ငါးနုသန်းငါး
ငါးနုသန်းသည် ငါးထွေ(catfish)မျိုးတွင် ပါဝင်သည်။ နှုတ်ခမ်းမွှေးပါပြီး ငွေရောင်တောက်ပသော ရေချိုငါးဖြစ်ပြီး မြစ်ချောင်း၊ အင်းအိုင်များတွင် ရရှိတတ်ကြသည်။ အကြေးခွံမပါ၊ ကျောဆူးတောင်တွင် အရိုးနု(၁)ချောင်းသာပါသည်။
ငါးနုသန်းငါးမှာ နူးညံ့ပြီး အရသာချိုသော ငါးဖြစ်သဖြင့် ဒေသခံများမှာ နေလှန်း၊ အခြောက်ခံပြီး လေလုံအောင်သိမ်းပြီးသကာလ မိုးတွင်းကာလ ငါးရှားသောရာသီတွင် ငါးခြောက်ကြော်အဖြစ် စားသုံးကြပါသည်။
ငါးနုသန်းငါးမှာ ညှီနံ့မရှိသလောက်နည်းပြီး အဆိပ်အတောက် ကင်းကာ အရသာချိုသဖြင့် ငါးအစိုအပြင် ငါးခြောက်အဖြစ်သိမ်းထားပြီး စားသုံးသောအခါတွင်လည်း အရသာမပျက်ပေ။
ငါးနုသန်းကို အင်္ဂလိပ်လို butter catfish (or) sheat fishဟု ခေါ်ဆိုကြပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဆီရီလန်ကာ၊ မြန်မာတို့တွင် တွေ့ရများပါသည်။ ငါးအထီးမှာ အမထက် ခန္ဓာကိုယ်ပိုမိုရှည်လျားကြပြီး (45)cmထိရှိကြသည်။ အမမှာ ဥ တစ်ကြိမ် ဥ လျှင် ဥပေါင်း(၈၀ – ၁၃၀)ခန့် ဥ, ဥနိုင်ကြပါသည်။
ငါးနုသန်းမှာ လူကြိုက်များသော ငါးတစ်မျိုးဖြစ်ပြီး ဈေးလည်းချို၏။ ငါးနုသန်းကို ဆီပြန်ချက်ပြီး နံနံပင်လေးအုပ်ပါက အရသာထူးကဲသည့် ငါးဟင်းလျာ(၁)ခွက်ကို ရရှိစေပါသည်။ ချက်ပြုတ်ရာတွင် ငါးနုသန်းငါး၏ လည်ပင်းအနီး၌ အလွန်ကြီးသော သည်းခြေအိတ်ရှိသဖြင့် လှီးဖြတ်ဖယ်ထုတ်ပစ်ရပါမည်။ သည်းခြေအိတ်ပေါက်သွားပါက ငါးဟင်းအရသာမကောင်းသည်မှ လွဲ၍ အဆိပ်အတောက်မရှိပေ။
ငါးနုသန်းကို အိုးကပ်၊ ဆီပြန်၊ အချဥ်ချက်၊ငါးနုသန်းကြော်စသည်ဖြင့် စားသုံးကြပါသည်။ 'ငါးနုသန်း'ဆိုသည့်အတိုင်းငါးအသားမှာ နုလွန်းလို့ အိုးကပ် ဟင်းချက်ပါက ငါးအသားမကြေဘဲ အိုးမကပ်ရအောင် ဟင်းအိုးကို မမွှေဘဲ အသာလေးလှုပ်ပေးရပါသည်။

ငါးနုသန်းကို ဆီများများနှင့် ကြွပ်အောင် ကြော်ထားလျှင် ရက်အနည်းငယ်အထိ ထားခံပြီး ကောက်ညှင်းပေါင်းနှင့်လည်း တွဲစားကြပါသည်။
ငါးနုသန်းမှာ အရသာကောင်းမွန်ရုံသာမက ရောဂါအချို့ကိုလည်း ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။ သလိပ်၊ သည်းခြေကိုလည်းကောင်း၊ အထက်သို့ဆန်သောလေကိုလည်းကောင်း ပယ်ဖျယ်နိုင်၏ ဟုဆိုကြသဖြင့် ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါဝေဒနာရှင်များ/ လေအထက်ပင့်၍ ခေါင်းမူး၊ ခေါင်းကိုက်ဝေဒနာရှိသူများ၊ အစာမကြေလေပွပြီး လေအထက်ဆန်သူများ၊ လေပူတက်ပြီး လည်ချောင်းနာသူ၊ ချောင်းခြောက်ဆိုးသူများအတွက် ဓါတ်စာအဖြစ် စားသုံးသင့်သော ငါးတစ်မျိုးဖြစ်သည်။
ငါးနုသန်းကို -
Phylum (မျိုးပေါင်းစု) - Chordata
Class(အမျိုးအစား) - Actinopterygii
Order(မျိုးစဥ်) - Siluriformes
Family(မျိုးရင်း) - Siluridae
Genus(မျိုးစု) - Ompok
Species(မျိုးစိတ်) - Ompok bimaculatus ဟူ၍ဖြစ်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
min Htet kyaw
လွန်ခဲ့သော ၃ နှစ် ကငါးနုသန်းငါးရဲ့ အနေအထိုင် အမူအကျင့် မျိုးပွားရာသီစသဖြင့်သိချင်ပါတယ်ဗျ မွေးမြူရေးအတွက်ပါခင်ဗျ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....