တန်ဖိုးကြီး ရှားပါး …… ကသမျှင်ငါးစီးဖေါင်းများ
ကသမျှင်ငါးမှာ croaker(ငါးပုတ်သင်) အုပ်စုတွင် ပါဝင်သည်။ တန်ဖိုးကြီး စီဖေါင်းပါပြီး ရှားပါးငါးဖြစ်သည်။ စီဖေါင်းမှန်သမျှ ဈေးကောင်းကြပါသည်။ ငါးစီဖေါင်းမှာ အင်္ဂလိပ်လို (swimbladder (or) gas bladder (or) fish maw (or) air bladder) ဟုခေါ်ဆိုကြပါသည်။ ငါးစီဖေါင်းများတွင် ကသမျှင်ငါးစီးဖေါင်းများသည် အလွန်ဈေးကောင်းပြီး သိန်းရာချီ အဖိုးတန်လှပေသည်။ အထီးမှာ စီဖေါင်းအသားထူပြီး အမထက် ဈေးပိုရပါသည်။ ဥပမာ - ငါးတစ်ကောင် ပိဿာ (၂၀)ရှိလျှင် စီဖေါင်းခန့်မှန်းခြေ (၂၀) သား လောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများ ခန့်မှန်းကြပါသည်။
ထိုငါးများမှာ ရှားပါးငါးမျိုးစိတ်ဖြစ်ပြီး ငါးများ၏ အကောင်အရွယ်အစားမှာ (၆)ပေခွဲခန့် မျှ ကြီးထွားနိုင်ပြီး အလေးချိန်အားဖြင့် (၁၀၀) ကီလိုဂရမ်ထိရှိတတ်ပါသည်။ အရောင်မှာ ရွှေရောင်၊ ငွေရောင် (၂)မျိုးရှိသည်ဟု သိရပါသည်။ ထိုငါးများမှာ ရေချိုနှင့် ရေငန် ပေါင်းစပ်သည့် မြစ်ချောင်းများထဲ၌ နေထိုင်တတ်ကြပါသည်။ ငါးစီဖေါင်းမှာ ငါးအားလုံးတွင် မပါရှိကြပါ။ အရိုးများသောငါး၊ ရေချိုငါးများနှင့် ပင်လယ်ငါးအချို့၌သာ ပါရှိပါသည်။
ကသမျှင်ငါးများကို ကံကောင်းသူများမှသာ ရမိကြတတ်ပါသည်။ ထိုငါးများမှာ ပိုက်တွင် ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သေဆုံးကုန်သည်က များပါသည်။ အရှင်မိဖို့ အလွန်နည်းပါးလှပါသည်။ တကူးတက ရှာဖွေဖမ်းဆီးပါက မရတတ်သလို ကံစပ်မှသာ ရမိကြသည်ဟု သိရပါသည်။ ထိုငါးရပါက ရေလုပ်သားများသည် ထီဆုကြီးပေါက်သကဲ့သို့ ပျော်ရွှင်ကြပါသည်။ ကသမျှင်ငါးရပြီးတည်းက ငါးလုပ်သားများ ငါးဖမ်းတာကိုရပ်လိုက်ကြရပါသည်။ ဆက်ဖမ်းပါက ရှိသမျှကုန်သည်ဟု ဆိုကြပါသည်။
ကသမျှင်ငါးကို
Scientific Name - Bahaba taipingensis
English Name - Chinese Bahaba (or) Yellow Croaker ဟုသိရပါသည်။
ကသမျှင်ငါးကို ဖမ်းမိပါက စီဖေါင်းအနေအထားသိရှိရန် ဝမ်းဗိုက်ကို လက်ဖြင့်စမ်းပြီး စီဖေါင်းအထူအပါးကို ခန့်မှန်းပြီး ဈေးပေးကြပါသည်။
ကသမျှင်ငါးစီဖေါင်းမှာ လူမမာများအတွက် အင်အားပြည့်ဖြိုးစေသည်ဟု သိရပါသည်။ နှလုံးကို အကျိုးပြုသည်ဟုလည်း သိရဖူးပါသည်။ တရုတ်လူမျိုးများ ဆေးဝါးဖော်စပ်ရာ၌လည်းသုံးကြပြီး အလွန်အဖိုးတန်လှပါသည်။ ထို့ပြင် တန်ဖိုးကြီးရေမွှေးများထုတ်လုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ အာရပ်လူမျိုးများ ကလေးမွေးပြီး မီးနေသည့်ဘဝမှာ ကသမျှင်ငါးစီဖေါင်းကို မီးရှို့အငွေ့ရှူကြသည်ဟု ဆိုကြပါသည်။ တချို့တရုတ်လူမျိုးနွယ်စုတစ်မျိုးမှာ ယောက်ျား (သို့မဟုတ်) မိန်းမ တင်တောင်းရာတွင် သုံးကြပါသည်။
ကသမျှင်ငါးကို Lucky ငါးဟုလည်း ခေါ်ဆိုကြပါသည်။ စီဖေါင်းကို တချို့မှာ နေပူမလှန်းကြသည်မှာ အလေးချိန်စီးအောင်ဖြစ်ပါသည်။ စီဖေါင်းတွင် သွေးစွန်းရာ၊ ပွန်းပဲ့ရာ၊ စီဖေါင်းအတံရှည်ထိပ်ပိုင်းလေး ပဲ့နေပါက ဈေးကောင်းမရကြပေ။ ထို့ကြောင့် ယခုနောက်ပိုင်း အကောင်လိုက်ရောင်းကြခြင်းဖြစ်ပါသည်။ စီဖေါင်းအရောင်လှလေ ဈေးကောင်းရလေဖြစ်သည်။ အထီးစီဖေါင်းက ရှည်မျောမျောလေးဖြစ်ပြီး အမစီဖေါင်းက ဝိုင်းသည်ဟု ဆိုကြပါသည်။ အထီးစီဖေါင်းမှာ အလယ်ကထူပြီး ဘေးပတ်ချာလည်က ပါးပါသည်။ အမစီဖေါင်းက တစ်ချပ်လုံးပါးပါသည်။ ကျည်ကာမှန်ပြုလုပ်ရာမှာလည်း အသုံးပြုကြပါသည်။ ကသမျှင်ငါး ရွှေရောင်နှင့် ငွေရောင် (၂)မျိုးတွင် ရွှေရောင်က ဈေးပိုရပါသည်။ စီဖေါင်းအခြောက်ကို နေရောင်တွင် ထောင်ကြည့်ပါက ရွှေရောင်လဲ့လဲ့၊ ငွေရောင်အမှုန်လေးများ မြင်တွေ့ရပါသည်။
အသားမှာ ကြမ်းသည်ထင်ရသော်လည်း အရသာရှိသော ငါးတစ်မျိုးဖြစ်ပါသည်။ အသားကနူးညံ့၍ အရေခွံမှာ စားလျှင် ထုတ်ထုတ်နှင့် စား၍ကောင်းသည်ဟု ဆိုကြပါသည်။ အသားရော စီဖေါင်းပါ အသုံးဝင်လှပါပေသည်။
ပင်လယ်ပြာ(ငါးလုပ်ငန်းဦးစီးဌာန)
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....