“ငါးတံခွန်ငါး (small head ribbon fish)”
ငါးတံခွန်ငါးမှာ ခန္ဓာကိုယ်သေးသွယ်ပြီး ကြိုးပြားပုံသဏ္ဍာန်မျိုး ရှိကြသည်။ အရောင်မှာ ငွေမှင်ရောင် တောက်ပသည်။ ဆူးတောင်မွှားမွှားလေးများသည် တဆက်တည်းဖြစ်နေပြီး မေးရိုးမှာ ရှည်၍ ချွန်ထွက်လျှက်ရှိသည်။ အမြီးဆူးတောင်မရှိဘဲ အမြီးသည် ဆံခြည်မျှင်ကဲ့သို့ သေးသေးမျှင်မျှင်ဖြစ်သည်။ ပါးဟက်ဝကျယ်ပြီး ဦးခေါင်းဘေးတွင် မျက်စိရှိသည်။ ကိုယ်၌ အကြေးခွံလေးများရှိကြသည်။
ငါးတံခွန်ငါးကို အချို့ဒေသတွင် “ငါးသရွှဲ” ဟုလည်း ခေါ်ဝေါ်ကြသည်။ အင်္ဂလိပ်အခေါ်မှာ small head ribbon fish (or) small head-hairtail ဟုသိရပါသည်။ ထိုမျိုးစိတ်ကို အိန္ဒိယသမုဒ္ဒရာ၊ အနောက်ပစိဖိတ် သမုဒ္ဒရာ စသည်တို့တွင် တွေ့ရှိရပြီး ရေအနက် မီတာ (၁၀၀) တွင် နေထိုင်ကျက်စားတတ်ကြသည်။ ခန္ဒာကိုယ် `အမြင့်ဆုံးအလျား (၁၀၀) စင်တီမီတာ အထိရှိကြပြီး အလေးချိန်အားဖြင့် (၁၁) ကီလိုဂရမ် ရှိကြကြောင်း မှတ်တမ်းများအရ သိရပါသည်။ ညဘက်တွင် ငါးတံခွန်ငါးများမှာ ရေမျက်နှာပြင်ပေါ်သို့ တက်လာကြပြီး ငါးငယ်များ၊ အခွံမာပုစွန်များကို စားလေ့ရှိကြသည်။
ငါးတံခွန်ငါးများမှာ ပင်လယ်ငါးတစ်မျိုးဖြစ်ပြီး အဆီပါဝင်မှု နည်းသည့် ငါးများတွင် ငါးတံခွန်ငါးများလည်း ပါဝင်ပါသည်။ ငါးပိရည်ကျိုပြုလုပ်ရာ၌ ငါးတံခွန်ငါးများကို အသုံးပြုကြသလို “ငါးတံခွန်ခြောက်” မှာလည်း လူကြိုက်များလှပါသည်။ ငါးတံခွန်ခြောက်ကို ကြော်စား၊ ဖုတ်စား၊ မီးကင်ပြီး ငါးပိနှင့် တို့စားကြသလို မီးကင်၊ ဆီဆမ်းပြီး ကောက်ညှင်းပေါင်း ပူပူလေးနှင့်လည်း တွဲဖက်စားကြသည်သာမက ငါးမုန့်ကဲ့သို့ ကြော်ကာ ရေနွေးနှင့် သရေစာအဖြစ်လည်း စားလေ့ရှိကြပါသည်။

ငါးတံခွန်ခြောက်မှာ အငန်ပေါ့ပြီး အချိုဓာတ်များသဖြင့် ငါးခြောက်ထောင်းကြော် ပြုလုပ်ရာ၌ ကောင်းမွန်ပေသည်။ ငါးခြောက်ထောင်းကြော် ပြုလုပ်ရာတွင် ငါးတံခွန်ခြောက်၊ ကြက်သွန်ဖြူ/နီ၊ ဆီ၊ နနွင်းတို့ လိုအပ်ပါသည်။
(၁) ငါးတံခွန်ခြောက်ကို ညဦးကတည်းက ရေစိမ်ထားပြီး နံနက်လင်းပါက ရေမှဆယ်ကာ မီးဖိုပေါ် ဒယ်အိုးတင်ပြီး ရေနွေးဆူဆူဖြင့် ပြုတ်ရပါသည်။
(၂) ရေခမ်းလုနီးအောင် ပြုတ်ပြီးသောအခါ ဆန်ကာဖြင့်ဆယ်၊ ရေစစ်ပြီး အသားချည်းဖဲ့ကာ ဆုံဖြင့် ညက်အောင်ထောင်းရပါသည်။
(၃) ထို့နောက် ဇလုံတစ်လုံးတွင် ထောင်းထားသော ငါးခြောက်ကိုထည့်ကာ နနွင်းထည့်၍ နှံ့အောင် နယ်ရပါသည်။
(၄) အားလုံးပြီးစီးပါက ဒယ်အိုးတွင် ဆီထည့်ပြီး ဆီသေပါက ပါးပါးလှီးထားသော ကြက်သွန်ဖြူ/နီကို ထည့်၍ကြော်ပါ။ ကြက်သွန်များ ရွှေရောင်သန်းလာပါက ဆယ်ယူပြီး ဆီကျန်၌ အသင့်ထောင်းထားသော ငါးခြောက်များကိုထည့်ကာ မွှေ၍ ကြော်ရပါသည်။
(၅) ငါးခြောက်ထောင်းကြော် ကျက်ပါက ဆီစစ်ပြီး ကြက်သွန်ဖြူ/နီကြော်ကို ဖြူး၍ နှံ့အောင်မွှေကာ စားသုံးနိုင်ပါပြီ။ ကြက်သွန်နီကြော်များလေ ငါးခြောက်ထောင်းကြော် ပို၍ ချိုလေ ဖြစ်ပါသည်။
ငါးတံခွန်ငါး၏ အသေးစိတ်ဖော်ပြချက် (specification) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Phylum (မျိုးပေါင်းစု) – Chordata
Class (အမျိုးအစား) – Actinopterygii
Order (မျိုးစဉ်) – Perciformes
Family (မျိုးရင်း) – Trichiuridae
Genus (မျိုးစု) – Lepturacanthus
Species (မျိုးစိတ်) – L. savala
ပင်လယ်ပြာ (ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....