ငါးကြင်းသားပေါက် (ငါးမှုံ/ငါးသန်) ပြုစုပျိုးထောင်ခြင်း စီမံခန့်ခွဲမှု
ငါးသားပေါက်ပြုစုခြင်း
ငါးကန်ငယ်များတွင် ဥမှပေါက်ပြီးစ ငါးမှုံများကို လက်ချောင်းအရွယ် (ငါးသန်) အထိ ပြုစုမွေးမြူခြင်းဖြစ်သည်။ သာမာန်အားဖြင့် ငါးသားပေါက်ပြုစုခြင်း (၂) မျိုးရှိပါသည်။
(က) ငါးကန် (၂) ကန်တွင် အဆင့် (၂) ဆင့်ခွဲခြားပြုစုခြင်း (ငါးမှုံပြုစုကန်နှင့် ငါးသန်ပြုစုကန်)
(ခ) ငါးကန်တစ်လုံးတည်းတွင် ငါးမှုံများကို ၁၀ -၁၅ ရက် ပြုစုပြီးပါက ငါးသန်ဖြစ်လာသည်။ ထိုငါးသန်များကို ကန်ရွှေ့ပြောင်းခြင်းမပြုပဲ ၎င်းကန်ထဲ၌ပင် ဆက်လက်ပြုစုခြင်း။
က။ အဆင့် (၂) ဆင့်ခွဲခြားပြုစုခြင်း
ငါးမှုံပြုစုကန်
ကန်ဧရိယာ ၀.၁၀ – ၀.၂၅ ဧက၊ ရေအနက် ၂.၅ – ၃ ပေ ရှိကန်တွင် ငါးမှုံများကို ၁၀ -၁၅ ရက် ပြုစုပြီး ၁ လက်မအရွယ် ငါးသန်များထုတ်လုပ်ခြင်းဖြစ်ပါသည်။
ငါးသန်ပြုစုကန်
ကန်ဧရိယာ ၀.၂၅ – ၁.၀ ဧက၊ ရေအနက် ၃.၀ – ၃.၅ ပေ ရှိကန်တွင် ၁ လက်မအရွယ် ငါးသန်များကို ၁.၅ – ၂ လမွေးမြူပြီး ၃ – ၃.၅ လက်မအရွယ် ငါးသားပေါက်များထုတ်လုပ်ခြင်း ဖြစ်ပါသည်။
က။ (၁) ပြုစုကန်ထိန်းသိမ်းစောင့်ရှောက်ခြင်း
ပြုစုကန် ပြင်ဆင်ခြင်း
ငါးသားပေါက်မထည့်မီ ငါးကန်ကိုအခြောက်ခံပါ။ ရွှံ့များကိုဖယ်ရှားပါ။ ကန်အောက်ခြေကို ရေပြင်ညီအောင်ညှိပါ။ကန်ဘောင်ပေါ်ရှိ ပေါင်းပင်များကိုလည်းရှင်းလင်းပါ။ ငါးကန်ကို မြေကြီးအက်ကွဲသည်အထိ ၁ – ၂ ပတ်ကြာ အခြောက်ခံပါ။ ထို့နောက်…
ထုံးဖြူးခြင်း - ငါးရိုင်းများနှင့် ရောဂါပိုးများကို ရှင်းလင်းရန် ကန်အတွင်း ရေမသွင်းမီ ၀.၀၁ ဧကလျှင် ၆၂.၅ ကျပ်သားနှုန်းထည့်ပါ။
ရေသွင်းခြင်း - ငါးရိုင်းများ၊ မြွေများ၊ ဖားများနှင့် ဂဏန်းများ မဝင်ရောက်နိုင်ရန် ရေဝင်ပေါက်တွင် ရေစစ်ဇကာ စနစ်တကျတပ်ဆင်ပြီး ရေသွင်းပါ။
ကန်ရေတွင် ထုံးထည့်ခြင်း - ကန်တွင်း ရေသွင်းပြီးပါက ၀.၀၁ ဧကလျှင် ထုံး ၁၆-၁၉ ကျပ်သားနှုန်း ထည့်ပါ။
မြေဩဇာထည့်ခြင်း - ထုံးထည့်ပြီး ၄-၅ ရက်ကြာပါက ၀.၀၁ ဧကလျှင် ယူရီးယား (သို့) ပုလဲဓာတ်မြေဩဇာ ၄.၇ ကျပ်သား၊ တီစူပါ ၉.၄ ကျပ်သားထည့်ပါ။ မြေဩဇာထည့်ပြီး ၄ ရက်ကြာထားပါ။
ငါးထည့်မည့်ကန်တွင် ဟာပါတပ်ဆင်ပြီး ငါးသန်အရွယ်သားပေါက် ၁၀ – ၁၅ ကောင်ခန့်ထည့်ပြီး ၄-၅ နာရီ စောင့်ကြည့်ခြင်းဖြင့် ရေတွင်အဆိပ်သင့်မှု ရှိ/မရှိ စစ်ဆေးပါ။
ငါးမှုံသားပေါက် စတင်ပြုစုခြင်း
၀.၀၁ ဧကလျှင် ငါးမှုံအလေးချိန် စုစုပေါင်း ၂-၃ ကျပ်သားနှုန်းထည့်ပါ။
ငါးသားပေါက်သယ်ယူခြင်း
- သန့်ရှင်းသောရေ ၁/၃ ပုံ၊ အောက်စီဂျင် ၂/၃ ပုံထည့်ထားသည့် ၂ x ၁.၅ ပေအရွယ် ပလတ်စတစ်အိတ်ဖြင့် ငါးသားပေါက် ၁၆ ကျပ်သားကိုထည့်၍ တင်းကြပ်စွာစည်းထားပြီး သယ်ယူပါက ၆-၈ နာရီကြာ သယ်ဆောင်နိုင်ပါသည်။
- မြေဩဇာထည့်ပြီး ၄ ရက်မြောက်နေ့ နံနက်ခင်းတွင် ငါးသားပေါက်များထည့်ပါ။
- ငါးသားပေါက်ထည့်ထားသည့် ပလတ်စတစ်အိတ်အတွင်းရှိရေနှင့် ငါးကန်အတွင်းရှိရေတို့၏ အပူချိန်များ မျှခြေရှိလာစေရန် ၂၅-၃၀ မိနစ်ခန့် ငါးကန်ရေတွင် ပလတ်စတစ်အိတ်ကို ဖွင့်မချပဲ မျောထားပါ။
- ပလတ်စတစ်အိတ်အတွင်းသို့ ကန်အတွင်းရှိရေကို ဖြည်းညှင်းစွာရောပေးပြီး ငါးများကို ဖြည်းညှင်းစွာလွှတ်ပါ။ ငါးများကို ပလတ်စတစ်အိတ်အပြင်သို့ ကူးခတ်၍ ထွက်သွားစေပါ။
ငါးသားပေါက်ထည့်ပြီးနောက် ဆောင်ရွက်ရန်ကိစ္စများ
- တစ်နေ့လျှင် ၂-၃ ကြိမ် အစာကျွေးပါ။
- မိုးအုံ့သည့်နေ့များတွင် အစာကျွေးခြင်း၊ မြေဩဇာထည့်ခြင်း မလုပ်ပါနှင့်။
- မနက်ခင်းတွင် ငါးသားပေါက်များ ရေပြင်ပေါ်တွင် လေရှူပါက ရေပန်းတပ်ဆင်ပါ (သို့) ရေထပ်ဖြည့်ပါ။ ထပ်ဖြည့်သည့်ရေကို ရေစစ်ဇကာဖြင့် ခံထားပါ။
ငါးကြင်းသားပေါက် ဖြည့်စွက်စာကျွေးမွေးခြင်း
ငါးစာကို တစ်နေ့အနည်းဆုံး ၂-၃ ကြိမ်ကျွေးပါ။ 
က။ (၂) ငါးသန်ပြုစုကန် ထိန်းသိမ်းခြင်း
ငါးကန်ပြင်ဆင်ခြင်း
ငါးမှုံကန်နှင့် ငါးသန်ကန်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များသည် အတူတူဖြစ်ပါသည်။ ၀.၀၁ ဧကတွင် ထည့်ရသည့် မြေဩဇာပမာဏသာ ကွာခြားပါသည်။
-
မြေဆွေး ၃ ပိဿာ ၇၅ ကျပ်သား - ၆ ပိဿာ ၂၅ ကျပ်သား
-
ယူရီးယား (ပုလဲ) ၆ -၉ ကျပ်သား
-
တီအက်စီ (တီစူပါ) ၆ -၉ ကျပ်သား
-
ပဲဖတ်/ နှမ်းဖတ် ၁၉ – ၃၁ ကျပ်သား
၀.၀၁ ဧကတွင် ပြုစုရမည့် ငါးသန်/ ငါးသားပေါက်ကောင်ရေ
ငါးမှုံပြုစုကန်မှ ငါးသန်/ ငါးသားပေါက်များကို ဖမ်းဆီးပြီး ငါးသန်ကန်အတွင်းသို့ နံနက်ခင်းတွင် ပြောင်းထည့်ပါ။
-
၁၅၀၀ - ၂၀၀၀ (တစ်လက်မအရွယ်)
-
၈၀၀ – ၁၀၀၀ (တစ်လက်မအထက်)
ငါးသားပေါက်များကို ပြုစုကန်ပတ်ဝန်းကျင်တွင် နေသားကျစေခြင်း
ငါးမှုံ ၁၀ -၁၅ ရက် ပြုစုပြီးပါက ငါးသန်ငယ်များ ရရှိနိုင်ပါသည်။ ထိုငါးသားပေါက်များကို ငါးသန်ကန်သို့ ရွှေ့ပြောင်းရာတွင် ပိုက်ဆွဲဖမ်းဆီးခြင်းနှင့် နေရာသစ်သို့ရွှေ့ပြောင်းခြင်းကြောင့် ဒဏ်သင့်ခြင်းမဖြစ်စေရန် ၂-၃ ရက်ခန့် ကြိုတင်လေ့ကျင့်ပေးရမည်။ ငါးငယ်များကို ခြင်ထောင်ဇာ (သို့) ဇာပြာပိုက်ဖြင့်ဖမ်းပြီး ပိုက်အတွင်း၌ မိနစ် ၂၀–၃၀ ခန့် လှောင်ထားရမည်။ ထို့နောက် ရေမျက်နှာပြင်ကို လှုပ်ရှားပက်ဖျန်းပေးပြီး ငါးများကို ပြန်လွှတ်ပေးရမည်။ ဤအတိုင်း ၃ ရက်ခန့် ဆက်တိုက်လုပ်ပေးပြီးမှ ငါးများကို ကန်ရွှေ့ပြောင်းရမည်။
ငါးကြင်းမျိုးများအတွက် ဖြည့်စွက်အစာကျွေးခြင်း
မှတ်ချက် - ငါးကန်တွင် သဘာဝအစာပေါများနေပါက ဖြည့်စွက်အစာကို လျော့၍ ကျွေးနိုင်သည်။
ငါးသားပေါက်ပြုစုထားစဉ် မြေဩဇာထည့်ခြင်း (အပတ်စဉ် ၀.၀၁ ဧကအတွက်)
-
မြေဆွေး ၃၁-၆၂.၅ ကျပ်သား
-
ယူရီးယား (ပုလဲ) ၆-၉ ကျပ်သား
-
တီအက်စ်ပီ (တီစူပါ) ၆-၉ ကျပ်သား
ငါးသားပေါက်များ ကန်အသစ်တွင် နေသားကျပြီး ပိုမိုသန်စွမ်းလာစေခြင်း
ပဲဖတ်/ နှမ်းဖတ် - နေ့စဉ် ၀.၀၁ ဧကလျှင် ၁၃-၁၉ ကျပ်သားကျွေးပေးပါ။
ငါးသားပေါက်မရောင်းချမီ ၂-၃ ရက် ကြိုတင်ဆောင်ရွက်ထားရန်
- နေ့စဉ် ငါးသားပေါက်များကို ပိုက်ဖြင့်ဖမ်းပြီး ၂၀-၃၀ မိနစ်ကြာ ငါးဖမ်းပိုက်အတွင်း လှောင်ထားပြီး ကန်ရေဖြင့် ပက်ဖျန်းပါ။ ပြီးလျှင် ကန်တွင်းသို့ ပြန်လွှတ်ပါ။
- သားပေါက်များကိုတင်ပို့ရန် ထုပ်ပိုးခြင်းမပြုမီ ၂၄ နာရီ ကြိုတင်အစာဖြတ်ထားပါ။
- ငါးသားပေါက်များကို အရွယ်အစားခွဲခြားထားပြီး ရောင်းချသင့်သောငါးကို ရွေးချယ်ပါ။
- ရောင်းချမည့်ငါးများကို ခွဲခြားပြီး ဟာပါတွင် ၄-၅ နာရီခန့် လှောင်ထားခြင်းဖြင့် ဝမ်းဗိုက်တွင်းရှိအစာဟောင်းများကို စွန့်ထုတ်ရန် အချိန်ပေးပါ။ ဤသို့ဖြင့် သယ်ယူပို့ဆောင်သောရေကို ပိုမိုသန့်ရှင်းမှု ရှိစေမည်ဖြစ်သည်။
မှတ်ချက် - ခရီးဝေးသယ်ဆောင်ပါက ငါးလှောင်ထားသောကန်တွင် ၀.၀၁ ဧကလျှင် ၉ ကျပ်သားနှုန်းဖြင့် ထုံးထည့်ပေးပါ။
ငါးသားပေါက်ဖမ်းဆီးခြင်းနှင့် ရောင်းချခြင်း
ငါးသားပေါက်များကို နူးညံ့သောပိုက်စိပ် (သို့) ဒိုင်းကွင်းဖြင့် ဖမ်းယူခြင်းဖြင့် ထိခိုက်ဒဏ်ရာ မရှိနိုင်ပါ။ ထုပ်ပိုးခြင်းမပြုမီ ငါးသားပေါက်များကို ရေတစ်လီတာတွင် ဆား ၀.၂ ကျပ်သားပါသော ဖျော်ရည်၌ ၁ မိနစ်စိမ်ပေးခြင်းဖြင့် ပိုးသတ်ပါ။
ခ။ အဆင့်တစ်ခုတည်းဖြင့် ငါးသားပေါက်ပြုစုခြင်း
၎င်းနည်းသည် ငါးကန်တစ်လုံးတည်းတွင် ငါးမှုံပြုစုပြီးပါက ငါးသန် ဆက်လက်ပြုစုသည်။ ကန်ပြုပြင်ခြင်း၊ ဖြည့်စွက်စာကျွေးမွေးခြင်းသည် အဆင့် (၂) ဆင့်တွင် ဆောင်ရွက်သည့်အတိုင်းဖြစ်သည်။
ဤနည်းတွင် ငါးမှုံ ၁၀- ၁၅ ရက် ပြုစုပြီး ငါးသန်ကန်သို့ ရွှေ့ပြောင်းခြင်း မပြုလုပ်ပါ။ (၁) ဆင့်နည်းသည် (၂) ဆင့်နည်းနှင့် နှိုင်းယှဉ်ပါက ရှင်သန်နှုန်းနှင့် ထုတ်လုပ်မှုများမှာ နည်းပါသည်။
ယခုဆောင်းပါးအား INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026