စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သတင်းနှင့်ဆောင်းပါးစာမူများ ဖိတ်ခေါ်ခြင်း
ကျွန်တော်တို့ Green Way အနေဖြင့် တောင်သူများအား အသိပညာနှင့် ဗဟုသုတများ ရရှိစေမည့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ သတင်းနှင့် ဆောင်းပါးများ တင်ဆက်ခြင်းကို ၂၀၁၁ ခုနှစ်ကတည်းက Blogspot တစ်ခုအနေဖြင့် စတင်လုပ်ဆောင်ခဲ့ပါသည်။
၂၀၁၆ ခုနှစ်တွင်တော့ Mobile Application တစ်ခုအနေဖြင့် ပြောင်းလဲပြီး တောင်သူပညာပေးခြင်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင်ခဲ့ပါသည်။
လက်ရှိတွင် ကျွန်တော်တို့ Green Way App အနေဖြင့် တောင်သူများထံက အခက်အခဲများ၊ လိုအပ်ချက်များ စသည့် တောင်သူ့အသံများ၊ စိတ်ဝင်စားစရာတောင်သူဓလေ့ထုံးတမ်းများ၊ ဒေသဆိုင်ရာဈေးကွက်အခြေအနေများ စသည့် သတင်းဆောင်းပါးများကို ထပ်မံတိုးချဲ့တင်ဆက်ရန် လုပ်ဆောင်လိုသည့်အတွက် တောင်သူများအပါအဝင် အခြား စိတ်ဝင်စား၍ ရေးသားချင်သူ မည်သူ့ထံကမဆို သတင်းနှင့်ဆောင်းပါး စာမူများ ဖိတ်ခေါ်လိုပါသည်။
ရွေးချယ်ဖော်ပြသွားမည့်သတင်းနှင့်ဆောင်းပါးများအတွက် ကျွန်တော်တို့ Green Way က သတ်မှတ်ချက်ထားသည့် စံနှုန်းများမှာ..
(၁) ပညာပေးမှုဘယ်လောက်ရှိသလဲ?
(၂) စိတ်ဝင်စားစရာကောင်းမှု ဘယ်လောက်ရှိသလဲ?
(၃) So What? ဒီတော့ဘာဖြစ်လဲ ဆိုသည့် ဒီသတင်းကြောင့် သက်ရောက်မှု ဘယ်လိုရှိသလဲ?
ဆိုသည့်အချက်များ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ယင်းအချက်များနှင့် ကိုက်ညီပါက မည်သူမဆို ကျွန်တော်တို့ Green Way ထံ သတင်းနှင့်ဆောင်းပါးများ ပေးပို့နိုင်ပါသည်။ အချက်အလက်များ ပြည့်စုံပြီး ကျွန်တော်တို့စံသတ်မှတ်ချက်အနည်းဆုံး တစ်ချက်နှင့် ကိုက်ညီနေပါက မည်သည့်ပုံစံဖြင့် ရေးလာသည်ဖြစ်စေ (အချက်အလက်ပြည့်စုံမှန်ကန်ရန်သာလို) ကျွန်တော်တို့ Green Way Content Team မှ ပြင်ဆင်တည်းဖြတ်ပေးသွားမည်ဖြစ်၍ ရေးသားချင်သူ မည်သူမဆို လွတ်လွတ်လပ်လပ် ရေးသားပေးပို့နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
ရွေးချယ်ခံရသည့်စာမူများအတွက် ကျွန်တော်တို့ Green Way App မှ သတ်မှတ်ထားသည့် စာမူခများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
သတင်းနှင့်ဆောင်းပါးများ ပေးပို့ရာတွင် သတ်မှတ်ထားသည့် လိုအပ်ချက်များမှာ..
- စာရေးသူ၏ ကိုယ်ရေးအချက်အလက်အကျဉ်း
- Green Way App တွင် မှတ်ပုံတင်ဝင်ရောက်ထားသည့် ဖုန်းနံပါတ်နှင့် ဓာတ်ပုံ
- Email ဖြင့် ဆောင်းပါးပို့ရာတွင် Word File ဖြင့် ပို့ရန်။
- သတင်း၊ ဆောင်းပါးနှင့်သက်ဆိုင်ရာ ဓာတ်ပုံများရှိပါက ပူးတွဲပေးပို့ပါရန်။
ဆောင်းပါးနှင့်သတင်းများကို
Email - articles@greenwaymyanmar.org
Viber – 095053570 (Green Way)
တို့ထံ ပေးပို့နိုင်ပါသည်။ ပေးပို့ရန်အခက်အခဲရှိသူများအနေဖြင့်လည်း အထက်ပါ Viber နံပါတ်ကို စာဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Agriculturalist K.S
လွန်ခဲ့သော ၄ နှစ် ကအရမ်းကောင်းတဲ့ အစီစဥ်လေးပါ။ အကျိုးပြုဆောင်းပါးလေးတွေရေးပြီး ပါဝင်ချင်ပါ သေးသည်။
သန့်ဇင်ဝင်း
လွန်ခဲ့သော ၄ နှစ် ကမြန်မာပြည်ကရေးဆွဲတဲ့ဆော့ဝဲလ်ထဲမှာ အစိမ်းရောင်လမ်းအကြိုက်ဆုံးပဲဗျာ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....