စျေးကွက်ဝင်……..ဂုံးများ
ဂုံး (clam) ဆိုသည်မှာ အခွံနှစ်ခြမ်းရှိသော ခရု၊ ကမာ၊ ယောက်သွားတို့လို bivalve molluscs များဖြစ်ကြသည်။ ဂုံးအပါအဝင် ခရု (molluscs)၊ ကမာ (oyster)၊ ယောက်သွား (mussels) စတဲ့ Molluscs အုပ်စုဝင်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅၀၀ ကျော်လောက်တည်းက ကမ္ဘာမြေပေါ်တွင် တည်ရှိခဲ့ကြပြီး တချို့ခရုကမာများမှာ နှစ်ပေါင်း ၅၀၀ ခန့်ထိ အသက်ရှည်နေထိုင်နိုင်ကြသည်ဟု မှတ်တမ်းများအရ သိရပါသည်။
ဂုံးတွင် သွေးဂုံး၊ ဂုံးစိမ်း(ယောက်သွား)၊ ဂုံးချော(ရှပ်ခရု)စသဖြင့် အမျိုးမျိုးရှိကြပြီး သွေးဂုံးကို ရခိုင်လို “ဂုံးသကြေး”လို့လည်း ခေါ်ကြပါသည်။
ဂုံးကို ရေကန်၊ မြစ်ချောင်းများတွင်တွေ့ရှိရသလို နုန်းစပ်သဲပြင်များတွင်လည်း တိုး၍ နေတတ်ကြသည်။
ဂုံးမှာ ဘဲဥပုံဆင်ဆင်ရှိ၍ ရှပ်ကောင်မှာ သုံးထောင့်ချွန်း ဆင်ဆင်ဖြစ်နေသော ဂုံးတစ်မျိုးဖြစ်သည်။ရှပ်(ဂုံးချော)မှာ ပင်လယ်ကမ်းစပ်တွင် ရေကျစ၌ နုန်းသဲလွှာအောက်တွင် တိုးဝင်နေတတ်၍ စူးထိုးကာ ရှာဖွေဖမ်းယူကြသည်။
ဂုံးသည် အခွံမာသော်လည်း ပါးလွှာ၍ ရေချိုတွင်အတွေ့ရများသည်။ အခြားနိုင်ငံများတွင် ဂုံးအသားကိုထုတ်၍ စည်သွပ်ရောင်းချကြသည်။
မြန်မာနိုင်ငံတွင် ဂုံးများကို ရခိုင်၊ တနင်္သာရီနှင့် ဧရာဝတီဒေသတို့တွင် ဖမ်းဆီးရမိကြပြီး ထိုင်းနိုင်ငံသို့ တင်ပို့ကြပါသည်။ သွေးဂုံးကိုဖမ်းယူရာတွင် စက်လှေပေါ်မှ ချိတ်ဖြင့်ဆွဲ၍ ပိုက်ချကာဖမ်းသည့် နည်းစနစ်ဖြင့် သဲများတွင်နစ်နေသည့် သွေးဂုံးများကို ဖမ်းယူကြရသည်ဟု ဂုံးဖမ်းသူရေလုပ်သား၏ ပြောပြချက်အရ သိရပါသည်။ သွေးဂုံးကို ထိုင်းနိုင်ငံတွင် အမျိုးသားများအစားများကြသည်ဟု သိရပါသည်။ သွေးဂုံးမှာ ပြုတ်လိုက်တာနှင့် အထဲမှာ သွေးရောင်သန်းလာတတ်သော သဘာဝရှိကြသည်။
ယခုအခါ နိုင်ငံတော်တော်များများတွင် ဂုံးကောင်(ကမာ)ကို လူတော်တော်များများ စားသုံးမှုများလာကြသည်။ မြန်မာနိုင်ငံတွင်လည်း ဂုံးကောင်ကို သုပ်စား၊ ကင်စား၊ ပြုတ်စား၊ ထောင်းစား၊အခြောက်လှန်းစား၊ ဟင်းချက်စား ကြပါသည်။
ဂုံးကောင်၏ ဂုဏ်သတ္တိမှာ အေး၏။ အရသာမှာ ငန်၏။ အသည်းနှင့် ကျောက်ကပ်တို့အတွက် ကောင်းကျိုးပေး၏။ ဂုံးကောင်ကို အသက်ကြီးငယ်မရွေး စားသုံးနိုင်သည်။ အထူးသဖြင့် ကိုလက်စထရောများသူ၊ သွေးတွင်း အဆီများသူ၊ ဂလင်းရောင်သူ၊ လေပြွန်ရောင်သူ၊ အစာအိမ်ရောဂါရှိသူတို့ စားသုံးသင့်သည်။ သို့သော် ယခင်က အနာရောဂါဟောင်းရှိတက်သူ၊ သရက်ရွက်၊ အစာအိမ်အားနည်း၍ အေးတတ်သူများ သိပ်များများမစားသင့်ပါ။ သတိထားရန်အနေဖြင့် ဂုံးကောင်ကို ဗီတာမင် B1 စားသုံးနေချိန်တွင် မစားရပါ။
ဂုံးကောင်ကို စားသုံးရန် ပမာဏ - ဂုံးကောင်ကို တစ်ကြိမ်စားလျှင် ၅ ကောင်မှ ၁၀ ကောင်အထိစားနိုင်ပါသည်။
ဂုံးကောင်၏ အကျိုးကျေးဇူးများမှာ-
ဂုံးကောင်ထဲတွင် ဗီတာမင်နှင့် အာဟာရဓာတ် ပြည့်ဝစွာပါဝင်သည်။ ဂုံးကောင်ကို စားသုံးပြီးနောက် အေးမြလန်းဆန်းသောခံစားချက်ကို ရရှိစေနိုင်သည်။ ဂုံးကောင်သည် စိတ်ရှုပ်ခြင်းနှင့် ဦးနှောက်ရောဂါတို့ကို ဖယ်ရှားပေးနိုင်သည်။ ဂုံးသားစားခြင်းကြောင့် အပူကင်းစေနိုင်သည်။ ဂုံးကောင်တွင် ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ အမိုင်နိုအက်ဆစ်၊ Taurine ဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် E၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ခယ်လီယမ်၊ မီးစုန်းဓာတ်၊ ဇင့်ဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။
ဂုံးကောင်စားခြင်းဖြင့် အသားဝါခြင်း၊ ရေဖျဉ်းစွဲခြင်း၊ လည်ပင်းကြီးရောဂါ၊ သွေးယိုခြင်း၊ အဖြူဆင်းခြင်း၊ ဆီးချိုရောဂါတို့ကိုလည်း ပျောက်ကင်းစေနိုင်သည်။ ဆီးသွားခြင်းကိုလည်း ကောင်းကျိုးပေး၏။ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဗီတာမင်၊ သတ္ထုဓာတ်၊ အမိုင်နိုအက်ဆစ်တို့ပါဝင်မှုကြောင့် အပူကျစေကာ လူကြီးများတွင်ဖြစ်ပွားသော နာတာရှည်ရောဂါကို ကူညီကုသပေးနိုင်သည်။
ဂုံးကောင်ရွေးဝယ်ရာတွင် လက်ဖြင့် တစ်ကောင်ချင်းကိုင်၍ လှုပ်ကြည့်ပါ။ ဂုံးကောင်အတွင်းမှာ “ ဂလောက်” “ ဂလောက်” ဟု မြည်သံကြားပြီး အလေးချိန်မှာ ပေါ့ပါးနေလျှင် သေပြီးသားအကောင်ဖြစ်၏။ အသေကို ရွေးဝယ်ပါ။
ဂုံးကောင်ကို ရက်ရှည်ထား၍ သိမ်းဆည်းလိုပါက - ဂုံးကောင်ကို ဆားရည်ထဲတွင်စိမ်၍ ထားပေးပါ။
ဂုံးကောင်ကို အသုံးပြုမည်ဆိုပါက - အသုံးမပြုခင် ဂုံးကောင်ကို ဆားရည်ဖြင့် တစ်နာရီကြာစိမ်ပြီးမှ ချက်ပြုတ်စားသောက်ပါ။
ပင်လယ်ပြာ(ငါးဦးစီး)
Ref: Wikipedia
နှင်းဖြူဖြူ
လွန်ခဲ့သော ၃ နှစ် ကအခွံကို အလှဆင်ပစ္စည်းပြုလုပ်ကြပြီး ဧည့်ခံမှာထားတာတို့၊ လက်ဆောင်ပေးတာတို့ ရှိပါတယ်။
ကိုပိုင်ကြီး
လွန်ခဲ့သော ၃ နှစ် ကယောက်သွားအခွံကဘယ်နေရာတေမှာသုံးလိုရလဲအမှုန်ကြိပ်ပြီးအရိုးမှုံ့အစားထိုးစိုက်ပျိုးရေမှာသုံးလိုရလား ဘာဓာတ်တေပါလဲသိချင်ပါတယ်n.p.kပေါ့
နှင်းဖြူဖြူ
လွန်ခဲ့သော ၄ နှစ် ကရပါတယ် ။ဂုံးစိမ်းလို့လည်း ခေါ်တယ်။
su su khaing
လွန်ခဲ့သော ၄ နှစ် ကယောက်သွားများကိုရောစားလို့ရပါသလား
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....