ကိုရီးယားကားတာယာစက်ရုံသို့ ရာဘာတိုက်ရိုက်တင်ပို့ရောင်းချနိုင်
ကိုရီးယားကားတာယာစက်ရုံတစ်ခုကနေ မြန်မာ့ရာဘာကို အများအပြားဝယ်ယူလိုနေပြီး ရောင်းချလိုသူတွေရှိ ပါက တိုက်ရိုက်စကားပြောနိုင်ဖို့ ဆက်သွယ်ချိတ်ဆက်ပေးသွားမယ်လို့ နိုင်ငံတကာအရောင်းအဝယ် ကိုယ်စားလှယ် (International Broker) မအောလစ်က ပြောပါတယ်။

ဒီလို ကိုရီးယားဘက်က ရာဘာဝယ်လိုတဲ့အကြောင်းကို မအောလစ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက လိုအပ်တဲ့အရည်အသွေးအချက်အလက် (Specification) တွေနဲ့အတူ Facebook မှာ တင်ပေးဖူးပေမဲ့ အဲ့ဒီ Specification တွေက မြင့်မားလွန်းတာကြောင့် အခက်အခဲရှိတယ်ဆိုပြီး ရောင်းချလိုသူတွေဘက်က တုန့်ပြန်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခုအခါမှာတော့ ကိုရီးယားဘက်က ဒီဘက်က ဖြစ်နိုင်တဲ့ အရည်အသွေး အတိုင်းပဲ ကြိုက်မယ်ဆိုရင် ဝယ်ယူသွားလိုကြောင်း ပြောလာတယ်လို့ မအောလစ်က ဆိုပါတယ်။

“ ကျွန်မတို့ဆီကို ရောင်းချင်တဲ့သူတွေဘက်က ပြောတာက သူတို့လိုချင်တဲ့ Specification အတိုင်းက အတိအကျ တော့ ဘယ်လိုမှ မရနိုင်ဘူး။ အဲ့ဒါကြီးက အရမ်းမြင့်တယ်လို့ ပြောကြတယ်။ အဲ့ထဲက တစ်ချို့ Processing (လုပ်ငန်းစဉ်) တွေက စက်ရုံအကြီးကြီးတွေနဲ့ကျမှ လုပ်လို့ရတယ်လို့ ပြောကြတယ်။ အဲ့တော့ ကိုရီးယား ဘက်ကလည်း ဒီဘက်ကနေပြီး ပေးနိုင်တဲ့ Quality မျိုးအတိုင်းပဲ သူ့တန်သလောက်နဲ့ ရသလောက်ကို ယူပေး ချင်တဲ့ ဝယ်လက်က ကျွန်မတို့ဆီမှာ ရှိပါတယ်။ အခုကတော့လေ ကိုရီးယားဘက်က သူတို့လိုချင်တဲ့ Specification အတိုင်း ရချင်ရ။ မရရင်လည်း ဒီနိုင်ငံဘက်ကနေ ရောင်းမယ့်သူတွေဘက်က ပေးနိုင်တဲ့ Specification ရရင် လိုချင်တယ်။ ရတဲ့ဟာလောက်နဲ့လည်း ယူချင်တယ်လို့ ပြောလာတာ။ ဆိုတော့ အဲ့လိုမျိုး လေးပေးချင်လား၊ ဒါမှမဟုတ် တွေ့ပြီး စကားပြော ဆွေးနွေးချင်တယ်ဆိုရင်လည်း ကျွန်မစီစဉ်ပေးလို့ ရပါတယ်ရှင့်”
ရာဘာရောင်းချလိုသူ ဒါမှမဟုတ် လုပ်ငန်းရှင်တွေအနေနဲ့ စိတ်ဝင်စားလို့ ဆက်သွယ်လိုတယ်ဆိုရင် သူ့ဆီကို တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့လည်း မအောလစ်က ပြောပါတယ်။
“ ဆိုတော့ ရောင်းလိုသူရှိရင် ကျွန်မဆီကို ဆက်သွယ်ပြီး Specification လေးတွေ ပို့ပေးပေါ့။ အဲ့ဒါကို ကျွန်မတို့က ကိုရီးယားဘက်ကို ပို့လိုက်မယ်။ အဲ့ထဲကမှ သူတို့ဘက်က ကြိုက်တဲ့အမျိုးအစားကို နမူနာကြည့်ချင်တယ်ဆိုရင် ဝယ်သူဘက်ကို နမူနာတောင်းလိမ့်မယ်။ အဲ့ဒီ လုပ်ငန်းစဉ်တွေအားလုံးအတွက် တစ်ယောက်နဲ့တစ်ယောက် Personally တွေ့ပြီးတော့ ကျွန်မဘက်မှာလည်း ကျွမ်းကျင်သူတစ်ယောက်ရှိပါတယ်။ အဲ့ဒါကိုလည်း ချိန်းပေးပြီး စီစဉ်ပေးနိုင်ပါတယ်”
ကိုရီးယားစက်ရုံအနေနဲ့ အရည်အသွေးပိုင်းနှစ်သက်ပါက ရသလောက်ကို ဝယ်ယူချင်တာဖြစ်တယ်လို့လည်း မအောလစ်က ဆိုပါတယ်။
“ သူတို့ကတော့ ရသလောက် ယူချင်တာ။ သူတို့က ဟိုဘက်မှာ ကားတာယာတွေ ထုတ်လုပ်တဲ့စက်ရုံ။ ဆိုတော့ ဝယ်လက်အကြီးကြီးကို ကျွန်မတို့ ချိတ်ထားတာ”
ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ ချိတ်ဆက်ရောင်းချလိုသူ ရာဘာလုပ်ငန်းရှင်တွေအနေနဲ့ မအောလစ် (International Broker – Ph. 09.425785272) ထံ တိုက်ရိုက်ဆက်သွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်တင်တင်မွှန်း
လွန်ခဲ့သော ၃ နှစ် ကဘယ်လိုဝယ်တာလဲ
ထူးနောင်
လွန်ခဲ့သော ၃ နှစ် ကစိတ်ဝင်စားပါသည်
mumu
လွန်ခဲ့သော ၃ နှစ် ကမဂ်လါပါ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....