အစိမ်းရောင်လမ်း
ငါးမြွေထိုးငါး.......အသုံးဝင်ပုံ

ငါးမြွေထိုးငါး.......အသုံးဝင်ပုံ

ငါးမြွေထိုးငါးမှာ ရွံ့နွံတွင် ထိုးဝပ်နေတတ်သော ငါးတစ်မျိုးဖြစ်သည်။ ငါးမြွေထိုးငါးကို တချို့ဒေသများတွင် 'ငါးလမြွေဟုလည်း ခေါ်ဆိုကြပါသည်။ ခန္ဓာကိုယ်မှာ မြွေပုံသဏ္ဍာန်နှင့် အနည်းငယ်ဆင်တူကြပြီး နှုတ်သီးချွန်ကာ အကြေးခွံသေးသေးလေးများရှိကြပါသည်။

ငါးမြွေထိုးငါးကို အင်္ဂလိပ်လို ‘spiny eel (or) colorful eel’ ဟုလည်း ခေါ်ဆိုကြသည်။ မျိုးစိတ်ပေါင်းမြောက်များစွာ ရှိကြပါသည်။ ငါးမြွေထိုးငါး၏ အရွယ်အစားမှာ ၅လက်မခန့် မှ ၇လက်မခန့်)ထိ ရှည်လျားကြပြီး ငါးမြွေထိုးအသေးမှာ (၃လက်မမှ ၄လက်မခန့်)အရွယ်အစားရှိကြပါသည်။ အရောင်မှာ အနက်နှင့် ရွေအိုရောင်တို့ဖြစ်ကြပါသည်။

ငါးမြွေထိုးငါးသက်တမ်းမှာ (-၁၈)ခန့်အထိ အသက်ရှည်နေထိုင်နိုင်ကြပါသည်။ ငါးမြွေထိုးငါးအမမှာ ဥ()ကြိမ်ဥလျှင် ဥပေါင်း(၁၀၀၀)ခန့် ဥဥနိုင်ကြပါသည်။ အခွံမာ ရေသတ္တဝါငယ်လေးများ၊ ငါးငယ်များစသည်တို့ကို သူတို့၏အစာအဖြစ် စားသုံးလေ့ရှိကြသည်။

ငါးမြွေထိုးငါးမှာ ငါးအစိုရော၊ ငါးမြွေထိုးခြောက်ပါ အရသာကောင်းမွန်လှ၍ လူကြိုက်များကြပါသည်။ ငါးမြွေထိုးငါးကို အချဥ်ဆီပြန် မဆလာဟင်း၊ ငါးမြွေထိုး ခြောက်စပ်ဟင်း၊ ဆီလည်ရေလည်ဟင်း စသည်ဖြင့် ချက်စားကြပါသည်။ ငါးမြွေထိုးကို မီးသွေးဖိုမှာကင်ပြီး ချက်စားပါက ပို၍ စားကောင်းသလို အနံ့လည်း ပိုမွှေးပါသည်။ တချို့လည်း ငါးမြွေထိုးအစိုကို ကျပ်တင်ပြီး ငါးမြွေထိုးကျပ်တိုက်ကို ငါးရှဉ့်ခြောက်စပ်ချက်သလို ချက်စားကြပါသည်။

ငါးမြွေထိုးငါးအသားနှင့် ရဲယိုရွက်ကို ပြုတ်၍ သုပ်စားလျှင် ပင်လယ်အူနာရောဂါကို သက်သာစေသည်ဟု သိရသည်။ ထို့ပြင် ငါးမြွေထိုးနှင့်ကြောင်လျှာသီးကို ချက်စားကြပါက မြင်းသရိုက်ရောဂါ၊ ဒူးလာသွေးဝမ်းနှင့် မီးယပ်သွေးဝမ်းတို့ကို သက်သာပျောက်ကင်းစေကြောင့်း မှတ်ရဖူးပါသည်။

ထို့ပြင် ငါးမြွေထိုးကို ကြာရှည်ထားပြီး စားသုံးနိုင်အောင် အခြောက်လှန်းကာ ငါးမြွေထိုးခြောက်ပြုလုပ်၍လည်း စားသုံးကြပါသည်။ ငါးမြွေထိုးခြောက်ပြုုလုပ်လိုလျှင် ငါးမြွေထိုးကို ဆားရည်စိမ်ပြီး နေပြင်းပြင်းမှာ ၂နေ၊ ၃နေ လှန်းလိုက်ပါက ငါးမြွေထိုးခြောက်များရရှိနိုင်သည်ဟု သိရပါသည်။ ငါးမြွေထိုးခြောက်ကို ကြော်ပြီး ကောက်ညှင်းပေါင်း၊ ထမင်းကြော်ဖြင့်လည်း တွဲဖက်စားသုံးကြပါသည်။

ငါးမွေးထိုးစားသုံးမှု (၁၀၀)ဂရမ်တွင် အင်အားဓါတ် (၈၉ကီလိုကယ်လိုရီ၊ ပရိုတင်းဓါတ် (၁၄.၃၀ဂရမ်နှင့် ထုံးဓါတ် (၂၄၉)မီလီဂရမ် ပါဝင်သည်ဟု သိရသည်။ ငါးမြွေထိုးခြောက် စားသုံးမှု (၁၀၀)ဂရမ်တွင် အင်အားဓါတ် (၂၉၈ကီလိုကယ်လိုရီ ၊ ပရိုတင်းဓါတ် (၅၂.၅၀ဂရမ်၊ အဆီဓါတ် (.၇၀ဂ၇မ်၊ မီစုန်းဓါတ် (၆၂၅.၀၀မီလီဂရမ်အပြင် သံဓါတ်နှင် ထုံးဓါတ်များလည်း ပါဝင်သည်။

ငါးမြွေထိုးငါးမှာ အစာကြက်ညက်လွယ်စေသည်။ လေရောဂါ၊ သည်းခြေဝေဒနာသည်တွေကို ကောင်းကျိုးပြုပါသည်။ သလိပ်ပျော်စေသည်။ အကြောအားကောင်းစေသည်ဟု သိရပါသည်။

ငါးမြွေထိုးငါးကို

Phylum (မျိုးပေါင်းစု) – Chordata

Class (အမျိုးအစား) – Actinopterygii

Order (မျိုးစဉ်) – Synbranchiformes

Family (မျိုးရင်း) –Mastacembelidae

Genus (မျိုးစု) – Macrognathus

Species (မျိုးစိတ်) – Macrognathus Zebrinus ဟူ၍ ဖြစ်ပါသည်။

ပင်လယ်ပြာ (ငါးဦးစီးဌာန)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....