ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်း (သဘာဝအတိုင်းမဟုတ်သော) သင်တန်း
သမိုင်းကြောင်းအရ ရွှေဝါငါးကြင်း (Cyprinus carpio) ကို တရုတ်နိုင်ငံတွင် မွေးမြူနေသည်မှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းသည် ရေ၏အပူချိန် ၃ – ၃၅°C(Froese and Pauly, 2011)ကြား ကျယ်ပြန့်စွာ ရှင်သန်နိုင်ပြီး တရုတ်ပြည်မြောက်ပိုင်းမှ ဩစတြေးလျ၊ အာဖရိကနှင့် မြောက်အမေရိက၊ တောင်အမေရိကအထိ ကမ္ဘာပေါ်တွင် အများဆုံးပြန့်နှံ့လျက် တည်ရှိသော ငါးမျိုးစိတ်တစ်ခုဖြစ်သည်။ သဘာဝအလေ့အထအရ ရွှေဝါငါးကြင်းသည် မြစ်များ၏ ရေအလယ်နှင့် ရေအောက်ပိုင်းများတွင်လည်းကောင်း၊ ရေလွှမ်းမိုးသည့်ဒေသနှင့် ရေကြီး ရေလျှံ လွင်ပြင်ဒေသများ၊ ရေနည်းပြီး ရေတိမ်ပိုင်းနှင့် အောက်ပိုင်းရွှံ့နွံများရှိသော လွင်ပြင်ဒေသများတွင် တွေ့ရသည်။ FAO(၂၀၁၈) အစီရင်ခံစာအရ တစ်ကမ္ဘာလုံး ၂၀၁၆ ခုနှစ်တွင် မက်ထရစ်တန်ပေါင်း ၄ ဒသမ ၆ သန်း ထုတ်လုပ်ခဲ့ပြီး၊ မြက်စားငါးကြင်းများနှင့် ငွေရောင်ငါးကြင်းများပြီးနောက် တတိယအဆင့် အများဆုံးမွေးမြူသည့် ငါးမျိုးစိတ်ဖြစ်ကြောင်း အစီရင်ခံခဲ့ပါသည်။
ငါးမွေးတောင်သူသစ်များအနေဖြင့် ရွှေဝါငါးကြင်းသည် အခြားငါးကြင်းမျိုးစိတ်များနှင့်အတူ ရောနှောမွေးမြူရန်ကောင်းသည့် ငါးမျိုးစိတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရွှေဝါငါးကြင်းသည် အစုံစားသတ္တဝါဖြစ်ပြီး၊ အစားအစာမူကွဲများစွာအား စားသုံးသည်။ ၎င်းတို့တွင် ပိုးမွှားများ၊ သဘာဝမျှောလှေးများ၊ အပင်အဆွေးအမြေ့များနှင့် ကန်အောက်ခြေ အနီးအနားတွင်ရှိသော တိရိစ္ဆာန်၏အပိုင်းအစ ဝတ္ထုပစ္စည်းများ ပါဝင်ပါသည်။ သို့သော် ၎င်းသည် ငါးစာအမျိုးအစားမျိုးစုံအား စားတတ်စေရန် သင်ပေးနိုင်သော အခွင့်အလမ်းရှိသည့် ငါးအမျိုးအစားဖြစ်သည်။ ရွှေဝါငါးကြင်း၏ နောက်ထပ်အားသာချက်မှာ မှန်ကန်သော ပတ်ဝန်းကျင်အခြေအနေများအောက်တွင် ရွှေဝါငါးကြင်းသည် ရေကန်များအတွင်း အလိုအလျောက် ဥချနိုင်ပြီး ရွှေဝါငါးကြင်းသည် ဥ ဥချစေရန် လွယ်ကူစွာ လုပ်ဆောင်ပေးနိုင်သော ငါးမျိုးလည်း ဖြစ်ပါသည်။
၂၀၂၀၊ ဇန်နဝါရီလနှောင်းပိုင်းတွင် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီဌာန (DoF)နှင့် ညှိနှိုင်းပြီး ဌာန၏ပံ့ပိုးမှုဖြင့် ဥရောပသမဂ္ဂ (EU)နှင့် ဂျာမနီစီပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ)တို့မှ ငွေကြေးထောက်ပံ့သော မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MYSAP) ၏ Inland သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်းသင်တန်းအား စီစဥ်ခဲ့သည်။ ငါးလုပ်ငန်းဦးစီးဌာနမှ ရွေးချယ်သော ငါးမွေးတောင်သူများ၊ MYSAP Inland ၏ တိုက်ရိုက်အကျိုးခံစားခွင့်ရှိသော အိမ်ထောင်စုများနှင့် ကျိုင်းတုံတက္ကသိုလ် သတ္တဗေဒဌာနမှ BSc ကျောင်းသားများ အပါအဝင် စုစုပေါင်း လယ်သမား (၂၃)ဦး (အမျိုးသမီး (၂)ဦး) တက်ရောက်ခဲ့ပါသည်။

ဦးမင်းမင်းဦး၊ ခရိုင်ဦးစီးမှူး (ကျိုင်းတုံ)မှ သင်တန်းကို ဦးဆောင်ကာ ငါးမွေးမြူသည့် တောင်သူများအား ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်းသင်တန်းအား ပို့ချခဲ့ပါသည်။ ၎င်းသင်တန်းတွင် သင်တန်းသားများအား ရွှေဝါငါးကြင်း ဆေးထိုးသားဖောက်ခြင်းနှင့် ပတ်သက်သည့် လုပ်ဆောင်ရမည့် အရေးကြီးသည့် အဆင့်များအား တဆင့်ခြင်း အသေးစိတ် လက်တွေ့လုပ်ဆောင် သင်ကြားပို့ချခဲ့ပါသည်။ တောင်သူလယ်သမားများသည် ငါးမျိုး အထီး/အမ များအား မည်သို့ပြုစုရမည်၊ ငါးဥ ဥချနိင်မည့် အရွယ်ရောက်ပြီး မျိုးငါး အထီးနှင့် အမ ရွေးချယ်ပုံ၊ ထိုးသွင်းရမည့် ဟော်မုန်းပမာဏအား တွက်ချက်ပုံ၊ ငါးများအား ဟော်မုန်းထိုးခြင်းအားဖြင့် သားပေါက်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ဥ ဥချခြင်း၊ ငါးဥမျိုးများအောင်ခြင်း ထို့နောက် ဥများအားစုဆောင်း ရယူပြီး အကောင်ဖောက်ခြင်း စသည်တို့ကို တို့ကို အသေးစိတ် လက်တွေ့လုပ်ဆောင် လေ့လာခဲ့ကြပါသည်။ ၎င်းလုပ်ငန်းစဉ်အတွင်း တောင်သူများသည် ငါးဥများ မည်သို့ ဖွံ့ဖြိုးလာသည်နှင့် ဥအိတ်တွဲလျက် ငါးသားပေါက်လေးများ မည်သို့ ပေါက်ပွားလာသည်တို့ကိုလည်း အသေးစိတ် လေ့လာသင်ယူခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ဟော်မုန်းထိုးပြီးသည့် ငါးအထီးနှင့် အမများအား လှောင်ကန်အတွင်းရှိ ဟာပါထဲသို့ အတူတကွ ထည့်သွင်းပြီး ဗေဒါပင်များအား ဟာပါအတွင်း ရေမျက်နှာပြင်ပေါ်တွင် ထည့်သွင်းပြီး ပေါလော ပေါ်နေစေရန်စီစဉ်ပါသည်။ ထို့နောက်မိုးရွာသည့် ပုံစံဖြစ်စေရန် အထက်မှ ရေဖျန်းခေါင်းများဖြင့် ရေဖြန်းပေးထားပါသည်။ ညနေခင်းရောက်သည့်အခါ မျိုးငါးများ ဥ ဥချပြီး ၎င်းတို့၏ စီးကပ်သည့် ဥများအား ဗေဒါပင်၏ အမြစ်များတွင် တွယ်ကပ်စေပါသည်။ အပူပိုင်းနှင့် သမပိုင်းဇုံ ရာသီဥတုတွင် ရွှေဝါငါးကြင်း၏ ဥများသည် ရေ၏ အပူချိန်ပေါ်မူတည်ပြီး ၃-၅ ရက်အတွင်း ဥပေါက်နိုင်ပါသည်။ အောင်မြင်သောဥ ဥခြင်းနှင့် ဥပေါက်ခြင်းပြီးပါက ပေါက်ဖွားလာသည့် ငါးသားလောင်းများအား ကြက်ဥပြုတ်အနှစ်နှင့် ရောနှောထားသည့် အစာအား အစောပိုင်းကာလ ပြုစုပျိုးထောင်သည့် အဆင့်များတွင် ကျွေးမွေးရန်ဖြစ်ပါသည်။ MYSAP Inland ပံ့ပိုးမှုဖြင့် ပို့ချခဲ့သည့် ယခုသင်တန်း၏ ရလာဒ်တစ်ခုအဖြစ် ထောင်ပေါင်းရာနှင့်ချီသည့် ရွှေဝါငါးကြင်းသားပေါက်များ ရရှိခဲ့ပါသည်။ ၎င်းတို့သည် အသားတိုးကန်အတွင်းသို့ထည့်သွင်းနိုင်သည့်အရွယ်သို့ ရောက်ပြီး အဆင်သင့်ဖြစ်ရန် ငါးသားပေါက်များအား ခုအချိန်တွင် သင်တန်းလက်ခံ ကျင်းပပေးခဲ့သည့် တောင်သူများမှတာဝန်ယူပြီး ပြုစုပေးလျက်ရှိပါသည်။
ယခုဆောင်းပါးအား MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားပါသည်။
ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....