“ Jellyfish ဟု လူသိများသော ရေခူများ”
ဂျယ်လီဖစ်(ရှ်) ဟု လူသိများလှသော ရေခူများမှာ အလွန်အံ့ဖွယ်ကောင်းသော ရေသတ္တဝါတစ်မျိုးဖြစ်ပြီး ၎င်းတို့၏ ထူးခြားချက်မှာ ကမ္ဘာမြေပေါ်တွင် လွန်ခဲ့သော နှစ်သန်းပေါင်း ၆၅၀ တည်းက စတင်ဖြစ်တည်ခဲ့ပြီး ဒိုင်နိုဆောသတ္တဝါကြီးများထက် နှစ်သန်းပေါင်း ၄၀၀ ကျော် ပိုစော၍ ဖြစ်တည်ခဲ့ခြင်းပင် ဖြစ်သည်။
ရေခူများမှာ အလွန်သေးငယ်သော ကျောရိုးမဲ့ရေသတ္တဝါအုပ်စုဝင် zooplankton များဖြစ်ကြသည်။ zooplankton(အကောင်မျှောလှေး)ဖြစ်သော Jellyfish များမှာ ရေစီးကြောင်းနှင့် အတူမျောပါနေထိုင်ကြပြီး အနည်းငယ် ကူးခတ်သွားလာနိုင်စွမ်းလည်း ရှိကြပါသည်။
မြန်မာနိုင်ငံတွင် ရေခူများကို မြိတ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတို့တွင် တွေ့ရများပါသည်။ ရခိုင်ကမ်းရိုးတန်းတွင် ဧပြီလမှ ဇူလိုင်လအထိ ပင်လယ်ပြင်အတွင်း ရေငန်ပါဝင်မှုနှုန်း မြင့်မားလေ့ရှိသဖြင့် ထိုကာလ၌ ပင်လယ်ရေခူပေါ်ချိန်ဖြစ်ကြောင်းသိရသည်။ ဒေသခံရေလုပ်ငန်းရှင်များမှာ ၎င်းရေခူများအား ဆယ်ယူကာ ၁၀ ပေခန့်ရှိသော ကန်များတွင် ထည့်စိမ်ပြီး အဆင့်ဆင့် အသင့်စားသုံးနိုင်သည်အထိ ပြုလုပ်ကြကြောင်း သိရသည်။
ပင်လယ်ရေခူအမျိုးအစားများတွင် ဒေသအခေါ် ငါးထီး၊ ရေဖန်ခွက်နှင့် ဆံပင်ချည်တို့မှာ တပေါင်းလတွင် ပင်လယ်ဒီရေနှင့်အတူ မြစ်တွင်းသို့ ချဥ်းနင်းဝင်ရောက်လာကြပြီး ငါးထီးမှာ ဆေးကုလားမတုံးလို အဖြူရောင် အတုံးလိုက်၊ အခဲလိုက် ရေပေါ်တွင် ပေါလောမျောပါလာတတ်ကြသည်။ ရေဖန်ခွက်မှာ ကတော့ပုံသဏ္ဍာန်ရှိသည်။ ရေတက်နှင့် ပါလာတတ်ကြသည်။ အဆိပ်ရှိရေသတ္တဝါမှာ ရေဖန်ခွက်များ ဖြစ်ကြပါသည်။
အဆိပ်အပြင်းဆုံးရေခူမှာ ဆံပင်ချည်များကဲ့သို့ အမျှင်ငယ်လေးများစွာ သွယ်တန်းလျက်ရှိပြီး ရေပြင်တွင် အလွယ်တကူ မမြင်နိုင်သည့်အတွက် ခန္ဓာကိုယ်၏ မွေးညင်းပေါက်ရှိသည့်နေရာတွင် ထိမိသည်ဆိုရုံမျှဖြင့် အဆိပ်တက်တော့၏။ သေလုမတတ် အခံရခက်၏။ ရေခူများ၏ စိမ်းလဲ့လဲ့အရောင်ရှိသော အဆိပ်မှာ ကျောက်ချဥ်နှင့် စိမ်လျှင် ပျောက်၏။ တံငါဆေးမြီးတိုအနေဖြင့် ရေခူထိလျှင် အုန်းစိမ်းရေသောက်၊ စအိုဝမီးမြိုက်လျှင် လက်တွေ့သက်သာသည် ဟုဆို၏။ ရေခူများမှာ ကျောက်ဆောင်များတွင်လည်း တွယ်ကပ်နေလေ့ ရှိကြပါသည်။

ကမ္ဘာပေါ်တွင် ရေခူ (Jellyfish) မျိုးစိတ်ပေါင်း (၃) သိန်းကျော်ခန့်ရှိသည်ဟု သိရပါသည်။ ထိုမျိုးစိတ်များတွင် Turritopsis Dohrnii မျိုးစိတ်သည် ထူးခြားလှပြီး ထာဝရမသေဘဲ ရှင်သန်နိုင်သော ရေခူဟုဆိုကြပါသည်။ ထိုရေခူမှာ အရွယ်အစား ဗျက် ၄ မီလီမီတာခွဲခန့်သာရှိပြီး အလွန်သေးငယ်လှသော်လည်း ၎င်းတို့၏ဘဝတွင် သေဆုံးတော့မည့် အချိန်တွင် အရွယ်မရောက်သေးသောဘဝသို့ ပြန်ပြောင်းပြီး ထပ်မံကြီးထွားလာကြပါသည်။ သိပ္ပံပညာရှင်များသည် အဆိုပါဖြစ်စဥ်ကို အဆိုပါရေခူမှ အကြိမ်ကြိမ်အထပ်ထပ် ပြန်လည်ပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လုံးဝမသေဘဲ ထာဝရအသက်ရှင်နိုင်သည်ဟု ယူဆခဲ့ကြပါသည်။
ရေခူ(Jellyfish) မှာ စား၍ရသော ပင်လယ်စာတစ်မျိုးဖြစ်ပြီး ရေခူအချိုသုပ်၊ အစပ်သုပ် သုပ်စားကြပါသည်။ အများအားဖြင့် အစိုထက် အခြောက်ကို သုပ်စားခြင်းဖြင့် အထူးနှစ်သက်ကြပေသည်။ ဒေသတွင်လည်း ငါးဖန်ခွက်ဟု လူသိများလှသော ရေခူမျိုးမှာ အဆိပ်ရှိသော်လည်း အလွန်စားကောင်းလှပေသည်။ ရေခူသုပ်မှာစားရတာ ထုတ်ထုတ်အိအိလေးနှင့် အရသာရှိလှပါသည်။ ထမင်းဖြင့်စားစား၊ ဒီတိုင်းစားစား အဆင်ပြေစေသည့် စားစရာဖြစ်သည်။ ရေခူများမှာ ဈေးလည်းသင့်ပါသည်။
ထားဝယ်၊ မောင်းမကန် ကမ်းခြေမှာစားခဲ့ဖူးသည့် ရေခူသုပ်မှာ ရေခူ၊ ကြက်သွန်ဖြူ / နီ၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ပုစွန်ခြောက်၊ သံပုရာရည်၊ ဟင်းခတ်မှုန့်၊ ရှောက်ရွက်၊ ဆီအနည်းငယ်ဖြင့် သုပ်ထားသည့် ထားဝယ်ရေခူသုပ်မှာစား၍ အလွန်ကောင်းလှပြီး ခံတွင်းမြိန်လှပါသည်။ ရေခူကို ရိုးရိုးရေဖြင့်စိမ်ထားပြီးလျှင် အငန်ဓါတ်တွေ ထွက်သွားအောင်ပွတ်ဆေး၊ ရေကြည်သွားလျှင် ဒယ်အိုးထဲ အပူပေးရပါသည်။ ပြီးမှ သုပ်စားကြပါသည်။

ရေခူကို စားသုံးခြင်းဖြင့် ဥာဏ်ရည်တိုးပွားစေခြင်း၊ အသားအရည်နုပျိုစေခြင်း၊ ပရိုတင်းနှင့် အမိုင်နိုအက်ဆစ်များပါဝင်ပြီး အဆီဓါတ်နည်းခြင်းစသည့် ကျန်းမာရေးကောင်းကျိုးများ ရရှိလာနိုင်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....