ငါးသယံဇာတများကိုထိခိုက်စေနိုင်သော မွေးမြူခွင့်မပြုထားသည့်ငါးမျိုးများ
နိုင်ငံရဲ့ သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သောငါးမျိုးများ မွေးမြူမှုကို တားမြစ်ထားသည့် ငါးမျိုးများကို သိရှိစေနိုင်ရန် ဖော်ပြပေးလိုက်ရပါတယ်။
အာဖရိကငါးခူ
သိပ္ပံအမည် - Clarias gariepinus
အင်္ဂလိပ်အမည် - African catfish
မြန်မာအမည် - အာဖရိကငါးခူ
တွေ့ရှိရာဒေသ - တောင်အာဖရိကတိုက် အရင်းအမြစ်

ငါးလုပ်ငန်းဦးစီးဌာနမှ အသားစားကျူးသည့် အာဖရိကငါးခူ (Clarias gariepinus) သည် သဘာဝသယံဇာတများကို ပျက်စီးစေကြောင်း၊ ဒေသခံငါးမျိုးများပြုန်းတီးစေကြောင်း တွေ့ရှိရသဖြင့် လက်ရှိ သားဖောက်ထုတ်လုပ်နေသည့် အာဖရိကငါးခူများကို ဆက်လက်သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း စသည်တို့ကို မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ ငါးအရှင်များ၊ ရေတွင်ပေါက်ပွားသည့် အပင်များနှင့် မျိုးစေ့များကို တင်သွင်း၊ တင်ပို့ရာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြိူတင်ခွင့်ပြုချက်ရရှိရန် လိုအပ်ခြင်းမှာ နိုင်ငံအတွင်းရှိ ရေနေသတ္တဝါများ၊ ဒေသရင်းငါးမျိုးများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရေနေဂေဟစနစ်များအပေါ် လွှမ်းမိုးခြင်း၊ ပြုန်းတီးစေခြင်း စသည်များကို ကာကွယ်ရန်လိုအပ်ခြင်းကြောင့် ဖြစ်ပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။
ပြည်ပငါးရံ့
သိပ္ပံအမည် - Channa micropeltes
အင်္ဂလိပ်အမည် - Toman Giant Snakehead
မြန်မာအမည် - ပြည်ပငါးရံ့
တွေ့ရှိရာဒေသ - အရှေ့တောင်အာရှနိုင်ငံများ၊ မဲခေါင်မြစ်ဝှမ်းတစ်လျှောက်အနောက်ပိုင်း 
မျိုးရင်း Channidae တွင် အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး အရှည် ၁.၅ မီတာ (၄.၉ ပေ) နှင့် အလေးချိန် ၂၀ ကီလိုဂရမ်ရှိပါသည်။ ပြည်ပငါးရံ့သည် အသားစားကျူးခြင်းကြောင့် သဘာဝမြစ်ချောင်း၊ ကန်များတွင် မွေးမြူထားသော ငါးများကို စားသုံးနိုင်ခြင်း၊ ရှင်သန်ရာ ဘဝစက်ဝန်းအဆင့်ဆင့်တွင် အခြားသောငါးများထက် ပို၍စားသုံးနိုင်ခြင်းတို့သည် ငါးမွေးမြူရေးလုပ်ငန်းကို ထိခိုက်စေနိုင်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ခွင့်ပြုချက်မှတစ်ပါး မည်သူမျှ ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေပြီး ဒေသခံ တိုင်ရင်းငါးမျိုးများကို ပြန်းတီးစေသည့် ပြည်ပငါးရံ့မျိုးများအား ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။
ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့)
သိပ္ပံအမည် - Cichla ocellaris
အင်္ဂလိပ်အမည် - Peacock bass
မြန်မာအမည် - ပီးကော့
တွေ့ရှိရာဒေသ - တောင်အမေရိက

ပီးကော့ငါး၏အရှည်မှာ ၇၄ စင်တီမီတာ (၂၉ လက်မ) အထိရှိပြီး အခြားသော Cichla မျိုးကွဲများနှင့် မျိုးစက်နိုင်ပါသည်။ အသားစားငါးမျိုးဖြစ်ပြီး ကြီးမားသောပါးစပ်ဖြင့် အစာကို လျင်မြန်စွာစားသုံးနိုင်ခြင်း၊ အခြားသော ငါး/ ပုစွန်ငယ်များအား အလွယ်တကူစားသုံးနိုင်ခြင်း၊ ၎င်းငါးမျိုးစိတ်များသည် မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း၊ အစာစားပုံ အလေ့အထကြောင့်သော်လည်းကောင်း အချိန်တိုအတွင်း အလျင်အမြန်ကြီးထွားနိုင်သည်ဖြစ်၍ ပြည်တွင်းရှိ ငါးသယံဇာတများကို ပျက်စီးစေးပြီး ဒေသခံတိုင်ရင်းငါးမျိုးများကို ပြန်းတီးစေသည့်အတွက် ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။
စုပ်ခွက်ငါး
သိပ္ပံအမည် - Hypostomus plecostomus
အင်္ဂလိပ်အမည် - Suckermouth catfish
မြန်မာအမည် - စုပ်ခွက်ငါး (သို့) လေယာဉ်ပျံငါး
တွေ့ရှိရာဒေသ - တောင်အမေရိက

အရှည်ဆုံးအလျား ၁၉ လက်မ (SL) နှင့် အလေးချိန် ၂၀ ကျပ်သားအထိ ကြီးထွားနိုင်ပါသည်။ အလှမွေးငါးအဖြစ်မွေးမြူရန်နှင့် အလှမွေးငါးကန်များတွင် ရေညှိရေမှော်များရှင်းလင်းရန်အတွက် ပြည်ပမှတင်သွင်းလားသည့် စုပ်ခွက်ငါးများသည် ယခုအခါ မြန်မာနိုင်ငံ၏ မြစ်ချောင်းများတွင် ပျံ့နှံ့ရုံသာမက ငါးမွေးမြူရေးကန်များအတွင်း ဝင်ရောက်မှုကြောင့် လုပ်ငန်းရှင်များအရှုံးပေါ်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်းများ၊ ဒေသတွင်းတိုင်းရင်းငါးမျိုးစိတ်များ၏ မျိုးပြန့်ပွားမှုများအား အဟန့်အတားများဖြစ်စေကြောင်း တွေ့ရှိရသဖြင့် အလှမွေးငါးများအားမွေးမြူရာတွင် ပြင်ပသို့လွှတ်ထွက်စေခြင်း မရှိစေရေးနှင့် စုပ်ခွက်ငါးများအား သဘာရေပြင်တွင်တွေ့ရှိပါက ရေသတ္တဝ်အစာအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုကြရန် သင့်လျော်သောနည်းလမ်းဖြင့် ဖယ်ရှားဖျက်ဆီးကြပါရန် ပညာပေးနှိုးဆော်စာများ ထုတ်ပြန်ထားရှိပြီး သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်းနှင့် သဘာဝ (မြစ်၊ ချောင်း၊ အင်းအိုင်) များသို့လွှတ်ခြင်း စသည်တို့ မပြုလုပ်ကြရန် တားမြစ်ထားပါသည်။ တားမြစ်ချက်များကို လုပ်ကိုင်နေကြောင်းး စစ်ဆေးတွေ့ရှိရပါက ငါးမွေးမြူခြင်းဆိုင်ရာဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ပါသည်။
Nyi Htun ၏ ဖေ့ဘုတ်စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026