆယ်လ်မွန်ငါးတို့အပြန်” သီချင်းလေးတစ်ပုဒ်ကို သီဆိုခဲ့ဖူးသည်ကို ကြားဖူးကြပါလိမ့်မည်။
ဆယ်လ်မွန်ငါးဟာ မြန်မာ့ပင်လယ်ပြင်မှာ တွေ့ရတတ်တဲ့ ငါးမျိုးစိတ်များ မဟုတ်ကြပါ။ ဆယ်လ်မွန်ငါးများသည် အရှေ့ဖျားအာရှပစိဖိတ်ဒေသ၊ ဂျပန်ပင်လယ်ပြင်၊ အလက်စကားကျွန်းဆွယ်၊ မြောက်အတ္တလန်တိတ်သမုဒ္ဒရာနှင့် ဆိုက်ဘေးရီးယားဒေသတို့တွင်သာ တွေ့ရတတ်တဲ့ ငါးမျိုးစိတ်ဖြစ်ပါတယ်။
မျိုးပေါင်းစု (Phylum)- Chordata မှ ဆင်းသက်လာပြီး မျိုးစဥ် (Order)- Salmoniformes, မျိုးရင်း (Family)- Salmonidae အောက်တွင် ပါဝင်ကြပါတယ်။
ရွှေ့ပြောင်းခရီးသွား ဆယ်လ်မွန်ငါးများ
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငန်(ပင်လယ်ပြင်)မှာ ကြီးပြင်းသော ငါးမျိုးစိတ်တစ်မျိုး ဖြစ်ကြပါတယ်။ ရေချိုမှာ ပျှမ်းမျှ ၂နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ဆီ ထွက်လာကြတာပါ။ပင်လယ်ပြင်မှာ ၃နှစ်ခန့်အကြာ ကြင်ဖော်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကို ပြန်ကြပါတယ်။ တစ်ချို့ ဆယ်လ်မွန်ငါးတွေကတော့ ကြင်ဖော်မတွေ့နိုင်ဘဲ ပင်လယ်ပြင်ကြီးထဲ ၅နှစ်ခန့် ကြာတတ်ကြပါတယ်။
ဆယ်လ်မွန်ငါးတို့၏အပြန်ခရီးမှာ အတားအဆီးများစွာ ကြုံရတတ်ပါတယ်။ လမ်းခရီးမှာ ရေခဲတုံးကြီးများ၊ ရေတံခွန်များကို တွေ့ရသည့်တိုင်အောင် ရှောင်တိမ်းဖယ်၍ မသွားဘဲ လေထဲသို့ ၆ပေ၊ ၇ပေ ခန့်မျှ ခုန်တက်၍ ထိုအတားအဆီးကို ကျော်ဖြတ်ကြရပါတယ်။ သို့သော်လည်း ဆယ်လ်မွန်ငါးများမှာ မိမိသွားလိုရာအရပ်ကို အားလုံးချောမွေ့စွာ မရောက်ကြပေ။ ကြားထဲမှာ လူသားတွေရဲ့ ဖမ်းဆီးခြင်း၊ ရေသတ္တဝါတွေရဲ့ စားသောက်ခံရခြင်းတို့လည်း ရှိကြပြီး မွေးရပ်ပြန်ကာ မျိုးဆက်မပွားနိုင်တာလည်း များပါတယ်။သုတေသီတို့ တွေ့ရှိချက်အရ ဆယ်လ်မွန်ငါး ၁၀% ခန့်သာ မွေးရပ်ပြန်ပြီး မျိုးပွားနိုင်ကြောင်း သိရှိရပါတယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အိမ်ပြန်ခရီးဟာ မိုင်ပေါင်း ၂၀၀၀ ခန့် ဝေးကွာကြသည်ဟု မှတ်သားရပါတယ်။ ချစ်ဖော်နဲ့ လက်တွဲပြီး မျိုးဆက်သစ် မွေးဖွားဖို့ အပြန်ခရီး စတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်ငါး စုံတွဲဟာ လုံးဝအစာမစားကြတော့ပါ။
ဆယ်လ်မွန်ငါး မျိုးပွားခြင်း
ဆယ်လ်မွန်ငါးတွေဟာ မိမိတို့မွေးဖွားရာအရပ်ကို ပြန်ရောက်ရင် ကြင်ဖော်ကိုယ်စီနဲ့ ချစ်ရည်လူးကြပါတယ်။ ငါးအမဖြစ်သူက ဥများဥချရန် ၄င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကို တူးဆွပြီး တွင်းချိုင့်ဖြစ်အောင် လုပ်ကြပါတယ်။ ဆယ်လ်မွန်ငါးတွေ ဥချမွေးဖွားရာ အရပ်ဟာ ကျောက်စရစ်မြေခံ ရေကြည်ရာအရပ် ဖြစ်ကြပါတယ်။
ဆယ်လ်မွန်ငါးအမဟာ ဥတစ်ကြိမ်ဥလျှင် ဥပေါင်း(၂၀၀၀-၁၀၀၀၀) အထိ ဥချနိုင်ကြပါတယ်။ ငါးအမ ဥတွေဥချနေချိန်မှာ ဆယ်လ်မွန်ငါးအထီးက ဘေးနားမှာ ငါးအမ အန္တရယ်မဖြစ်အောင် ကာကွယ်စောင့်ရှောက်ပေးပါတယ်။ ဆယ်လ်မွန်ငါးဥကနေ ၃လအကြာမှာ ငါးသားလောင်းလေးတွေအဖြစ် ထွက်လာကြပါတယ်။
ဆယ်လ်မွန်မျိုးဆက်သစ်များအတွက် ပေးဆပ်ပုံ
ဆယ်လ်မွန်ငါးအမ ဥတွေအကုန်ဥပြီးမှ အထီးဖြစ်သူက ဖိုမျိုးစေ့(sperm)တွေ ဥပေါ်ချလိုက်ပါတယ်။အထီးဖြစ်သူ ဥပေါ်မှ ထွက်အပြီးမှာ အမဖြစ်သူက မျိုးဆက်သစ်ဖြစ်မယ့် ဥ တွေ ရေစီးနဲ့ပါမသွားအောင် အပေါ်ကနေ ဝပ်ပေးပြီး ဘယ်မှ မသွားတော့ပေ။ (၃-၇)ရက်အတွင်းမှာ အမဖြစ်သူဟာ ၄င်းရဲ့ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်။ အထီးဖြစ်သူ ကတော့ အနီးနားပတ်ဝန်းကျင်မှာပဲ သေဆုံးသွားကြပါတယ်။
ဒီလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ ၃လအကြာမှာ ဥမှထွက်လာကြပါတယ်။ ထိုအခါမှာ ဆယ်လ်မွန်ငါး အမိ၊ အဖတို့ရဲ့ သေဆုံးပြီးရုပ်ကြွင်းမှ အသားမျှင်လေးတွေဟာ အနီးနားမှာ ပြန့်ကျဲနေပါပြီ။ ဥမှထွက်ထွက်ချင်း ဆယ်လ်မွန်ငါးသားပေါက်လေးများဟာ ရေမကူးနိုင်သေးပါ။ တွားသွားပြီး အစာအဖြစ် အမိ၊ အဖ ရုပ်ကြွင်းမှ အသားမျှင်လေးများကို စားကြရပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော မျိုးဆက်သစ်အတွက် ပေးဆပ်မှုက ချီးကျူးအံ့သြဖွယ်ရာပါ။အသက်အသေခံပြီး ခလုတ်မထိဆူးမငြိစေရန် ကာကွယ်စောင့်ရှောက်ရုံသာမက မိမိရဲ့ အသွေးအသားကိုပါ စားသုံးခွင့်ပြုလိုက်တဲ့ ဆယ်လ်မွန်ငါး အမိ၊ အဖတို့ရဲ့ မေတ္တာတရားမှာ အင်မတန်မှ ချီးကျူးလေးစားဖွယ် ကောင်းလှပါတယ်။
ဒါ့ကြောင့်လည်း ဂျပန်လူမျိုးများမှာ မိမိတို့ရဲ့ မျိုးဆက်ကို အသက်ပေး၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်ကြတဲ့ ဆယ်လ်မွန်ငါးတို့ရဲ့ စိတ်ဓါတ်ကို စံထားကာ ဂျပန်နိုင်ငံရဲ့ ပြယုဂ်တစ်ခုအနေနှင့် ထို ဆယ်လ်မွန်ငါးများကို ပိုတန်ဖိုးထားကြခြင်းပဲ ဖြစ်ပါတယ်။
ဆယ်လ်မွန်ငါး အသုံးဝင်ပုံများ
မြန်မာနိုင်ငံသာမက နိုင်ငံတကာမှာပါ ဆယ်လ်မွန်ငါးကို အသားလွှာပြီး ဆော့စ်နဲ့ တို့စားခြင်း၊ ချက်စား၊ပေါင်းစား၊ ကြော်စားခြင်း၊ သုပ်စားခြင်း၊ ငါးခေါင်းဟင်းချို၊ ဆူရှီပြုလုပ်ခြင်း စသဖြင့် အမျိုးမျိုး စီမံချက်ပြုတ်ကြပါတယ်။ ငါးအရသာမှာ နူးညံ့လှပြီး ထူးခြားကောင်းမွန်လှသလို တန်ဖိုးလည်း ကြီးမြင့်ကြပါတယ်။ ဆယ်လ်မွန်ငါးမှလည်း ငါးကြီးဆီ ထုတ်လုပ်ရောင်းချကြပါတယ်။
ဆယ်လ်မွန်ငါး၏ ကျန်းမာရေးကောင်းကျိုး
ဆယ်လ်မွန်ငါးတွင် Omega -3 fatty acid, Protein တို့ ကြွယ်ဝစွာပါရှိကြပြီး ဗီတာမင်ဘီ Vitamin-B, ပိုတက်စီယမ် Potassiumနှင့် ဆယ်လီနီယမ် Selenium တို့လည်း များစွာပါရှိသဖြင့် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်လှပါတယ်။ ထို့ပြင် ဆယ်လ်မွန်ငါးတွင် Mercury ပါဝင်မှုနည်းတာကြောင့် ကိုယ်ဝန်ဆောင် ၊နို့တိုက်မိခင် နှင့် ကလေးငယ်တွေအတွက်လည်း အထူးသင့်တော်လှပါတယ်။
ဆယ်လ်မွန်ငါးကို ပုံမှန်စားသုံးလျှင် နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပြီး ဦးနှောက်ကျန်းမာရေးကိုလည်း ကောင်းမွန်စေသည်ဟု သုတေသီများက ဆိုကြပါတယ်။
ထူးခြားသော သဘာဝတရားများနှင့် ပြည့်နှက်နေသော ဆယ်လ်မွန်ငါးများမှာ တခြားငါးမျိုးစိတ်များနှင့် မတူဘဲ မျိုးဆက်သစ်အတွက် အသက်နဲ့ရင်းပြီး ပေးဆပ်ပုံမှာ ချီးကျူးလေးစား ဂရုဏာသက်ဖွယ် ဖြစ်မိပါကြောင်း လေ့လာရေးသားဖော်ပြလိုက်ရပါတယ်။
Ref; Wikipedia.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....