ရှော့တိုက်မဖမ်းခြင်းဖြင့် သယံဇာတထိန်းသိမ်းမယ်
ငါးသယံဇာတများကို မျိုးပြုန်းတီးစေသော အကြောင်းရင်းများစွာအနက် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးခြင်းသည် အဆိုးရွားဆုံးဖြစ်ပါ၏။ အကြောင်းမှာ ၎င်းငါးဖမ်းနည်းသည် သဘာဝရေပြင်တစ်နေရာ၌ လျှပ်စစ်ဓာတ်လွှတ်ကာ ထိုအဝန်းအဝိုင်းရှိ ကြီးကြီးငယ်ငယ် ရေသတ္တဝါမှန်သမျှကို ဓာတ်လိုက်သေဆုံးစေပြီးမှ ဖမ်းယူခြင်းကြောင့် ဖြစ်ပါ၏။ အဆင်မသင့်ပါက ငါးရှာသူကိုယ်တိုင် ဓာတ်လိုက်၍ အသက်သေဆုံးရခြင်းမျိုးလည်း ရှိပါသေးသည်။
ကွန်ပစ်၊ ငါးမျှား၊ ပိုက်တား၍ ငါးရှာကြသည့် မိရိုးဖလာငါးဖမ်းနည်းများသည် ငါးများအပါအဝင် ရေသယံဇာတအားလုံးကို မျိုးသုဉ်းပျက်စီးသွားခြင်းမျိုး မဖြစ်ပေါ်စေပါ။ ကဏန်းထောင်၊ ငါးရှဉ့်ဖမ်း၊ ဒူးဖိ၊ လက်စမ်း၊ တစ်ဝမ်းတစ်ခါး ငါးရှာဖားရှာသူများကြောင့်လည်း ငါးများ ရှားပါးကုန်သည်ဟူ၍လည်း မရှိပါ။ အဘယ်ကြောင့်မှု ရေသတ္တဝါအားလုံးတို့သည် အသစ်တစ်ဖန် ပြန်လည်ပေါက်ဖွားခြင်းဖြင့် ရေသယံဇာတထုကို ပြန်လည် စုစည်းပေးနိုင်ကြ၍ ဖြစ်ပါ၏။
မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာကြည့်ကာ အဆိပ်အတောက်များချ၍ ငါးဖမ်းခြင်း၊ မိုင်းခွဲခြင်း၊ ငါးဖမ်းခြင်းနှင့် ဘတ္တရီရှော့တိုက်ငါးဖမ်းခြင်းမျိုးသည်ကား သဘာဝမြစ်ချောင်းအင်းအိုင်များအတွင်းမှ ငါးများအပါအဝင် အခြားသော ရေနေသတ္တဝါမျိုးစုံကို အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေပြီး အမှီသဟဲပြုရာ ငါးနေထိုင်ရာ ပတ်ဝန်းကျင်များ၊ ဂေဟစနစ်များကိုပါ ပျက်စီးစေကာ ရေသယံဇာတများအားလုံး မျိုးသုဉ်းပျေက်ကွယ်ကုန်ကြမည် ဖြစ်ပါသည်။
ငါးလုပ်ငန်းဦးစီးဌာနသည် နိုင်ငံပိုင် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်ရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်စားသုံးနိုင်ရေး အလို့ငှာ
(၁) ပေါက်ကွဲစေတတ်သည့် ပစ္စည်း၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများနှင့် ယင်းကဲ့သို့ အန္တရာယ်ဖြစ်စေသော ပစ္စည်းများဖြင့် ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း။
(၂) တားမြစ်ထားသော ငါးဖမ်းနည်း၊ ငါးဖမ်းကိရိယာဖြင့် ငါးဖမ်ခြင်း။
(၃) တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းဆီးခြင်း။
(၄) တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်းဟူ၍ ရေချိုငါးလုပ်ငန်းဥပဒေဖြင့် တားမြစ်ထားပါသည်။ ယင်းဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ် ကျပ် ၃၀၀၀၀ အထိ ဖြစ်စေ၊ ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည် ဖြစ်ပါသည်။
ကံကြီးလွန်း၍ ရှော့တိုက်ဓာတ်လိုက်ခြင်းဘေးမှ မသေဘဲ ကျန်ရစ်ပါကလည်း ၎င်းငါးသည် မျိုးပွားအင်္ဂါများ ပျက်စီးသွားသည်ဖြစ်ရာ မျိုးဆက်သားပေါက်ပွားခြင်း မပြုနိုင်တော့ဘဲ မျိုးသုဉ်းစားရင်းသို့ အလိုအလျောက် ဆိုက်ရောက်သွားပြီ ဖြစ်ပါ၏။
ယခုအခါတွင် ငါးမြင်း၊ ငါးမြင်းရင်း၊ ငါးကြောင်း၊ ငါးအုံတုံ တို့ကဲ့သို့ ငါးကြီးငါးကောင်းများ အပါအဝင် ရေချိုငါးမျိုးစိတ်အတော်များများများ ရှားပါးမျိုးသုဉ်းစာရင်းဝင်နေပြီ ဖြစ်ပါ၏။ သို့ဖြစ်၍ ယင်းသို့ နိုင်ငံပိုင်ရေသယံဇာတများ မျိုးပြန်းတီးသွားစေမည့် လုပ်ရပ်ဆိုးကြီးကို အမျိုးသားရေးတစ်ရပ်အသွင်ဖြင့် ကြပ်မတ်တားဆီးမှသာလျှင် အမြစ်ပြတ် လျော့ပါးနိုင်မည် ဖြစ်ပါ၏။
စံလွင် (ငါးဦးစီး) ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....