တီထွင်ဆန်းသစ်မှုစိန်ခေါ်ပွဲ
တီထွင်ဆန်းသစ်မှုဆိုတာဘာလဲ
မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ကျေးရွာလူထုများအတွက် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ရေရှည်တည်တံ့သောနည်းဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ နှင့် ဝင်ငွေဖန်တီးမှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အကူ ပြုပေးနိုင်သည့် စီးပွားရေးဆိုင်ရာ အကြံဉာဏ် အသစ်များ၊ စိတ်ကူးသစ်များအား ကျေးရွာအခြေပြု စီးပွားရေး လုပ်ငန်းစုများ၊ လူမှုစီးပွားရေး လုပ်ငန်းလုပ်ဆောင်သူများ နှင့် စီးပွားရေး စတင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များ ထံမှ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။
အကောင်အထည်ဖော် ဆောင်ရွက်သောလုပ်ငန်းများသည် အောက်ဖော်ပြပါ စိန်ခေါ်မှုများ ကို ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။
- သစ် မဟုတ်သော သစ်တောထွက်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကို စျေးကွက်ရရှိရေး ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာလူထုများအတွက် ဝင်ငွေတိုး အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းကောင်းလာစေခြင်း။
- စျေးကွက်ရရှိပြီး ရေရှည်တည်တံ့သော ဝင်ငွေ ရရှိရေး အတွက် ကျေးရွာလူထုများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း။
- အသေးစား တောင်သူလယ်သမားများအကြား ရေရှည်တည်တံ့မှု မရှိသော ထုတ်လုပ်မှု အလေ့အကျင့်များကို ကိုင်တွယ်ဖြေရှင်းပြီး အစိမ်းရောင်စီးပွားရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေမည့် ကုန်ကျစရိတ်သက်သာသော ဖြေရှင်းနည်းများကို ဖော်ဆောင်ပေးခြင်း။
ပြိုင်ပွဲယှဉ်ပြိုင်ရန် တင်ပြထားသော တီထွင်ဆန်းသစ်မှုဆိုင်ရာ အကြံဉာဏ်များ အားလုံးသည်
- ကျေးရွာအခြေပြု စီးပွားရေး လုပ်ငန်းစုများ၊ လူမှုစီးပွားရေး လုပ်ငန်းလုပ်ဆောင်သူများနှင့် စီးပွားရေး စတင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင်များ သာလျှင် ပေးပို့နိုင်သည်။
- COVID-19 ပြန်လည်ထူထောင်ရေးကို ဦးတည်ပြီး ဌာနေတိုင်းရင်းသားများနှင့် ကျေးရွာ လူထုများ အတွက် ဝင်ငွေတိုးလာစေရန် ဦးတည်ရမည်။
- ဌာနေတိုင်းရင်းသားများနှင့် ကျေးရွာလူထုများအတွက် လုပ်ပိုင်ခွင့် အခွင့်အာဏာများ/ ပူးပေါင်းပါဝင်ခွင့်များနှင့် လွှမ်းမိုးချုပ်ကိုင်ခွင့် ပိုမိုရရှိရန် တွန်းအားပေးနိုင်ရမည်။
- စျေးကွက် လက်လှမ်းမှီမှုနှင့် စျေးကွက် စီးဆင်းမှုကို မြှင့်တင်ပေးနိုင်ရမည်။
- သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုကိုလည်း ပံ့ပိုးပေးနိုင်ရမည်။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်ရန် ကူညီနိုင်ရမည်။
- ရေရှည်ခိုင်မာသော စီးပွားရေးအကြံဉာဏ်ဖြစ်ရမည်။
- ဆန်းသစ်တီထွင်မှုဖြစ်ရမည်။
ဘာကြောင့်လျှောက်ထားသင့်သလဲ
- ရံပုံငွေရရှိမည့် အခွင့်အလမ်း - မိမိတို့၏ စိတ်ကူးအကြံဉာဏ်များကို အကောင်အထည်ဖော်ရန် ငွေကြေး ထောက်ပံ့မှုကို ရယူနိုင်မည်။
- နည်းပြများထံမှသင်တန်းရရှိမည် - ဒီဇိုင်းတွေးခေါ်မှုနှင့် စီးပွားရေးနှင့် စွန့်ဦးတီထွင်မှုကဲ့သို့သော ကျွမ်းကျင်သူများနှင့် ဆန်းသစ်တီထွင်မှုနှင့်ဆက်နွယ်သည့် နည်းပညာများနှင့်အတူ နည်းပြ သင်တန်းများမှ အကျိုးကျေးဇူးများရရှိမည်။
- အကူအညီရယူနိုင်သည် - WWF-မြန်မာ လုပ်ဖော်ကိုင်ဖက်များထံမှ လမ်းညွှန်မှု ရယူနိုင်မည်။
- ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ဆန်းသစ်တီထွင်မှုကို အထောက်အကူပြု ပံ့ပိုးပေးနိုင်သည့် စဉ်းစား တွေးခေါ်နည်းများ (Design Thinking) အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းများကို ပံ့ပိုးပေးမည်ဖြစ် ပြီး ၎င်းတို့၏ စိတ်ကူးအကြံညာဏ်များကိုလည်း နမူနာပုံစံများ ထုတ်လုပ်ခြင်း၊ လက်တွေ့စမ်းသပ် လုပ်ဆောင်ခြင်းနှင့် ရလာဒ်ပေါ် မူတည်၍ အရှိန်အဟုန်မြှင့် ထုတ်လုပ်ခြင်း စသည့် လုပ်ဆောင်ခြင်းများအတွက်ပါ ပံ့ပိုးပေးမည်ဖြစ်ပါသည်။
- ပြိုင်ပွဲတွင် အနိုင်ရရှိသူများသည် သုံးလကြာ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး ၎င်းတို့၏ စိတ်ကူးအကြံညာဏ်များကို နမူနာ ပုံစံ စမ်းသပ်လုပ်ဆောင်ရန်အတွက် ဒေါ်လာ ၃၀၀၀ အထိ ဆုကြေးငွေ ပံ့ပိုးမှု ရရှိမည်ဖြစ်သည် (ဆုကြေးငွေပမာဏသည် ရွေးချယ်လိုက်သော စိတ်ကူးအကြံဉာဏ်များအပေါ်တွင် မူတည်လိမ့်မည်)။
အနိုင်ရရှိသူများအားရွေးချယ်စီစစ်ရာတွင်အဆင့် ၂ ဆင့်ရှိသည်။
(၁) ဆန်းသစ်တီထွင်မှုကို အထောက်အကူပြု ပံ့ပိုးပေးနိုင်သည့် စဉ်းစား တွေးခေါ်နည်းများ (Design Thinking Methodology) နှင့် စီးပွားရေး လုပ်ငန်းပုံစံများ ရေးဆွဲခြင်း စသည့် မိမိတို့၏ စိတ်ကူးအကြံဉာဏ်များ ပိုမို ကောင်းမွန်စွာ ဖန်တီးလာနိုင်စေရန် အကူအညီပေးမည့် (၅) ရက်ကြာ သင်တန်းအစီအစဉ်တွင် ပါဝင်ရန်အတွက် စိတ်ပါဝင်စားသူအားလုံးသည် မိမိတို့၏ ကနဦး စိတ်ကူး အကြံဉာဏ်များအား စိတ်ဝင်စားမှု ဖော်ပြပေးသည့် ပုံစံတွင် ရေးသားဖော်ပြပြီး လျှောက်ထားနိုင်ပါသည်။
(၂) အထက်ဖော်ပြပါ သင်တန်း အစီအစဉ် မှတဆင့် ပြိုင်ပွဲဝင်များ၏ စိတ်ကူးအကြံဉာဏ်များကို အနိုင်ရရှိသူကို ရွေးချယ်မည့် အကဲဖြတ်အဖွဲ့ထံ တင်သွင်းမည် ဖြစ်သည်။
အထက်ဖော်ပြပါ သင်တန်း အစီအစဉ်တွင် ပါဝင်သူအားလုံးကို ပြိုင်ပွဲတွင် အနိုင်ရရှိသူအဖြစ် ရွေးချယ်ခံရမည် မဟုတ်သော်လည်း ထိုသင်တန်းအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် မိမိတို့၏ စီးပွားလုပ်ငန်းကို အထောက်အကူပြု ပေးနိုင်သည့် စွမ်းဆောင်ရည် တိုးတက်မှုများကို ရရှိမည်ဖြစ်ပါသည်။
ဘယ်သူတွေလျှောက်ထားနိုင်သလဲ
- လျှောက်ထားသူများသည် ကျေးရွာအခြေပြု စီးပွားရေးလုပ်ငန်းများ၊ လူမှုစီးပွားရေးလုပ်ငန်းများသို့မဟုတ် စီးပွားရေး အစပြု တည်ထောင်သော စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖြစ်ရမည်။
- ကျေးရွာအခြေပြု စီးပွားရေးလုပ်ငန်း - ကျေးရွာလူထု အဖွဲ့ဝင်များ ပိုင်ဆိုင်၍ စီမံခန့်ခွဲသောလုပ်ငန်းဖြစ်သည်။ ပုဂ္ဂလိကလုပ်ငန်းများနှင့် ကွဲပြားသည့် အချက်မှာ ပုဂ္ဂိုလ်တစ်ဦး တယောက်၏ အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကျေးရွာလူထု အသိုင်းအဝိုင်း အကျိုးရရှိစေရန် ရည်ရွယ်၍ လုပ်ဆောင်သည့် စီးပွားရေး လုပ်ငန်းပင် ဖြစ်သည်။
- လူမှုစီးပွားရေးလုပ်ငန်း- အမြတ်အစွန်းရရန် ရည်ရွယ်ပြီး လူသား နှင့်/သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာ များကို တချိန်တည်းတွင် ဖြေရှင်းပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
- စီးပွားရေးလုပ်ငန်း စတင် လုပ်ဆောင်နေသည့် လုပ်ငန်းရှင် - ဝယ်လိုအားရှိနေသည်ဟု ယုံကြည်သည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လိုသည့် လုပ်ငန်းရှင် တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသော လုပ်ငန်းရှင်များ။
WWF _ မြန်မာ၏ ပြိုင်ပွဲဖိတ်ခေါ်ထားခြင်းကို ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။
ယခုမေလအတွင်း လျှောက်ထားနိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအချိန်ဇယားအပြည့်အစုံနှင့် လျှောက်ထားရမည့်ပုံစံကို အောက်ပါလင့်တွင် သွားရောက်ရယူနိုင်ပါသည်။
https://www.wwf.org.mm/wwf_innovation_challenge_2022/
ဦးသန်းစိုး
လွန်ခဲ့သော ၄ နှစ် ကစာတမ်းပြုစုရေးသားပါမည်
ဦးသန်းစိုး
လွန်ခဲ့သော ၄ နှစ် ကစိတ်ဝင်စားပါသည်
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026