အစိမ်းရောင်လမ်း
အရသာထူးတဲ့….ကဘီလူး

အရသာထူးတဲ့….ကဘီလူး

    ငါးကြီးငါးကောင်းများဖြစ်ကြသော ကသမျှင်၊ ကသပါင်း၊ ကက်ကူရံ စသည့် ‘ကကြီး’ (၁၁) မျိုးငါးများတွင် "ကဘီလူးငါး" သည်လည်း တစ်မျိုးအပါအဝင် ဖြစ်ပေသည်။

     ကဘီလူးငါးမှာ ခေါင်းသေး၍ မျက်လုံးပြူးကာ နှုတ်ခမ်းပါးလွှာသော အကြေးခွံပါ ရေချိုရေငန်စပ် ငါးတစ်မျိုးဖြစ်သည်။ ရေစပ်တွင်နေ၍ မြစ်ကိုဆန်တက်သော ငါးမျိုးစိတ်လည်းဖြစ်သည်။

     ကဘီလူးငါးမှာ ငါးဇင်ငါးနှင့်မျိုးနွယ်တူဖြစ်ပြီး ရေပေါ်ကူး၊ ရေပေါ်ရေလွှာနေ (pelagic fish) များဖြစ်ကြပြီး အကြေးခွံမှာ ငွေမှင်ရောင်တောက်ပကြသည်။ ကမ္ဘာအနှံ့အပြားရှိ အပူပိုင်းနှင့် အပူပိုင်းလျော့ပိုင်းဒေသရှိ ကမ်းရိုးတန်းရေပြင်တို့တွင် တွေ့ရှိရပါသည်။

    ကဘီလူးငါး၏ခန္ဓာကိုယ်အရွယ်အစားမှာ ပုံမှန်အားဖြင့် (30-35) cmရှိကြသည်။ အမြင့်ဆုံးအလျှားမှာ (100) cmခန့်ရှိပြီး အလေးချိန်အားဖြင့် (8) kg ထိရှိကြသည်။

    ကဘီလူးကို ရခိုင်လို “ငါးကင်ကျိုင်း (သို့) ငါးကန်သား”ဟု ခေါ်ဆိုကြပါသည်။ အမေရိကန်ငါးလုပ်ငန်းအသင်းအခေါ်အဝေါ်မှာ ”Flathead Mullet”၊ “Striped Mullet “ဟု သိရပြီး အခြားနိုင်ငံအခေါ်အဝေါ်များမှာ” black mullet,bully mullet, commonmullet, grey mullet, sea mullet and mullet ဟူ၍စသဖြင့် ခေါ်ဝေါ်ကြပါသည်။

     မြန်မာလို ခေါ်ဝေါ်သုံးစွဲနေကြသော “ကဘီလူး”မှာ မွန်ဝေါဟာရဖြစ်ပြီး မွန်ဘာသာစကားအရ 'က' ဆိုသည်မှာ “ငါး”ဟု အဓိပါယ်ရပြီး မြန်မာဝေါဟာရ“ဘီလူး”နှင့်ပေါင်းစပ်ကာ “ကဘီလူး” ဟု ခေါ်ဆိုကြကြောင်း မွန်စာပေများတွင် ဖတ်မှတ်ခဲ့ရဖူးပါသည်။ 

     ကဘီလူးငါးမှာ ရေငန်နှုန်းအတက် အကျကို ခံနိုင်ရည်ရှိသောငါးဖြစ်ပြီး အခြားငါးမျိုးစိတ်များကဲ့သို့ ရေအောက်တွင် ကြာရှည်မနေကြဘဲ ရေပြင်ထက်သို့ ခေါင်းဖော်၍ ကူးခတ်သွားလာတတ်ကြသည်။ ပင်လယ်ဒီရေတက်လာချိန်၌ ဒီရေနှင့်အတူ မြစ်တွင်းသို့ အုပ်သင်းဖွဲ့၍ ဝင်ရောက်လာတတ်ကြပြီး ပင်လယ်ပိုင်းတွင် မျိုးပွားသားပေါက်ကြသည်။ ပင်လယ်မှာပေါက်ဖွားကြပြီး မြစ်တွင်းသို့ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လာကြပါသည်။

     ကဘီလူးငါးများမှာ အစုံစား (Omnivorous) များဖြစ်ကြပြီး အကောင်မျှောလှေး (zooplankton)၊ ရေညှိရေမှော် (algae)၊ အခွံမာရေသတ္တဝါငယ်လေး (small crustaceans)၊ ခြင်သားလောင်း (mosquito larvae) စသည်တို့ကို သူတို့၏အစာအဖြစ် စားလေ့ရှိကြသည်။ 

     ကဘီလူးငါးမှာ အသားနူးညံ့ပြီး ဆူဖြိုးသောငါးဖြစ်သဖြင့် အရသာထူးခြားကောင်းမွန်လှပါသည်။ ဒေသခံများမှာ ကဘီလူးငါးကို ဆီပြန်ဟင်း၊ ကြော်စား၊ သောက်ဆမ်း၊ ခရမ်းချဥ်သီး (သို့) မုန်လာဥဖြူဖြင့် ဆီကျန်ရေကျန်အစပ်ဟင်း ချက်စားခြင်းအပြင် ကဘီလူးငါးကို အခြောက်လှန်း၍ ကဘီလူးခြောက်လည်း ပြုလုပ်စားသုံးကြပါသည်။

    ကဘီလူးငါးနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် (Scientific Classification) မှာ အောက်ပါအတိုင်းဖြစ်သည်။

Phylum (မျိုးပေါင်းစု) - Chordata

Class (အမျိုးအစား) - Actinopterygii

Order (မျိုးစဥ်) - Mugiliformes

Family (မျိုးရင်း) - Mugilidae

Genus (မျိုးစု) -Mugil

Species(မျိုးစိတ်) -M.cephalus ဟူ၍ဖြစ်ကြပါသည်။ 

ပင်လယ်ပြာ(ငါးဦးစီး)

2
နှင်းဖြူဖြူ

နှင်းဖြူဖြူ

လွန်ခဲ့သော ၄ နှစ် က

ကဘီလူးငါးက မွေးမြူလို့ မရသေးပါ

Aung kyaw zaw

Aung kyaw zaw

လွန်ခဲ့သော ၄ နှစ် က

ငါးစားကျွေးဘာလိုကျွေးရလဲ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....