အံ့ဖွယ်ထူးခြား . . . . . . . ရေဘဝဲ၏ သဘာဝများ
ခြေတံလက်တံ(၈)ချောင်းပါသော ရေနေသတ္တဝါမှာ ရေဘဝဲ (octopus)အဖြစ်ထင်ရှားပြီး ကျောရိုးမဲ့ရေနေသတ္တဝါ (invertebrate)အုပ်စုတွင် ရေဘဝဲသည်လည်း ပါဝင်ပါသည်။ ရေဘဝဲများမှာ သူတို့၏ ခြေ၊ လက်တံများ ပြတ်သွားပါက အသစ်ပြန်ထွက်လာသော သဘာဝရှိကြပါသည်။ ခန္ဓာကိုယ်အလေးချိန် ပေါင် (၅၀) အရွယ်ရှိသော ရေဘဝဲတစ်ကောင်သည် အချင်း(၂)လက်မခန့်ရှိသော တွင်းထဲသို့ အသာလေး တိုးဝင်နိုင်စွမ်းရှိသည်။ ရေဘဝဲများမှာ ရေငန်ပိုင်းတွင် နေထိုင်ကြသော အခွံမဲ့ (no shell)များ ဖြစ်ကြပါသည်။
ရေဘဝဲ (octopus)၏ ခန္ဓာကိုယ်ပုံစံမှာ ထုလုံးပုံစံရှိကြပြီး ရှည်လျားကြပါသည်။ ရေဘဝဲများတွင် မီးသီးပုံလုံးဝန်းသည့်ဦးခေါင်း၊ ကြီးမားသော မျက်လုံးများနှင့် သိသာရှည်လျားသည့် ခြေ၊ လက်တံ (၈) ချောင်းပါသည့် သူတို့၏ ပုံပန်းသဏ္ဍာန်အရ ထူးခြားသောရေသတ္တဝါဟု ပြောရမည် ဖြစ်ပေသည်။
ရေဘဝဲများ၏ သွေးအရောင်မှာ နက်ပြာရောင်ဖြစ်ပြီး သူတို့တွင် မှင်ပြာရည်အိတ်ရှိကြပါသည်။ ဂဏန်း၊ ကျောက်ပုစွန်နှင့် မုတ်ကောင်များမှာ ရေဘဝဲ၏ အစာဖြစ်ပြီး ရေဘဝဲများမှာ သားကောင်ကို မတိုက်ခိုက်ခင် အာရုံရှုပ်ထွေးသွားစေဖို့အတွက် မှင်ပြာရည်ကို အသုံးပြုကြခြင်း ဖြစ်သည်။ ထို့ပြင် မှင်ပြာရည်မှာ ရေဘဝဲတွေ၏ ရန်သူ ရေသတ္တဝါများကို နာကြင်အောင် (သို့မဟုတ်) ရန်သူ၏မျက်လုံးကို ကန်းသွားစေလောက်သည်အထိ ကျိန်းစပ်စေပါသည်။ ရေဘဝဲများ၏ မှင်ပြာရည်ကို ရေဘဝဲတွေကိုယ်တိုင် မရှောင်နိုင်ပါကလည်း ၎င်းတို့ကိုယ္်တိုင်လည်း သေဆုံးရလေ့ရှိပါသည်။
ရေဘဝဲတွေမှာ နှလုံး(၃)ခုပါရှိပြီး ရေဘဝဲတွေရေကူးနေချိန်မှာ နှလုံးခုန်တာ ရပ်သွားကြပါသည်။ ရေဘဝဲတွေ ရေကူးခြင်းမှာ သူတို့အတွက် မောပန်းနွမ်းနယ်စေသောကြောင့် ရေဘဝဲတွေ ရေကူးတယ်ဆိုတာထက် တွားသွားကြခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ ရေဘဝဲများ၏ ခြေ၊ လက်တံများမှာ အာရုံခံစားနိုင်စွမ်းရှိကြပြီး ၃ပုံ ၂ပုံသော အာရုံကြောများမှာ ဦးခေါင်းထဲတွင် မဟုတ်ဘဲ ခြေ၊ လက်တံတွေမှာ ရှိနေကြခြင်းဖြစ်ပါသည်။
ရေဘဝဲအထီးမှာ မိတ်လိုက်ပြီးနောက်ပိုင်း သိပ်မကြာခင်မှာ သေဆုံးရလေ့ရှိပြီး ရေဘဝဲအမမှာ ဥပေါင်း (၄)သိန်းခန့်ကို သယ်ဆောင်ထားရပြီး ကာကွယ်စောင့်ရှောက်ကြရပါသည်။ ရေဘဝဲအမမှာ ရေဘဝဲလေးတွေ ဥပေါက်သည်အထိ အစာငတ်ခံကြရပါသည်။ သို့သော် ရေဘဝဲအမများမှာ အစာအငတ်ခံ၍ သေဆုံးသွားရခြင်း မရှိဘဲ သူတို့ခန္ဓာကိုယ်မှ ဆဲလ်တွေအလိုအလျောက်သေဆုံးသွားမှသာ သေဆုံးရခြင်းဖြစ်သည်ဟု သိရသည်။
ရေဘဝဲ (octopus)များမှာ Cephalopods (ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲ) အုပ်စုဝင် ပါဝင်ပါသည်။ အသားဓါတ် (Protein)မြင့်မားစွာပါဝင်ပြီး အဆီပါဝင်မှု နည်းပါးသောကြောင့် လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူပြုသော ရေသတ္နဝါလည်း ဖြစ်သည်။ ရေဘဝဲကို သုပ်စား၊ ကင်စားခြင်းအပြင် ရေဘဝဲလုံးကြော်၊ ရေဘဝဲချဥ်စပ်၊ ရေဘဝဲထောင်း၊ရေဘဝဲဖောင်း စသည့် ဟင်းလျာများမှာ နာမည်ကြီးပြီး အရသာ ထူးလှပါသည်။
ရေဘဝဲမျိုးစိတ်နှင့် ပတ်သက်၍
Phylum (မျိုးပေါင်းစု) - Mollusca
Class (အမျိုးအစား) - Cephalopoda
Order (မျိုးစဥ်) - Octopoda
Family (မျိုးရင်း) - Octopodae
Genus (မျိုးစု) - Octopus
Species (မျိုးစိတ်) - Globusus
English Name (အင်္ဂလိပ်အမည်) - Globe Octopusဟူ၍ ဖြစ်ပါသည်။
ပင်လယ်ပြာ(ငါးဦးစီးဌာန)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....