တောင်သူမှတောင်သူသို့..
👩🌾🧑🌾 တောင်သူများလည်း 'အစိမ်းရောင်လမ်း' မှာ စာရေးဆရာများ ဖြစ်နိုင်ပါပြီ 🖊🖊
========================================
🖊🖊 အကြောင်းအရာသာအဓိကကျပြီး စာရေးကောင်းခြင်း မကောင်းခြင်းသည် အဓိကမကျပါ။
👩🌾🧑🌾 အစိမ်းရောင်လမ်း (Green Way App) သုံးစွဲသူတောင်သူများအနေဖြင့် မိမိတို့၏ အတွေ့အကြုံများ၊ နီးစပ်ရာဝန်းကျင်မှ စိုက်ပျိုးမွေးမြူရေးနှင့်သက်ဆိုင်သည့် သတင်းများကို Green Way ထံ ပေးပို့နိုင်မည်ဖြစ်ပါသည်။
အောက်ဖော်ပြပါအကြောင်းအရာများကို ရေးသားပေးပို့နိုင်ပါသည်။
👩🌾🧑🌾 (၁) Green Way က တင်ဆက်သည့် တောင်သူအကျိုးပြုဆောင်းပါးများထဲမှ နည်းလမ်းများ၊ ဗဟုသုတများကို အသုံးချကြည့်ရာမှ ရရှိလာသည့် အတွေ့အကြုံများအကြောင်း
👩🌾🧑🌾 (၂) မိမိတို့ပတ်ဝန်းကျင်ရှိ ထူးခြားသည့် ဒေသအသီးအနှံ၊ ဟင်းသီးဟင်းရွက်များအကြောင်း (ရိုးရာဟင်း၊ အစားအသောက်များ ပြုလုပ်နည်းများ အပါအဝင်)
👩🌾🧑🌾 (၃) စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် မိရိုးဖလာ ဓလေ့ထုံးတမ်းများ၊ အယူအဆများ (ရိုးရာကိုးကွယ်မှုဓလေ့များအကြောင်းအပါအဝင်) အကြောင်း၊
👩🌾🧑🌾 (၄) မိမိပတ်ဝန်းကျင်ရှိ စိတ်ဝင်စားဖွယ်ရာ သတင်းနှင့် သတင်းအချက်အလက်များအကြောင်း (ဈေးကွက်အခြေအနေ၊ အတက်အကျများအပါအဝင်)
စသည်ဖြင့် မည်သည့်အကြောင်းအရာမဆို မိမိရေးသားတတ်သလိုပုံစံဖြင့် ရေးသားပေးပို့နိုင်ပါသည်။
🖊🖊 ရေးသားရာတွင် အကြောင်းအရာကို ရှင်းလင်းအောင်ဖော်ပြရန်သာလိုအပ်ပြီး ရေးသားမှုပုံစံကို ဂရုစိုက်စရာ မလိုအပ်ပါ။ Green Way Content Team မှ လိုအပ်သလို ဆက်သွယ်ပေးခြင်း၊ ပြန်လည်တည်းဖြတ် ပြင်ဆင်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်၍ လွတ်လွတ်လပ်လပ် ရေးသားပေးပို့နိုင်ပါသည်။
✅ ဆောင်းပါးများကို အောက်ပါအီးမေးလ်သို့ ပေးပို့သွားရမည်ဖြစ်ပါသည်။
📧📧 articles@greenwaymyanmar.org
Green Way App တွင် ရွေးချယ်ဖော်ပြခြင်းခံရသည့်ဆောင်းပါးများအတွက် သတ်မှတ်စာမူခများ ချီးမြှင့်သွားမည်ဖြစ်ပါသည်။
Tin Zar Win
လွန်ခဲ့သော ၃ နှစ် ကပါဝင်ဆွေးနွေးပါမည်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026