အစိမ်းရောင်လမ်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာဒါန လက်မှုပညာ အခြေခံသင်တန်း

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာဒါန လက်မှုပညာ အခြေခံသင်တန်း

Clean Sandoway ရဲ့ ပထမခြေလှမ်း အဖြစ်ဖွင့်လှစ်မယ့် ပညာဒါနသင်တန်း ဖြစ်ပါတယ်။ ဒေသထွက်ကုန်ကြမ်းဖြစ်တဲ့ အုန်းသီးခွံမာ/အုန်းသီးခွံပျော့ တို့ကို အသုံးပြုပြီး လူအသုံးအဆောင် ပစ္စည်း၊ အမှတ်တရလက်ဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုသင်တန်းကို သံတွဲမြို့မှာ ဖွင့်လှစ်သင်ကြားပေးမှာ ဖြစ်ပါတယ်။
သင်တန်းသား ၁၀ဦး သတ်မှတ်ထားပြီး၊ စိတ်ပါဝင်စားသူ ကလေး၊ လူငယ်၊ လူကြီး ၊ ကျား၊ မ ၊ မည်သူမဆို တက်ရောက်နိုင် ပါတယ်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ ငပလီကမ်းဖြေ ဒေသကိုအမှီသဟဲပြုပြီး တဖက်တလမ်း ဝင်ငွေရလုအ်ငန်းအဖြစ် လုပ်လို့ရမယ့် ပညာရပ်ပါ။
လျှောက်ကြဖို့ တိုက်တွန်းပါတယ်။
#သင်တန်းကာလ
၄ပတ်တာကာလကြာမြင့်ပါမယ်။
#သင်တန်းချိန်
အပတ်စဉ် ဥပုဒ်နေ့ နှင့် တနင်္ဂနွေ(နေ့လည် ၁နာရီမှ ညနေ ၅နာရီထိ)
#သင်တန်းစတင်ဖွင့်လှစ်မည့်နေ့
ဩဂုတ် ၁၈၊ ၂၀၁၈(စနေနေ့)
"အမည်၊ အသက်၊ ပညာအရည်အချင်း၊ ဆက်သွယ်ရမည့် နံပတ်တို့ကို ပေးပို့ကာ လျှောက်နိုင်ပါတယ်"
#သင်တန်းကြေးပေးဆောင်ရန်မလိုပါ
#ကတိကဝတ် _ သင်တန်းကာလ ပြီးဆုံးအောင်တက်ရောက်နိုင်ရပါမယ်။ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပါမယ်။
"သင်တန်းချိန်အတွင်း ကော်ဖီ၊ လက်ဖက်ရည် ဒါနပြုပါမယ်"
စိတ်ပါဝင်စားတဲ့ သင်တန်းသားများ ဆက်သွယ်ရန်-
ဖုန်း- ၀၉ ၂၆၃ ၈၇၆ ၅၇၃၊ ၀၉ ၇၈၅ ၂၆၂ ၉၀၃
Clean Sandoway Facebook Page မှ ကူးယူဖော်ပြပါသည်။

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....