နို့ခမ်းခြင်း
နို့ခမ်းခြင်းဆိုသည်မှာ နောက်တစ်သားမပေါက်မီ အချိန်အထိ နို့ညှစ်ခြင်းကို ရပ်ထားရန် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ များသောအားဖြင့် ခြံသမားများသည် ဤဆုံးဖြတ်ချက်ကို နို့ထုတ်လုပ်မှုပမာဏပေါ်တွင် မူတည်ပြီး နို့ပမာဏများများမရတော့သည့် အချိန်မှသာ နို့ခမ်းလေ့ ရှိကြသည်။ ယခုပို့စ်တွင် နွားမများကို နို့ခမ်းချိန် ဆုံးဖြတ်မှုနှင့် ပတ်သက်၍ တင်ပြသွားပါမည်။
🔸နွားမမှထုတ်ပေးနေသော နို့ပမာဏနှင့် နောက်ဆုံးတစ်သားမွေးခဲ့သော အချိန်တို့ပေါ်မူတည်၍ မှန်ကန်စွာ နို့ခမ်းရန် ဆုံးဖြတ်ခြင်းသည် ရိုးရှင်းပါသည်။
နို့ထုတ်လုပ်မှုနိမ့်သောအခါ နို့ဆက်မညှစ်သင့်တော့ပါ။ ဤတွင် ကောင်းစွာစဉ်းစားရန်လိုပါသည်။ နို့ခမ်းချိန်တွင်ရှိသင့်သည့် နို့ပမာဏမှာ ခြံသမားများလိုလားသော ၀င်ငွေပမာဏပေါ် မူတည်ပါသည်။ သို့သော် နို့ထုတ်လုပ်မှု တစ်နေ့ ၃ ပိဿာအောက်နည်းနေပါက နို့ခမ်းရန် စဉ်းစားသင့်ပါသည်။
🔸ခြံသမားများသည် နွားမ နောက်တစ်သားကျမည့်အချိန်ပေါ်တွင် မူတည်၍လည်း နို့ခမ်းရန် စဉ်းစားသင့်ပါသည်။
နွားမများသည် နို့ခမ်းပြီးချိန်နှင့် နောက်တစ်သားမမွေးမီကြား နို့နားကာလ နှစ်လခန့် ရရှိရန် လိုအပ်ပါသည်။ နို့နားကာလအတောအတွင်း နို့အုံပြန်လည်ပြင်ဆင်ရန် အခွင့်အရေးရပါသည်။ နို့ပေးကာလများကြားတွင် နွားမ၏နို့အုံသည် အနားယူချိန်မရရှိပါက နောက်လာမည့် နို့ပေးကာလတွင် နို့ထုတ်လုပ်မှု လျော့နည်းမည်ဖြစ်ပါသည်။ နွားမသည် နောက်တစ်သားမမွေးမီ နှစ်လအထိ နို့ထုတ်လုပ်မှုများနေသေးလျှင်တောင် နို့နားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ထိုမှသာ နောက်နို့ပေးကာလတွင် နို့ထုတ်ထုပ်မှု ပိုကောင်းမည်ဖြစ်သည်။
သို့သော် ထိုသို့ နို့နားခါနီးအထိ နို့များများပေးနေသော နွားမများကို နို့နားချိန်အမီ နို့လျော့ကျသွားစေရန် အစာကို ထိန်းကျွေးခြင်းဖြင့် နို့ပေးနှုန်းကို လျှော့ချသွားရမည်။ နောက်တသားမွေးဖို့ ၂ လသာလိုတော့လို့ နို့အုံအနားပေးချင်လို့ဆိုပြီး နို့ပေးများနေတုန်း (၅ - ၆ ပိဿာခန့်) ရုတ်တရက် နို့ညှစ်ရပ်လိုက်ခြင်းသည် နောက်ဆက်တွဲ နို့အုံပြဿနာများ ဖြစ်လာနိုင်သည်။
ထို့ကြောင့် မိမိခြံရှိ နွားမများ၏ တစ်ကောင်ချင်း နို့ထွက်နှုန်းမှတ်တမ်းထားရှိခြင်းသည် နို့ပေးကာလအတွင်း အစာကျွေးမှုစနစ်နှင့် နို့နားကာလစီမံခြင်းတို့အတွက် ပိုမို လွယ်ကူစေမည်။
🔸တခြားစဉ်းစားရန်တစ်ချက်မှာ နွားမ၏ ခန္ဓာကိုယ်အနေအထားပေါ် မူတည်၍ ဖြစ်သည်။
နွားမသည် နောက်တစ်သားမွေးပြီးချိန်တွင် ကျန်းမာပြီး နို့များစွာထုတ်လုပ်ရန် ခန္ဓာကိုယ်အနေအထား ကောင်းမွန်နေဖို့ လိုအပ်ပါသည်။ နွားမသည် နို့ပေးကာလနောက်ပိုင်းတွင် ပိန်နေပါက နောက်တစ်သားမွေးရန်အတွက် အဆင်ပြေစေရန် အလေးချိန်များများ တိုးဖို့လိုအပ်ပါသည်။ နို့နားချိန်တွင် ခန္ဓာကိုယ်အလေးချိန်တိုးရန် ပို၍လွယ်ကူပါသည်။
အကယ်၍ နွားမသည် အစာကောင်းမွန်စွာကျွေးသော်လည်း နို့ပေးကာလနောက်ပိုင်း (မွေးပြီး ၆ လမှ ၁၀ လကြား) တွင် တဖြည်းဖြည်းပိန်လာပါက ခန္ဓာကိုယ်အလေးချိန် တက်လာစေရန် စော၍ နို့နားသင့်ပါသည်။
🔸အစာရရှိနိုင်မှုပေါ်တွင်မူတည်၍လည်း နို့ခမ်းရန် စဉ်းစားသင့်ပါသည်။
အကယ်၍ မကြာမီကာလတွင် အစာဈေးနှုန်းတက်နိုင်ခြင်း သို့မဟုတ် အစာရရန် ခက်ခဲခြင်းတို့ ဖြစ်လာနိုင်ပါက စော၍နို့ခမ်းခြင်းသည် ပို၍အကျိုးရှိနိုင်ပါသည်။
ဥပမာ- ခြောက်သွေ့သော ကာလရောက်ခါနီးပြီး အစာနု ပမာဏများစွာ ၀ယ်ရန်လာအပ်လာနိုင်ပါသည်။ ထိုအချိန်တွင် အစာကျွေးစားရိတ်သည် ၀င်ငွေထက်များနေနိုင်သောကြောင့် ဖြစ်ပါသည်။ ဤကဲ့သို့မဟုတ်ဘဲ လာမည့်လတွင် အစာစိမ်းပိုရရှိနိုင်မည်ကို သိပါက နို့နည်းနွားမများကို နို့ဆက်ညှစ်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်လာမည့်လတွင် ပို၍ ကောင်းကောင်းကျွေးနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
အနှစ်ချုပ်အားဖြင့် နို့ခမ်းရန်ဆုံးဖြတ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားသင့်သည်။
🔹နို့ထုတ်လုပ်မှုပမာဏ
(နို့ထုတ်လုပ်မှုပမာဏသည် တွက်ချေမကိုက်ပါက နို့ခမ်းသင့်ပါသည်)
🔹သားမွေးပြီးကြာချိန်
(နို့ပေးကာလ ၁၀လကျော်ပါက နို့ခမ်းသင့်သည်)
🔹နောက်တစ်သားမွေးရန်ကြာမည့်အချိန်
(နောက်တစ်သားမမွေးမီ နှစ်လကြို၍ နို့ခမ်းသင့်သည်)
🔹နွားမ၏ ခန္ဓာကိုယ်အနေအထား
(ပိန်သောနွားမများတွင် စော၍ နို့ခမ်းသင့်သည်)
🔹အစာရရှိနိုင်မှု
(အစာရရှိရန် ခက်ခဲခြင်းနှင့် အစာကုန်ကျ စရိတ်များသော အချိန်များတွင် စော၍ နို့ခမ်းသင့်သည်)
🔹နို့ခမ်းမည့်အချိန်ကို ဘယ်လိုဆုံးဖြတ်မလဲ
(နောက်တစ်သားမကျမီ အချိန် ၊ အစာ ၊ နို့ဈေး၊ နွားမနှင့် ဈေးကွက်အတွက်လဲ စဉ်းစားသင့်ပါသည်)
🔹နို့ခမ်းရန် ဘယ်လိုပြင်ဆင်မလဲ
(နို့ထွက်နည်းအောင်စီမံခြင်း၊ နို့အုံရောင်ရောဂါမဖြစ်အောင် စီမံခြင်း)
🔸နွားမများကို နို့ခမ်းခြင်းသည် ရိုးရှင်းပါသည်- နို့မညှစ်တော့ခြင်းဖြစ်ပါသည်။ သို့သော် ဤကာလအတောအတွင်းတွင် နို့အုံမရောင်အောင် ဂရုစိုက်ရန် အရေးကြီးပါသည်။
နွားမများသည် နို့မညှစ်တော့ချိန်တွင် နို့အုံရောင်တတ်ပြီး၊ နို့အုံရောင်ပါက နောက်တစ်သားတွင် နို့ထုတ်လုပ်မှု များစွာဆုံးရှုံးနိုင်ပါသည်။ နို့ပေးများသောနွားမများသည် နို့အုံရောင်ရောဂါ ပိုဖြစ်နိုင်ပါသည်။
🔸နို့မခမ်းမီ နို့ပေးပမာဏ ၅ ပိဿာအောက် ရှိသင့်ပါသည်။ အကယ်၍ ၎င်းပမာဏထပ်ပိုများနေပါက အစာလျော့ပြီး နို့ပေးနှုန်းလျော့ကျအောင် စီမံသင့်သည်။ နို့ပေးနှုန်း လျော့သွားမှသာ နို့ခမ်းရန် စိတ်ချရသော အနေအထားဖြစ်မည်။
🔸နို့ပေးပမာဏများနေသော နွားမများကို နို့ခမ်းရန်
အစာနုနှင့် အစာစိမ်းပမာဏကို ဖြည်းဖြည်းချင်းလျှော့သင့်ပြီး ကောက်ရိုးနှင့် ရေသာပေးပါ။ ကောက်ရိုးနှင့် ရေသာပေးပါက နို့ပေးနှုန်း လျှင်မြန်စွာ လျော့ကျသွားမည်။ နို့ခမ်းပြီး တစ်ပတ်ခန့်အထိလည်း ကောက်ရိုးနှင့်ရေသာကျွေးပြီး နို့အုံရှုံ့သွားသည်အထိ စောင့်သင့်ပါသည်။ ထို့နောက် နွားမ၏ ခန္ဓာကိုယ်အနေအထားကို မဝလွန်း မပိန်လွန်း အခြေအနေရှိနေအောင် ဂရုစိုက်ပြီး ကျွေးရမည်။
🔸နွားမများကို နို့မခမ်းမီ နောက်ဆုံးနို့ညှစ်ချိန်တွင် ပိုးသတ်ရန် နို့တိုင်ကို အိုင်အိုဒင်းဆေးရည်ဖြင့် သေချာစွာနှစ်သင့်သည်။ ထို့ပြင် နို့ခမ်းမည့်နွားမများအတွက် သုံးသည့် နို့တိုင်အတွင်းထည့်သည့် ဆေးချောင်းကို နောက်ဆုံးနို့ညှစ်ပြီးနောက် အသုံးပြုနိုင်ပါသည်။
(နို့ပေးကာလတလျှောက်လုံးတွင်လည်း နို့အုံရောင်ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် နို့ညှစ်ပြီးတိုင်း နို့တိုင်ကို အိုင်အိုဒင်းဆေးရည်ဖြင့် နှစ်ပေးရမည်။)
နို့ခမ်းပြီး နှစ်ပတ်အထိလည်း နွားမကို သန့်ရှင်းသောနေရာတွင် ထားသင့်သည်။ ထိုမှသာ နို့အုံထဲသို့ ပိုးမွှားများမ၀င်အောင် တားနိုင်မည်ဖြစ်သည်။
နို့အုံကို ပုံမှန်စစ်ဆေးမှုပြုလုပ်ပါ။ အကယ်၍ နို့အုံ၏ တစ်ဖက်ဖက်သည် ရောင်နေသည်ကို တွေ့ပါက စစ်ဆေးပြီး လိုအပ်ပါက ပဋိဇီ၀ပိုးသတ်ဆေးသုံးပြီး ကုသသင့်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from MDEP
အားလုံး