အစိမ်းရောင်လမ်း
အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို  နိုဝင်ဘာလ (၂၃)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာခြင်း

အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို နိုဝင်ဘာလ (၂၃)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာခြင်း

အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို ယခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။

သင်တန်းအား တစ်ပတ်လျှင် ဗုဒ္ဓဟူး၊သောကြာ (၂)ရက်ဖြင့် စုစုပေါင်း (၂)လကြာမြင့်မည်ဖြစ်ပါသည်။ 

သင်တန်းအချိန်မှာ ည(၇:၀၀) နာရီ မှ (၈:၃၀) နာရီအထိ ဖြစ်ပါသည်။

သင်တန်းမှတ်ပုံတင်ကြေး (၃၀,၀၀၀)ကျပ်အား Kpay account ( 09663638279 - May Oo Khine) သို့ ပေးသွင်းနိုင်ပါသည်။

သင်တန်းမှတ်ပုံတင်ကြေးပေးသွင်းပြီးကြောင်းကို Screenshotနှင့်တကွ အမည်၊ဖုန်းနံပါတ်၊ Email addressတို့ဖြင့် Shwe Yaung So Pyay facebook page messenger သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

မှတ်ချက် ။   ။ Kpay မှ ငွေလွှဲသည့်အခါတွင် Kpay မှတ်ချက်တွင် အမည်နှင့်သင်တန်းအမည်အတိုကောက် BANC ဟုရေးသားဖော်ပြပေးရန်လိုအပ်ပါသည်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 09785117126 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

သင်တန်း၏ရည်ရွယ်ချက်မှာ -

၁။ အစာတွင်ပါဝင်သည့်အာဟာရများနှင့် ၄င်းတို့၏အစာချေဖျက်မှုဖြစ်စဉ်များကို နားလည်စေရန်။

၂။  အစာအမျိုးမျိုး၏ အာဟာရတန်ဖိုးများကို လေ့လာအကဲဖြတ်နိုင်ရန်။

၃။  မွေးမြူရေးတိရစ္ဆာန်များ၏ အာဟာရလိုအပ်ချက်များကို နားလည်သဘောပေါက်လာစေရန်တို့ဖြစ်ပါသည်။

      ထိုရည်ရွယ်ချက်များနှင့်အတူ မွေးမြူရေးဆိုင်ရာကျွမ်းကျင် ဆရာကြီး ၊ ဆရာမကြီးများမှ အောက်ဖော်ပြပါ သက်ဆိုင်ရာဘာသာရပ်အလိုက်ပို့ချမည်ဖြစ်ပါသည်။ 

(က)  တိရစ္ဆာန်နှင့် တိရစ္ဆာန်အစာမိတ်ဆက် (ဒေါက်တာတင်ငွေ နှင့် ဒေါက်တာမျိုးကြွယ်)

(ခ)  ကာဗွန်ဟိုက်ဒြိတ်များ (Carbohydrates) (ဒေါက်တာအေးစန္ဒာချို)

(ဂ)  အဆီများ (Lipids)  (ဒေါက်တာအေးစန္ဒာချို)

(ဃ)  ပရိုတိန်းများ (Proteins) (ဒေါက်တာအေးစန္ဒာချို) 

(င)  ဗီတာမင်များ ( Vitamins) (ဒေါက်တာနွဲ့နွဲ့ထင်)

(စ)  သတ္တုဓါတ်များ (Minerals) (ဒေါက်တာနှင်းရီစိုး)

(ဆ)  အင်ဇိုင်းနှင့်အစာချေဖျက်ခြင်း (Enzymes and Digestions) (ဒေါက်တာတင်ငွေ)

(ဇ)  မြက် ၊ မြက်ချဉ်ဖတ်နှင့်တိရစ္ဆာန်အစာပင်များ (ဒေါက်တာနေနိုင်ထူး)

(ဈ)  နွားမွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာတင်ငွေ)

(ည)  ဆိတ်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနေနိုင်ထူး)

(ဋ) ကြက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း   (ဒေါက်တာနွဲ့နွဲ့ထင်)

(ဌ)  ဝက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနှင်းရီစိုး)တို့ဖြစ်ပါသည်။

 သင်တန်းတက် ရောက်ရန် စိတ်ဝင်စားမည့်သူများ အောက်ဖော်ပြပါ Google Link တွင်စာရင်းပေးသွင်းနိုင်ပါသည်။

https://forms.gle/aqxKoRjpiWGatJQ5A

#Crd_to_Shwe Yaung So Pyay Fb page

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....