ကလေးမြို့နယ်မှ ငါးမြစ်ချင်းကျပ်တိုက်အတွက် တန်ဖိုးကွင်းဆက်ဆန်းစစ်မှု
Chinbridge Institute သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ ငါးမြစ်ချင်း ကျပ်တိုက်လုပ်ငန်းနှင့် ပတ်သက်သည့် တန်ဖိုးကွင်းဆက်များအား လေ့လာဆန်းစစ်မှု (stacked value chain analysis) တစ်ခုကို ဆောင်ရွက်ခဲ့ပါသည်။ ထိုဆန်းစစ်မှုကို MYSAP ၏ စီမံကိန်း တစ်ခုဖြစ်သည့် ကုန်းတွင်းပိုင်းအစီအစဉ်နှင့် ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇွန်လအထိ လုပ်ငန်းနှင့်ပတ်သက်သည့် သဘောတူညီစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ stacked value chain analysis (SVCA) နည်းလမ်းတွင် အရည်အသွေးစံပြုနှင့် အရေအတွက်စံပြု နည်းစနစ်များကို အသုံးပြုပြီး Dakshin Foundation၊ Dried Fish Matters အစီအစဉ်နှင့် Royal Tropical Institute (KIT) တို့မှ မေးခွန်းလွှာများကို လိုက်လျောညီထွေပြင်ဆင်၍ အသုံးပြုထားပါသည်။
SVCA ဆန်းစစ်လေ့လာမှု၏ အဓိကတွေ့ရှိချက်များမှာ
- ကလေးမြို့နယ်ရှိ ချင်း သို့မဟုတ် မီဇိုတိုင်းရင်းသားများလုပ်ကိုင်သည့် ငါးမြစ်ချင်းကျပ်တိုက်စင် (၇) ခုမှ ခန့်မှန်းခြေ ငါးမြစ်ချင်းကျပ်တိုက် ၄၀၁ ပိဿာ (၆၅၄ ကီလိုဂရမ်) အား ငါးမြစ်ချင်းငါးအစို ၁၆၀၅ ပိဿာ (၂၆၁၆ ကီလိုဂရမ်) (တစ်ပိဿာလျှင် မြန်မာကျပ် ၃၂၀၀) မှ နေ့စဉ် ပြုပြင်ထုတ်လုပ်လျက်ရှိပါသည်။
- ငါးမြစ်ချင်းကျပ်တိုက် ၉၀% ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စျေးနှုန်းအာမခံချက်ရှိသည့်အတွက် တင်ပို့ရောင်းချပြီး ကလေးမြို့နယ်၏ ငါးမြစ်ချင်းကျပ်တိုက်လုပ်ငန်းသည် တစ်နှစ်လျှင် မြန်မာကျပ် ၂ ဘီလျှံ (တစ်နှစ်လျှင် € ၁.၃ သန်း) တန်ဖိုးရှိပါသည်။
- လက်ရှိ ထိုဒေသတွင် တည်ဆောက်လုပ်ကိုင်နေသော ငါးကျပ်တိုက်စင်များသည် လောင်စာအလေအလွင့်များခြင်း၊ ကျပ်တိုင်စင်၏ ဒီဇိုင်းပုံစံသည် အလုပ်လုပ်သောဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးရှုထောင့်မှကြည့်လျှင် သင့်လျော်မှုမရှိခြင်း၊ ထုတ်ကုန်များ၏အရည်အသွေး တစ်သမတ်တည်းရှိမှု၊ အရည်အသွေးကျဆင်းမှုမရှိဘဲ ထားသိုနိုင်သည့် သက်တမ်းတို့နှင့် စပ်လျဉ်းသည့်ကိစ္စများ၊ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ အခြေခံအလေ့အထများ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရန် လိုအပ်နေသည့် ကိစ္စများကို တွေ့ရှိရပါသည်။
အထက်ဖော်ပြပါကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် MYSAP သည် ယခုအခါ ကလေးမြို့နယ်တွင် FAO FTT Thiaroye အဆင့်မြင့်ကျပ်တိုက်စင် (၂) ခု တည်ဆောက်ခြင်းနှင့် စမ်းသပ်သုံးစွဲခြင်း ရှေ့ပြေးစီမံချက်အတွက် ရန်ပုံငွေပံ့ပိုးရန်စီစဉ်နေပါသည်။ ထိုအဆင့်မြင့် ကျပ်တိုက်စင်မှ အောက်ပါအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပါသည်။
၁) မည်သည့်ရာသီဥတုအခြေအနေတွင်မဆို မီးခိုးကျပ်တိုက်ခြင်းကိုဆောင်ရွက်နိုင်ခြင်း၊
၂) လောင်စာသုံးစွဲမှု သိသိသာသာလျော့နည်းစေပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးခြင်း၊
၃) လက်ရှိတွင် ပင်ပန်းကြီးစွာ လုပ်ကိုင်နေရသည့် သမားရိုးကျကျပ်တိုက်စင်များထက် လုပ်အားစွမ်းရည်မြင့်မားပြီး ပို၍လွယ်ကူသက်သာစွာ လုပ်ကိုင်နိုင်ခြင်း၊
၄) ကျပ်တိုက်စင်လုပ်သားများနှင့် မိသားစုဝင်များအတွက် မီးခိုးရှူရှိုက်ရမှုနှင့် အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများ ဖြစ်နိုင်ခြေအန္တရာယ်ကို လျှော့ချပေးခြင်း၊
၅) မီးခိုးကျပ်တိုက်သည့်ငါးများကို လက်ဖြင့်ကိုင်တွယ်၍ လှည့်ပေးရမှုနည်းပါးခြင်း၊
၆) ငါးမီးခိုးကျပ်တိုက်ရာတွင် အချိန်ကုန်သက်သာခြင်းနှင့် လူပင်ပန်းသက်သာခြင်း၊
၇) ထွက်ကုန်လေလွင့်မှုနည်းပါးခြင်း၊
၈) မီးခိုးကျပ်တိုက်ငါး၏ အရည်အသွေးမကျဆင်းဘဲ ထားသိုနိုင်သည့်သက်တမ်း ပိုမိုကြာမြင့်ခြင်း၊
၉) ကင်ဆာဖြစ်စေနိုင်သော polycyclic aromatic hydrocarbons (PAH’s) ပါဝင်မှုအဆင့် လျော့နည်းသွားခြင်းအပါအဝင် မီးခိုးကျပ်တိုက်ထားသော ထုတ်ကုန်ပစ္စည်း၏ အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုအဆင့် တိုးတက်လာခြင်း၊
၁၀) အရည်အသွေးတစ်သတ်မတ်တည်းရှိပြီး အရသာပိုမိုကောင်းမွန်သည့် မီးခိုးကျပ်တိုက် ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်း၊
၁၁) ထုတ်ကုန်အမျိုးအစားအမျိုးမျိုး တိုးချဲ့ထုတ်လုပ်နိုင်ပြီး ထုတ်ကုန်တန်ဖိုးမြှင့်တင်ပေးနိုင်သည့် အခွင့်အလမ်းရှိခြင်း၊
၁၂) ဟင်းချက်ဆီ သို့မဟုတ် ဆပ်ပြာထုတ်လုပ်ရာတွင် အသုံးပြုနိုင်သောအဆီကို စုဆောင်းရယူနိုင်ခြင်း၊
၁၃) ငါးကျပ်တိုင်စင်မှရရှိသည့် အကျိုးအမြတ် တိုးပွားစေခြင်း၊
MYSAP ၏ FAO FTT Thiaroye အဆင့်မြင့်ကျပ်တိုက်စင်တည်ဆောက်ခြင်းနှင့် စမ်းသပ်သုံးစွဲခြင်း ရှေ့ပြေးစီမံချက်နှင့် စပ်လျဉ်းသည့် နောက်ဆုံးရအချက်အလက်များကို ဆက်လက်တင်ပေးသွားမည် ဖြစ်ပါသည်။
ယခုဆောင်းပါးကို MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
ညို ညိုလေး
လွန်ခဲ့သော ၅ နှစ် ကအသေးစိတ်လေ့လာလိုပါတယိ
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....