တိုင်းရင်းငါးငယ်ကလေးများမှ ငါးငယ်တစ်မျိုးဖြစ်သည် ငါးဘဲဖြူအား အိမ်၌ တစ်ပိုင်တစ်နိုင် မွေးမြူ ထုတ်လုပ်နိုင်ပါပြီ
MYCulture စီမံကိန်းကို အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေ အဖွဲ့(Livelihoods and Food Security Trust Fund (LIFT) မှ ရန်ပုံငွေ ထောက်ပံ့ပေး ပြီး၊ WorldFish အနေဖြင့် စီမံကိန်း၏ မိတ်ဖက်အဖွဲ့ အစည်းများဖြစ်သည် ငါးလုပ်ငန်းဦးစီးဌာန(DoF)၊ ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့ NAG (Network Activities Group)၊ GRET (Professional for fair development) နှင့် ပက်ပ်မြန်မာ(PACT Myanmar) တို့ ပူးပေါင်းပြီး မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံ အ လယ်ပိုင်း အပူပိုင်းဇုန်ဒေသကြီးတို့တွင် ငါးမွေးမြူရေးလုပ်ငန်း ပိုမိုတိုးတက်ရေရှည် တည်တံ့စေရေးအတွက် ပူးပေါင်းလုပ်ဆောင်နေပါသည်။
စီမံကိန်း၏ ငါးမွေးတောင်သူ တစ်ဦး ဖြစ် သည် အသက် (၂၁)နှစ်အရွယ်ရှိပြီး သားသမီး (၃)ဦး ထွန်းကားသည့် ဒေါ်အေးဝင်းသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဖျာပုံမြို့နယ်၊ မယ်ညိုကျေးရွာတွင် နေထိုင်ပါသည်။ ဒေါ်အေးဝင်းနှင့် သူမ၏ အိမ်နီးချင်းမှာ worldFish Myanmar ၏"မိတ်ဖက်အဖွဲ့အစည်း တစ်ခုဖြစ်သည် (NAG)ပေါင်းစုလုပ် အား ပညာပေးရေး အဖွဲ့မှ ဦးဆောင်သည့်ငါးငါးမွေးမြူရေးသင်တန်းများတွင် တက်ရောက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ငါးမွေးမြူရေးသင်တန်းမှ ပို့ချသည့် ငါးမွေးမြူ ရေးဆိုင်ရာ (ဥပမာ အသားတိုး ငါးမွေးမြူခြင်း၊ ငါးငယ်ကလေးများမွေးမြူခြင်း) နည်းပညာများ၊ ဗဟုသုတ များ သင်ယူခဲ့ပြီး တိုင်းရင်းငါး ငယ်ကလေးများထဲမှ တစ်မျိုးဖြစ်သည့် ငါးဘဲဖြူမွေးမြူနည်းများမှာ ထပ်မံ သင်ယူ ရရှိခဲ့ကြောင်း ပြောပြပါသည်။
ငါးဘဲဖြူဆိုသည်မှာ အဏုအာ ဟာရ ကြွယ်ဝသည့် တိုင်းရင်းငါးငယ်အမျိုးအစားထဲမှ တစ်မျိုး ဖြစ်ပါသည်။ ယေဘူယျ အားဖြင့် ငါးဘဲဖြူအား ချက်ပြုတ်ဖို့ ပြင်ဆင်သည့် အခါတွင် ငါး၏ဦးခေါင်းကို ဖြတ်ထုတ်ဖယ်ပစ်တတ်ကြပါသည်။ သို့သော် ယခုအခါ သူမသည် ငါးဘဲဖြူတစ်ကောင်လုံး (ဦးခေါင်းအပါအဝင် အရိုးပါမကျန်) စားသုံးခြင်းသည် ကိုယ်ခန္ဓာအတွက် လိုအပ်သည့် အာဟာရများဖြစ်သည် ပရိုတင်း၊ ဗိုက်တာမင်အေ၊ ကယ်လ်စီယမ်၊ ဇင့်၊ တိုင်းရင်းငါးငယ်ကလေးများအား ဦးခေါင်း၊ အတောင်၊ အပြီးနှင့် အခြားအင်္ဂါများ ဖယ်ရှားခြင်းမပြုဘဲ၊ အာဟာရဓါတ် မဆုံးရှုံးမှာ မည်သို့ သံဓါတ်နှင့်” ဖက်တီအက်ဆစ် စသည်တို့ကို ရရှိစေသည့်အချက်ကိုလည်း သိရှိသင်ယူခဲ့ရပါသည်။ သင်တန်းပို့ချသူ ဆရာ/မ များမှ ချက်ပြုတ်ရမည်ကို သင်ကြားပို့ချပေးခဲ့ပါသည်။ သင်ကြားပို့ချပေးခဲ့သည့်အတိုင်း သူမသည် မိမိအိမ်တွင် ပြန်လည်အသုံးချချက်ပြုတ်ခဲ့ပါသည်။
ယခုအချိန်တွင် သူမသည် မိသားစုတွင် ပြန်လည်လက်တွေ့အသုံးချသည်သာမက အိမ်နီးချင်းများနှင့် ရွာရှိအခြား မိခင်များအား သူမ သင်ယူခဲ့သည်များနှင့် လက်တွေ့အသုံးချနေသည် ချက်ပြုတ်နည်းများအား ပြန်လည်ဝေငှ သင်ကြားပေးနေသူ တစ် ဦးလည်း ဖြစ်ပါသည်။ သူမထံသို့ သွားရောက်မေးမြန်းသည့်အချိန်တွင် သူမသည် ငါးဘဲဖြူးအား ငါးကန်ထဲတွင် အစဉ်မပြတ် ထိန်းသိမ်း ကာ ထည့်သွင်းမွေးမြူနိုင်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံများကို ပြောပြပါသည်။ ပြီးခဲ့သည့် ငါးမြစ်ချင်း ဖော်သည်ကာလတွင် သူမ သတိထားမိသည်မှာ အရွယ်ရောက်ပြီးသား ငါးဘဲဖြူများကို တွေ့ရှိရပြီး ထိုအရွယ်ရောက်ပြီးသား ငါးဘဲဖြူများသည် နောက်တစ်ဖန် ပြန် လည်မျိုးပွားဖို့ရန်အတွက် ထိန်းသိမ်းဖို့ရန် လိုအပ်သည်ကို သိရှိနားလည်ခဲ့ပါသည်။ အရွယ်ရောက်ပြီးသား ငါးဘဲဖြူ အကောင်(၃၀) အား ယက်သဲ့ (သို့) ဒိုင်းဝန်းဟု ခေါ်သော ပိုက်ဇကာငယ်ဖြင့် ဖမ်းဆီးပြီး အခြား စပါးခင်းနှင့်အတူ ငါးပါ မွေးမြူနိုင်သည့်နေရာသို့ မြန်မြန် ပြောင်းရွေ့ထည့်သွင်းခြင်းဖြင့် ငါးဘဲဖြူမျိုးအား မိမိငါးကန်တွင် အစဉ်မပြတ် မွေးမြူနိုင်စေရန်အတွက် အကျိုးရှိစေသည်ကိုလည်း သိရှိနားလည်ခဲ့ပါသည်။
ငါးဘဲဖြူအား ဖမ်းဆီးပြီး အခြားနေရာတစ်ခုသို့ မြန်နိုင်သမျှ မြန်နိုင်အောင် ပြောင်းရွှေ့ ထည့်သွင်းခြင်းသည် ရှင်သန်နှုန်းကို မြှင့်တင်ပေးနိုင်ကြောင်းကိုလည်း သူမ ထပ်မံနားလည် သိရှိခဲ့ပါသည်။
ငါးဘဲဖြူ (၆)လ ကာလအချိန်ကြာ မွေးမြူခဲ့သည့် သူမ၏ အတွေ့ အ ကြုံနှင့် သင်တန်းတက်ရောက်ခဲ့မှုများအပေါ် အခြေခံပြီး၊ “ငါးဘဲဖြူမွေးမြူခြင်းဖြင့် အကျိုးရရှိမှုများကို သိရှိနားလည်ခဲ့ပါသည်။ ငါးငယ် ကလေးများကို မွေးမြူခြင်းသည် လွယ်ကူပြီး နည်းပညာနှင့် အစာ အထွေအထူး မလိုအပ်ဘဲ မွေးမြူနိုင်သည်၊ ငါးငယ်ကလေးများသည် အသားတိုးငါး (သို့) အခြားငါးကြီးများ နှင့် ရောနောမွေးမြူနိုင်သည်။ (ဥပမာ- ငါးဘဲဖြူနှင့် ငါးမြစ်ချင်းကိုတွဲပြီးမွေးမြူနိုင်သည့် အတွက် သူမ သည် ငါးမျိုးစိတ်များ ရောနှောမွေးမြူသည်နည်းပညာကို အသုံးပြုနိုင်ပါသည်။) အရေးပါသည့်အချက်မှာ တိုင်းရင်းငါးငယ်ကလေးများ ကို စားသုံးခြင်း သည် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအပါအဝင် မိသားစုတစ်စုလုံးအတွက် လိုအပ်သည် အဏုအာဟာရကို လုံလောက်စွာ ရရှိစေနိုင်သည့် အချက်ပင် ဖြစ်ပါသည်။
အဆိုပါ လွယ်ကူစွာ မွေးမြူနိုင်ခြင်း၊ အာဟာရဓါတ်ပြည်ဝစွာ ရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် သူမသည် ငါးဘဲဖြူကို သူမငါးကန်တွင် ဆက်လက်မွေးမြူနိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။ သူမသည် မြေနေရာ ထပ်မံရှိပါက (သို့) အခွင့်အခါ ရပါက ငါးဘဲဖြူအား အခြားကန်များနှင့် (သို့) အခြားခြံမြောင်းများတွင် တိုးချဲ့ မွေးမြူလိုကြောင်း ပြောကြားခဲ့ ပါသည်။ သူမသည် ယခုအချိန်အခါတွင် အခြားငါးမွေးတောင်သူများအား ငါးဘဲဖြူ နှင့် အခြားငါးများ ဥပမာ - ငါးမြစ်ချင်းနှင့် ရောစပ်မွေးရန် မဖြစ်နိုင်ဟု သံသယရှိသည့် ငါးမွေးတောင်သူများအား ငါးဘဲဖြူ မွေးမြူလာနိုင်ရေးနှင့် တိုင်းရင်းငါးငယ် ကလေးများ မွေးမြူခြင်းဖြင့် သူမ တိုက်တွန်း အားပေးနေလျက် ရှိပါသည်။
" သင်၏ အိမ်ပတ်ဝန်းကျင်တွင် ရေအလွယ်တကူ ရရှိပြီး ခြံမြောင်းများ (သို့) စပါးစိုက်ခင်းများ ရှိပါကငါးဘဲဖြူ မွေးမြူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ငါးဘဲဖြူမွေးမြူရေးသည် လွယ်ကူပြီး သင်၏ မိသားစုကျန်းမာရေးအတွက် အထောက်အပံ့ပေး ပါသည်။ ပူပြင်းသည်ရာသီများ ရောက်ရှိလာသည်အခါ (သဘာဝငါးရှားသည်ကာလ)တွင်လည်း သင်သည် မိသားစု ဟင်းစား အတွက် စိုးရိမ်စရာ မလိုဘဲ သင်၏ကိုယ်ပိုင် ငါးမွေးကန်မှ ဟင်းစားအတွက် အလွယ်တကူ ရရှိပြီး ချက်ပြုတ်စားသုံး နိုင်ပါသည်။ "
My Culture
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....