နို့ရှိန်ဖျားခြင်း
Milk fever နို့ရှိန်ဖျားခြင်းသည် ကယ်ဆီယမ်ဓာတ်မလုံလောက်မှုကြောင့်ဖြစ်သော ဇီဝကမ္မဗေဒလုပ်ငန်းဆိုင်ရာ ချို့ယွင်းမှုအရဖြစ်သည့် ရောဂါဖြစ်သည်။ နို့ရှိန်ဖျားခြင်းသည် အခြားသောရောဂါများနှင့်လည်း ဆက်စပ်ဖြစ်ပွားနိုင်သည်။
ဖြစ်ပွားရသည့်အကြောင်းအရင်း
🔸ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလ၊ မွေးဖွားခြင်း၊ နို့ဦးရည်ထုတ်လုပ်ခြင်း၊ နို့ဦးရည်ထုတ်ခြင်းနှင့် နို့ပေးကာလအစောပိုင်း စသည်တို့ကြောင့် ကယ်ဆီယမ်လိုအပ်ချက်မြင့်လာပါသည်။ သို့သော် ထိုအချိန်တွင် နွားမသည် ၎င်း၏အရိုးမှကယ်ဆီယမ်ကို ပြောင်းလဲသုံးစွဲနိုင်စွမ်းနှင့် အစာမှရရှိသည့် ကယ်ဆီယမ်ကို ကောင်းစွာစုပ်ယူနိုင်စွမ်း စသည့်တို့ လျော့နည်းနေချိန်လည်းဖြစ်သည်။ တချို့နွားများသည် လိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ကို လုံလုံလောက်လောက် ပြန်အစားမထိုးနိုင်ဘဲ နို့ရှိန်ဖျားခြင်းဖြစ်လာပါသည်။ အထူးသဖြင့် ထုတ်လုပ်မှုမြင့်တဲ့ နွားများတွင် ပိုအဖြစ်များပါသည်။
🔸နို့ရှိန်ဖျားခြင်းကို မွေးခါနီးနှင့် မွေးပြီး ၃ ရက်ပတ်လည်ခန့်တွင် တွေ့ရများသည်။ သို့သော် နွားမ၏ နို့ပေးနိုင်မှုအရ အစာကျွေးမှုစနစ်နှင့် ဖြည့်စွက်ဓာတ်ကျွေးမှုပေါ် မူတည်ပြီး အခြားသောအချိန်များတွင်လည်း ဖြစ်တတ်ပါတယ်။
🔸မတမ်းများထက် သားမွေးများသည့် နွားမကြီးများတွင် ပိုအဖြစ်များသည်။ နွားမကြီးများသည် နို့ပိုထုတ်ရခြင်း၊ အသက်အရွယ်အရ သွေးတွင်းကယ်ဆီယမ်ကို လျင်မြန်စွာ အစားထိုးနိုင်မှုအားနည်းခြင်း စသည်တို့ကြောင့်ဖြစ်သည်။
ရောဂါလက္ခဏာများ
အဆင့် (၁)
- အစာစားနှုန်းကျခြင်း
- ဂနာမငြိမ်ခြင်း၊ တုံပြန်မှုမြန်ခြင်း
- အားနည်းလာခြင်း
- လမ်းလျှောက်ရာတွင် နောက်ခြေများယိုင်လာခြင်း
အဆင့် (၂)
- ခေါင်းစင်းလာခြင်း (သို့) ခေါင်းကိုခန္ဓာကိုယ်၏ ဘေးဘက်သို့လှည့်နေခြင်း (S ပုံစံလှည့်နေခြင်း)
- နားရွက်ဖျားများ အေးစက်နေခြင်း
- နှားခေါင်းဖျားများ ခြောက်နေခြင်း
- လှမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်း
- ကြွက်သားများတုန်ခြင်း
- ဝမ်းချုပ်၊ ဆီးချုပ်ခြင်း၊ သာမန်ထက်အပူချိန်ကျခြင်း
အဆင့် (၃)
- မထနိုင်ဘဲလှဲနေခြင်း၊ အာရုံခံစားမှုအားနည်းလာခြင်း၊
နှလုံးခုန်နှုန်းမြန်လာခြင်း၊ နှလုံးခုန်သံတိုးလာခြင်း
ကုသခြင်း
🔸နို့ရှိန်ဖျားခြင်းဖြစ်နေသောနွားသည် ကုသမှုမရှိလျှင် သေဆုံးနိုင်သည့်အတွက် ကုသမှုကို မြန်နိုင်သမျှ မြန်မြန်ပေးရမည်။
ကယ်ဆီယမ် (calcium gluconate, calcium borogluconate. . .) ထောက်ပံ့မှုပေးရမည်။
ရောဂါ ပြင်းထန်မှုအခြေအနေပေါ်မူတည်၍ ကယ်ဆီယမ်ကို
- ပါးစပ်မှပေးခြင်း (Oral treatement)
- အရေပြားအောက်သို့ပေးသွင်းခြင်း (Subcutaneous administration)
- သွေးကြောထဲသို့ပေးသွင်းခြင်း (Intravenous injection) စသည်ဖြင့် ပေးနိုင်ပါသည်။
**သွေးကြောထဲသို့ပေးသွင်းရာတွင် သွေးခုန်နှုန်း/နှလုံးခုန်နှုန်းနှင့် ဆက်စပ်မှုရှိသောကြောင့် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ကုသသင့်သည်။
- မဂ္ဂနီဆီယမ်သည်လည်း ကယ်ဆီယမ်ထုတ်လုပ်မှုတွင် အရေးပါသည်။
ကာကွယ်ခြင်း
🔸နွား၏ ခန္ဓာကိုယ်အနေအထားသည် မဝလွန်း မပိန်လွန်းဖြစ်ရပါမည်။ ဝသောနွားသည် နို့ရှိန်ဖျားခြင်းဖြစ်နိုင်ခြေပိုများသည်။
🔸နို့ပေးကာလတွင် နွားနို့ထုတ်ပေးနေရသောကြောင့် အစာမှ ကယ်ဆီယမ်လုံလောက်စွာမရခြင်းကို ကာမိစေရန်အတွက် Di-calcium phosphate (DCP) ကို အစာတွင် ထည့်ကျွေးရသော်လည်း နို့နားကာလတွင် DCP ကိုမကျွေးရပါ။ နို့နားကာလတွင် နို့ထုတ်လုပ်ခြင်းမရှိသောကြောင့် ကယ်ဆီယမ်လိုအပ်ချက်သည် နို့ပေးကာလလောက်မလိုအပ်ပေ။
- နို့နားကာလတွင် DCP ကျွေးလျှင် ရရှိသည့်ကယ်ဆီယမ်သည် လိုအပ်ချက်ထက်များနေသောအခါ အူမှ ကယ်ဆီယမ်စုပ်ယူမှုနှင့် ကိုယ်တွင်းကယ်ဆီယမ်ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို လှုံ့ဆော်မှု အားနည်းသွားသည်။ နို့နားကာလမှ နွားကလေးမွေးပြီး နို့ပေးကာလသို့ ရုတ်ချည်းကူးပြောင်းချိန်တွင် ထိုအချက်သည် ထိခိုက်မှုဖြစ်စေသည်။
အကယ်၍ နွား၏ ခန္ဓာကိုယ်အခြေအနေနှင့် နို့ထွက်နှုန်းမြင့်စေချင်လျှင် နွားအဝလွန်တာလည်း မဖြစ်စေရန် energy ကိုအခြေခံပြီး ကျွေးရမည်။
နွားကလေးမွေးပြီးပြီးချင်းနှင့် နောက်ပိုင်းချိန်များတွင် Calcium feed supplements (DCP) ပေးခြင်းဖြင့် အထောက်အကူဖြစ်စေသည်။ (ထိုအချိန်များမတိုင်ခင် စောစွာမပေးရပါ။ နို့နားကာလတွင် မပေးရပါ။ အစာကျွေးမှုကိုကောင်းစွာစီမံပါ။)
MDEP
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....