ရွှေပေါ်ကျွန်းရပ်ကွက်၊ ရွှေဘိုမြို့မှ ငါးမွေးတောင်သူ ဒေါ်သန်းညွန့်၏ အောင်မြင်မှုအပိုင်းကဏ္ဍများ
မိသားစု၏ အဓိကဝင်ငွေရလမ်းများဖြစ်သည့် ငါးမွေးမြူခြင်းနှင့် ငါးရောင်းချခြင်းအလုပ်ကို နှစ်ပေါင်း (၂၀) ကြာ လုပ်ကိုင်နေသည့် ဒေါ်သန်းညွန့်သည် ငါးမွေးကန်စုစုပေါင်း (၄) ဧကရှိပြီး ရွှေပေါ်ကျွန်းရပ်ကွက်၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်းတွင် မိသားစုဝင် (၄) ဦးနှင့်အတူ လုပ်ကိုင်လျက်ရှိပါသည်။ သူမသည် ငါးမြစ်ချင်းများကို ငါးဆားနယ်ထုတ်လုပ်ရန် နှစ်အတော်ကြာ မွေးမြူခဲ့သည်။ ကန်ထဲတွင် အမြောက်အများထည့်သွင်းမွေးမြူပြီး (၁) နှစ်ကြာ အစာပုံမှန်ကျွေးခြင်းမရှိသောကြောင့် ဖမ်းဆီးရောင်းချချိန်တွင် ငါးတစ်ကောင်၏အလေးချိန်မှာ (၅) ကျပ်သားမျှသာရှိပြီး တစ်ပိဿာလျှင် (၂၂၀၀) ကျပ် ရရှိပါသည်။
၂၀၁၈ ခုနှစ် INLAND Myanmar Sustainable Aquaculture Programme (INLAND MYSAP) စီမံကိန်း၏ စံပြငါးမွေးတောင်သူအဖြစ် ဒေါ်သန်းညွန့်ကို ရွေးချယ်ခဲ့ပါသည်။ INLAND MYSAP သည် Myanmar Sustainable Aquaculture Programme (MYSAP) စီမံကိန်းများထဲမှ စီမံကိန်းတစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂ၊ ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်း ဝန်ကြီးဌာနတို့မှ ရန်ပုံငွေပံ့ပိုးထားပါသည်။ ရွှေဘိုမြို့နယ်တွင် INLAND MYSAP သည် BRAC Myanmar ငါးလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး တစ်ပိုင်တစ်နိုင် ငါးမွေးတောင်သူများအား ပံ့ပိုးခြင်းနှင့် ငါးမွေးမြူသည့်နည်းပညာ သင်တန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းနှင့် လက်တွဲပြီး (၈) လအတွင်းတွင် BRAC Myanmar ဝန်ထမ်းများမှ သူမ၏ငါးမွေးကန်တွင် တိုးတက်ကောင်းမွန်သည့် မွေးမြူနည်းစနစ်များကို သင်တန်းပို့ချခဲ့သည်။ INLAND MYSAP စီမံကိန်း၏ စံပြငါးမွေးတောင်သူအနေဖြင့် ကန်ပြုပြင်စရိတ်များအပါအဝင် ထုံးအသုံးပြုခြင်း၊ ငါးသားပေါက်ထည့်သွင်းခြင်းနှင့် ငါးအစာပံ့ပိုးခြင်းများကို စီမံကိန်းမှ ပံ့ပိုးခဲ့ပြီး ငါးမြစ်ချင်းအကောင်ရေ (၆၀၀) နှင့် ထိုင်းငါးခုံးမ အကောင်ရေ (၂၀၀) ကို ၂၀၁၈ ဩဂုတ်လတွင် (ဝ.၂၆) ဧက ကန်အရွယ်အစား၌ ထည့်သွင်းမွေးမြူခဲ့ပါသည်။
စီမံကိန်းမှပေးသည့် တစ်ပိုင်တစ်နိုင် ငါးမွေးမြူသည့် နည်းပညာသင်တန်းများနှင့် လူ့အာဟာရတိုးတက်ခြင်း သင်တန်းများကို ရရှိခဲ့ပြီးနောက် ဒေါ်သန်းညွန့်သည် ရေအရည်အသွေး pH အခြေအနေစစ်ဆေးခြင်း၊ သဘာဝအစာရရှိမှု စစ်ဆေးခြင်း၊ ငါးနမူနာတိုင်းခြင်းနှင့် အစာကျွေးရန် ငါးအစာတွက်ချက်ပုံများကို သိရှိလာပြီဖြစ်သည်။ ငါးများကို အစာကျွေးသည့်အခါတွင်လည်း အလေအလွင့်နည်းပါးစေရန် အစားများကို အစာဗန်းများ (ဇာပြာ) ဖြင့် ရေအောက်တွင် နေရာ(၃) နေရာပြုလုပ်၍ ကျွေးသည်။ ကန်ဘောင်တွင်လည်း စီမံကိန်းမှပေးသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားပြီး မိသားစုဝင်များက တစ်နေ့တာအာဟာရ မျှတစွာပါဝင်စေရန် ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ချက်ပြုတ်စားသုံးလျက်ရှိပါသည်။
စီမံကိန်းမှပေးသည့် နည်းပညာများဖြင့် မွေးမြူသည့် သူမ၏ငါးများသည် ကြီးထွားနှုန်းမြန်သောကြောင့် (၈) လတာကြာပြီး ဖမ်းဆီးရောင်းချသည့်အချိန်တွင် ပျမ်းမျှငါးတစ်ကောင်၏အလေးချိန်မှာ (၃၅) ကျပ်သားရှိနေပြီဖြစ်သည်။ (ဝ.၂၆) ဧက ကန်အကျယ်အဝန်းအတွက် ရရှိခဲ့သည့် အကျိုးအမြတ်များကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။ ဒေါ်သန်းညွန့်သည် အသားတင်အမြတ် ၃၀၉,၅၃၂.၅ ကျပ်နီးပါး ရရှိခဲ့ပြီး ရေရှည် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းကို စီမံကိန်းကပေးသည့် နည်းစနစ်များနှင့် ဆက်လက်၍ မွေးမြူသွားမည်ဖြစ်ပါသည်။ 
ယခုဆောင်းပါးကို INLAND MYSAP မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024