ဆောင်းရာသီမှာသာရရှိတဲ့ ငါးရွှေမှုန် ခေါ် ငါးသိန်းတုတ်ငါး
ငါးရွှေမှုန် ခေါ် ငါးသိန်းတုတ်ငါးလေးများမှာ ငါးအငယ်စားလေးများ ဖြစ်ကြပြီး Anchovy Fish အုပ်စုဝင်များ ဖြစ်ကြသည်။ ငါးသိန်းတုတ်ငါးလေးများမှာ ရာသီပေါ် ငါးတစ်မျိုးဖြစ်ပြီး တစ်နှစ်မှာတစ်ခါ မိုးအကုန် ဆောင်းအကူးကာလတွင်သာ ရမိတတ်ကြတဲ့ ရေချိုရေငန်စပ်ငါးလေးများ ဖြစ်ကြပါသည်။
မြန်မာနိုင်ငံတွင် ငါးသိန်းတုတ်ငါးလေးများကို ရခိုင်ဒေသတွင် အများဆုံးတွေ့ရလေ့ရှိပြီး ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး ဒေသတို့တွင်လည်း အသင့်အတင့် တွေ့ရှိရပါသည်။
ဒေသအခေါ်အရ အဆိုပါငါးအငယ်စားလေးကို ရခိုင်ဘက်တွင် ငါးသိန်းတုတ် ခေါ် ငါးသိန်းငါး၊ ဧရာဝတီဒေသတွင် ငါးမှုန်လေး၊ ပဲခူးအခေါ် ငါးရွှေမှုန် ၊ သထုံတွင် ငါးလောက်၊ ဘီးလင်းတွင် ရွှေမှုန်စာ ခေါ် ငါးလောက်လေး၊ ဘားအံတွင် ငါးမှုန် ခေါ် ငါးလောက် ဟူ၍ ခေါ်ဝေါ်ကြပြီး တခြားဒေသအခေါ်အရ ငါးကျောက်ကပ်၊ ငါးဖြူလေး၊ ငါးထမင်း၊ ငါးသေးနုပ် ဆိုပြီး အခေါ်အဝေါ်အမျိုးမျိုးလည်း ရှိကြပါသေးသည်။ ငါးပုံသဏ္ဍာန်မှာ မုန့်လက်ဆောင်းဖတ်လိုလို၊ မုန့်ဗိုင်းတောင့် လိုလို သေးသေးရှည်ရှည်လေး ဖြစ်ပြီး အသားနုတဲ့ ငါးအမျိုးအစားတွင် ပါဝင်ကြပါသည်။
ငါးသိန်းငါးမှာ ဥ ဥချိန်၊ သားပေါက်ချိန်ဆို ရေဆန်ကို ဆန်တက်တတ်တဲ့ ငါးတစ်မျိုးဖြစ်ပြီး သားပေါက်နှုန်းကောင်းလွန်းလို့ ငါးသိန်းငါး တက်ချိန်ဆို ငွေရောင်သံဇကာ ဖြန့်ကျဲထားသလို မြင်ရတဲ့ ငါးတစ်မျိုးဖြစ်ပြီး အမြင်တစ်မျိုး လှပကြသည်ဟု ဒေသခံများ ပြောကြားချက်အရ သိရပါသည်။
ငါးသိန်းငါးလေးများမှာ ပင်လယ်ထဲမှာ သားပေါက်ကြပြီး ချောင်းဖျားကို ပြန်တက်လာချိန်မှာ ဖမ်းဆီးကြသည်ဟု သိရပါသည်။ ငါးသိန်းငါး ပေါ် ဦးပေါ်ဖျား ဆောင်းဦးပေါက်ဆို ငါးသိန်းငါး နို့ဆီဘူးတစ်ဘူးစာကို ၅၀၀၀ ကျပ်ခန့် ပေးဝယ်ရပြီး နောက်ပိုင်းတွင်မှ တစ်ဘူး ၁ထောင်လောက်သာ ရှိကြပါသည်။ ငါးသိန်းငါးတစ်ပိဿာကို သောင်းချီပေးဝယ်ရပြီး စျေးကောင်းသော ငါးတစ်မျိုးလည်း ဖြစ်ကြသည်။
ခေါင်းတစ်ရာသားလို့ ဆိုရမယ့်ငါးသိန်းငါးကို ဒေသခံတွေက အုန်းနို့နဲ့ ချက်စားတာကို “ငါးသိန်း အုန်းဆီချတယ်” လို့ပြောကြပါသည်။ ငါးသိန်းအုန်းဆီချက်မှာ အရောင်ဝင်းဝါဝါလေးနှင့် အရသာမှာ ဆိမ့်ဆိမ့်မွှေးမွှေးလေး ဖြစ်နေ၍ လူကြိုက်များကြပါသည်။
ငါးသိန်းငါးမှာ စျေးကောင်းလှသလို အရသာမှာလည်း ထူးခြားကောင်းမွန်လှပါသည်။
ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ငါးစုံ
မောင်ရဲသူအောင် • ဖြေကြားချက် 0 ခု
ဂျင်း50သား.ကြက်သွန်ဖြူ50.အရက်ဆိ.5လိတာက...နဲ့စိမ်ထားတဲ့အရည်ကဘယ်လိုရောဂါပိုးနိင်လဲဗျ...အထူးသဖြင့်မှိုနဲ့ပတ်သက်တဲ့ရောဂါကာကွယ်နိင်လဲဆရာတို့..အဲဆေးမှိုကာကွယ်တယ်စိုပြီးသုံးနေကြလို့ပါ...
သန်းထိုက်အောင် • ဖြေကြားချက် 2 ခု
အစိမ်းလမ်း App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားမှု၊ ဝန်ထမ်း၏ ဝန်ဆောင်မှုအဆင်မပြေမှုတို့အား တာဝန်ရှိသူများမှ ခိုင်လုံစွာ ရှင်းလင်းပေးရန် တောင်းဆိုခြင်း တာဝန်ရှိသူများ (အစိမ်းရောင်လမ်း - Green Way Myanmar) ကျနော်အစိမ်းရောင်လမ်း App ကို ပုံမှန်ကြည့်ရှုအသုံးပြုနေသူတစ်ဦး ဖြစ်ပါသည်။ ယနေ့ ၁၈ ရက် ၈ လ ၂၀၂၆ ရက်၊ မွန်းလွဲ ၂:၂၅ နာရီဝန်းကျင်တွင် App ပေါ်၌ ဖော်ပြထားသော မာလာမြိုင် မန်ကိုဇက် ၈၀% WP (၁ ကီလိုလျှင် ၂၀,၁၀၀ ကျပ်) ဈေးနှုန်းကို တွေ့ရှိ၍ ဖုန်းနံပါတ် 09-799993322 သို့ ဆက်သွယ်ဝယ်ယူခဲ့ပါသည်။ သို့သော် ဖုန်းဆက်သွယ်မေးမြန်းသည့်အခါတွင် - ၁။ ဈေးနှုန်းလွဲမှားမှု - App တွင် ဖော်ပြထားသည့် ဈေးနှုန်း (၂၀,၁၀၀ ကျပ်) နှင့်မတူဘဲ ဈေးနှုန်း သုံးသောင်းကျော် ဖြစ်နေခြင်း။ ၂။ ဝန်ထမ်း၏ ဝန်ဆောင်မှု ပေါ့ဆမှု - နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ရာတွင် "မင်္ဂလာပါ မာလာမြိုင်ကပါ" ဟု ပြောပြီးနောက် "အစိမ်းရောင်လမ်းကပါ" ဟု အကြောင်းပြန်ပြောစဉ် ဖုန်းကို ရုတ်တရက် ဒီဇိုင်းအတင်း ချသွားခဲ့ခြင်း။ စသည့် အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရပါသည်။ သုံးစွဲသူ တောင်သူထု/အသုံးပြုသူများဘက်မှ App ပေါ်တွင် တင်ထားသော အချက်အလက်များကို ယုံကြည်၍ ဆက်သွယ်ရခြင်း ဖြစ်သော်လည်း ကုမ္ပဏီ၏ အပြောနှင့်အလုပ် မညီညွတ်ခြင်း၊ ဝန်ထမ်းများ၏ မလေးမစား ပြုမူဆက်ဆံခြင်း၊ App ပေါ်တွင် ကိုက်ညီမှုမရှိသော သတင်းအချက်အလက်နှင့် ဈေးနှုန်းများ တင်ပြထားခြင်းတို့ကြောင့် များစွာ စိတ်ပျက်ရပါသည်။ သို့ပါ၍ ဤဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် - App ပေါ်ပါ ဈေးနှုန်းနှင့် ပြင်ပရောင်းဈေး လွဲမှားနေရသည့် အကြောင်းအရင်း၊ ဝန်ထမ်း၏ မလျော်ကန်သော ပြောဆိုပြုမူမှုတို့နှင့် ပတ်သက်၍ ခိုင်လုံသော အချက်အလက်များဖြင့် စနစ်တကျ ပြန်လည်ရှင်းလင်း အကြောင်းပြန်ပေးပါရန် တောင်းဆိုအပ်ပါသည်။ အကယ်၍ ဤကိစ္စအား ထိရောက်စွာ အကြောင်းပြန် ရှင်းလင်းပေးခြင်း မရှိပါက ပလက်ဖောင်းအသုံးပြုသူများ နစ်နာမှုမရှိစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများ (Facebook / YouTube) တွင် အထောက်အထားများနှင့်တကွ တင်ပြအသိပေးသွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
TunThein • ဖြေကြားချက် 1 ခု
စပါးမှာကျရောက်တတ်တဲ့ရောဂါနှင့်ပိုးအကြောင်းလေးသိချင်လို့ပါရှင့်
Ma Tin Nilar Htun • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်များစိုက်လို့ရပြီလား
ဝင်းမင်းအောင် • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မိုးရာသီမှာ ကိုယ်ခံအားကောင်းစေဖို့ စားသုံးသင့်တဲ့ ဒေသထွက်အစားအစာများ
17/08/2026
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026