အစိမ်းရောင်လမ်း
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများ GAP အသိအမှတ်ပြုလက်မှတ်ရှိမှသာ ပြည်ပသို့တင်ပို့နိုင်မည်

ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများ GAP အသိအမှတ်ပြုလက်မှတ်ရှိမှသာ ပြည်ပသို့တင်ပို့နိုင်မည်

နေပြည်တော် ဒီဇင်ဘာ ၁၃

၂ဝ၁၅ ခုနှစ်မှစတင်ပြီး စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်း(Good Agricultural Practives-GAP) အသိအမှတ်ပြုလက်မှတ်ရရှိမှသာ ကုမ္ပဏီများနှင့် တောင်သူများအနေဖြင့် ၎င်းတို့စိုက်ပျိုးထုတ်လုပ်သည့် သီးနှံ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ ရောင်းချနိုင်တော့မည်ဖြစ်သည်။

ယင်းသို့ ဆောင်ရွက်ရခြင်းမှာ စိုက်ပျိုးထုတ်လုပ်သူကုမ္ပဏီများနှင့် တောင်သူများအနေဖြင့် ၎င်းတို့ ထုတ်လုပ်သည့် သီးနှံထုတ်ကုန်များ အပေါ် ယခုထက်ပိုမိုစျေးကောင်း ရရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။ GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက် က လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီး ဌာနရုံးချုပ် အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် စိုက်ပျိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက အာဆီယံနိုင်ငံများ အချင်းချင်း လွတ်လပ်သောကုန်သွယ် ရေးစနစ်ကို ၂ဝ၁၅ ခုနှစ်တွင် ဖော်ဆောင်ကြမည်ဖြစ်ရာ နိုင်ငံ တကာနှင့်လွတ်လပ်စွာကုန်သွယ်မှုပြု နိုင်ရေးအတွက် စားသုံးသီးနှံများကို GAP အသိအမှတ်ပြုထောက်ခံချက် ရရှိရန် လိုအပ်တော့မည် ဖြစ်ကြောင်း၊ GAPကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများဖြစ်ပြီး စိုက်ပျိုးထုတ်လုပ် စဉ်၊ ရိတ်သိမ်းစဉ်၊ ကိုင်တွယ်ထုပ်ပိုးစဉ် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများ တွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အရာများကင်းရှင်းရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရေး၊ သီးနှံများ အရည်အသွေးကောင်းမွန်စေရေးနှင့် ယင်းလုပ်ငန်းများကို ဆောင်ရွက်နေ သော လုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် ဆောင်ရွက် သင့်သော အလေ့အကျင့်ကောင်းများ ပင်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

GAP လုပ်ငန်းများကို ဗဟို GAP အကောင်အထည်ဖော်ရေးနှင့် ကြီးကြပ် ရေးအဖွဲ့၊ GAP အသိအမှတ်ပြုလက် မှတ်ထုတ်ပေးရေးအဖွဲ့၊ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၊ ပညာပေးရေး အဖွဲ့၊ ဓာတ်ခွဲစစ်ဆေးရေးအဖွဲ့ တို့ဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။

သီးနှံစိုက်ပျိုးထုတ်လုပ်သည့် ကုမ္ပဏီများနှင့် တောင်သူများအနေ ဖြင့် GAP လက်မှတ်လျှောက်ထား မည်ဆိုပါက စိုက်ပျိုးမည့်မြေနေရာ၏ မြေနမူနာ၊ ရေနမူနာများကို စိုက်ပျိုး ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး သွားမည်ဖြစ်သည်။ ထို့ပြင် မြေ ရာဇဝင်နှင့် သုံးစွဲသည့်ရေသည် GAP ဆောင်ရွက်ရန် သင့်တော် မှသာ လျှောက်လွှာကို အတည်ပြု၍ ဆက်လက် ဆောင်ရွက်ခွင့်ပြုမည်ဖြစ် သည်။ GAP ဆောင်ရွက်ခွင့်ရသူများ အနေဖြင့်လည်း GAP နှင့် ပတ်သက် သည့်လုပ်ငန်းစဉ်များ၊ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲနည်းသင်တန်းတို့ကိုလည်း တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် စိုက်ပျိုးထုတ်လုပ် သူတောင်သူများ၊ ကုမ္ပဏီများအနေဖြင့် GAP လုပ်ငန်းစဉ်အတိုင်း သီးနှံများကို စိုက်ပျိုးထုတ်လုပ်ရမည်ဖြစ်ပြီး သတ်မှတ်ချက်အတိုင်း ဆောင်ရွက် ထားမှုရှိ၊ မရှိကိုလည်း တာဝန်ရှိသူများ က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှု များ ပြုလုပ်သွားမည်ဖြစ်သည်။

စစ်ဆေးဆောင်ရွက်သူများအနေဖြင့် သီးနှံထုတ်လုပ်သူများ၏ Packing House ၌ ပြည်ပသို့တင်ပို့မည့် သီးနှံ ထုပ်ပိုးမှုအဆင့်ဆင့်ကို စံချိန်စံညွှန်း အတိုင်း ဆောင်ရွက်ခြင်း ရှိ၊ မရှိ ကိုလည်း စစ်ဆေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုပေါက်(ဥက္ကာမြေ)

 

REF: The Mirror Daily

You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....