ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၁.၅.၂၀၁၈ မွ ၂၅.၅.၂၀၁၈)ထိ
မတ္ပဲ (FAQ/RC)
မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်ကအတိုင်း တစ်တန်ကို ထောင်ဂဏန်းလောက်သာ အပြောင်းအလဲ ရှိနေပြီး စျေးကတန့်နေတဲ့အခြေအနေဖြစ်နေပါတယ်။အိန္ဒိယနိုင်ငံကပဲတွေကို ပြန်လည်ဝယ်ယူမယ်ဆိုတဲ့ သတင်းတွေ ကြောင့် ပဲစျေးက ခုန်တက်သွားပေမယ့် ပဲဝယ်ယူမှုနဲ့ပတ်သတ်ပြီး တိကျတဲ့ထုတ်ပြန်မှုကို မထုတ်ပြန်သေးတဲ့ အတွက် စျေးက တန့်နေတဲ့အခြေအနေ ဖြစ်နေပါတယ်။
ပြန်လည်ဝယ်ယူမယ်ဆိုပေမယ့် ပုံမှန်ဝယ်ယူမယ့် အခြေအနေမဟုတ်သေးတဲ့အပြင် ကန့်သတ်မှုတွေ ကလည်း ရှိနေသေးတဲ့ အတွက် မတ်ပဲ စိုက်ပျိုးမှုမှာတောင် စိုးရိမ်ရတဲ့ အခြေအနေရှိနေဆဲပါပဲ။ မတ်ပဲတင်ပို့မှုကို သြဂုတ်လ အတွင်း အပြီးတင်ပို့ရမည် ်ဖြစ်ပြီးတော့ အလုံးအပြင် ခွဲခြမ်းတွေကိုပါ တင်ပို့ရမှာဖြစ်ပါတယ်။ လက်ရှိမှာ ပြည်တွင်းပ ဲလက်ကျန်စာရင်းအရ မတ်ပဲက တန်ချိန် ၅သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်စျေးကွက်မှာ မတ်ပဲက တစ်တန်ကို ၄၉၀၀၀၀ ပတ်ချာလည်ရှိနေပါတယ်။နယ်ကုန်စည်ဒိုင်တွေမှာလည်း စျေးက အတက်အကျအပြောင်းအလဲ အနည်းငယ်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်နေ့ ကို အိတ် ၅၀၀ လောက်နေ့စဉ် အရောင်းအဝယ်ဖြစ်နေပြီး စျေးကတော့ တစ်တင်းကို ၁၆၀၀၀ နဲ့ အမြင့်စျေးနဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၀၀၀ ကျော် ပေါက်စျေးရှိပြီး နေပြည်တော် ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၀၀၀ ကျော်နဲ့စျေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ တစ်တန်ကို ၄၆၀၀၀၀ ကနေ ၄၉၀၀၀၀ ကြား စျေးအတက်အကျအပြောင်းအ လဲ ရှိနေပြီး အိန္ဒိယတင်ပို့မှုများရင် စျေးအနည်းငယ်တက်လာပြီး တင်ပို့မှုနည်းရင် စျေးအနည်း ငယ် ကျဆင်း သွားပါတယ်။
စျေးတက်နေတဲ့အချိန် လှောင်သူတွေအများအပြား ပြန်လည်ထုတ်ရောင်းလိုက်တာ ကလည်း ပဲစင်းငုံနီကို စျေးအနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ပြည်တွင်းမှာလည်း စိုက်ပျိုးမှု လျော့ချဖို့အတွက် ထုတ်ပြန်ထားပြီး အိန္ဒိယနိုင်ငံကိုသာ အားထားတင်ပို့နေရတာဖြစ်တဲ့အတွက် လာမယ့် မိုး စိုက်ပျိုးမှုမှာ ချင့်ချိန် စိုက်ပျိုး သင့်ကြောင်း ကုန်သည်တွေက ပြောပါတယ်။
ပဲစင်းငုံနီက လည်း သြဂုတ်လအတွင်း အပြီးတင်ပို့ရမှာဖြစ်ပြီးတော့ သြဂုတ်လ နောက်ပိုင်းမှာ အိန္ဒိယက ထပ်ပြီးတင်ပို့မပို့ ဆုံးဖြတ်ချက်က မသေချာတဲ့အတွက် တောင်သူတွေအနေနဲ့ သတိပေးထားတဲ့အတိုင်း လုပ်ဆောင် သင့်ကြောင်းကိုလည်း ပဲနှမ်းအသင်းက တိုက်တွန်းထားပါတယ်။ ။မြန်မာနိုင်ငံကပဲ စင်းငုံနီက တစ်ခြားပြည်ပပဲစျေးနှုန်းတွေနဲ့ယှဉ်ရင် စျေးက သက်သာနေပေမယ့် အိန္ဒိယစိုက်ပျိုးမှုက တစ်နှစ်ထက် တစ်နှစ် တိုးတာတဲ့အတွက် မြန်မာတောင်သူတွေ အနေနဲ့ ပိုထိခိုက်နိုင်ပါတယ်။
ပြည်တွင်း ပဲစင်းငုံနီကတော့ လတ်တလောမှာ စျေးတက်နေပေမယ့် အိန္ဒိယနိုင်ငံမှာတော့ ပဲစင်းငုံနီက စျေး ကျဆင်းနေတာကိုလည်း တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၁၂၇၅၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၅၀၀ နဲ့ စျေးတက်လာပြီး ၊ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၃၀၀၀ နဲ့ ၈၀၀ လောက်စျေးကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ အိန္ဒိယတင်ပို့မှုမှာပါဝင်နေပေမယ့် တစ်ခြားပြည်ပနိုင်ငံတွေကိုတင်ပို့နေတာဖြစ်တဲ့အတွက် စျေးကွက်မှာ ခေါင်းမော့နိုင်တဲ့အခြေအနေဖြစ်နေဆဲပါပဲ။အိန္ဒိယနိုင်ငံကိုတောင် တင်ပို့မယ့် တန်ချိန်အရေအ တွက် မလောက်ငှတဲ့အခြေအနေဖြစ်နေပါတယ်။ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲကို အိန္ဒိယနိုင်ငံကို တင်ပို့ရမှာဖြစ် ပေမယ့် ပြည်တွင်းလက်ကျန် က အလွန်နည်းတယ်လို့ ပဲ ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်တင်းကို ၁၈၅၀၀ ကနေ ၄၁၀၀၀ ရှိပြီး ၂၀၀၀ နီးပါးစျေးပြန်တက်လာပါတယ်။ ဆင်းသွားပါတယ်။မြင်းခြံကုနစ်ည်ဒိုင်မှာလည်း တစ်တင်းကို ၄၀၀၀၀ ကျော်ရှိပြီး ၂၀၀၀ ကျော်စျေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၄၃၀၀၀ ကျော် ရှိပြီး ၂၀၀၀ ကျော်စျေးတက်လာပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၀၀၀ ကနေ ၄၁၀၀၀ ကျော် ပေါက်စျေးရှိပြီး စျေးကတော့ အတက်အကျအနည်းငယ်ရှိပါတယ်။
ကုလားပဲ
ကုလားပဲကတော့ မေလ အစောပိုင်းကတည်းက စျေးတက်လာခဲ့တာ လက်ရှိမှာ သုံးပတ် ဆက်တိုက်စျေးတက်လာတာ ကို တွေ့ရပါတယ်။နေ့စဉ် နယ်ကုန်စည်ဒိုင်တွမှာ အိတ် ၂၀၀ ကနေ ၃၀၀ အထိအရောင်းအဝယ်ဖြစ်နေပါတယ်။ဒေသပဲခွဲစက်သမားတွေကလည်း အဝယ်များနေတာကိုလည်းတွေ့ရပါ ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲ ဖြူ၊ဝါ(အကြီး၊အသေး) က တစ်တင်းကို ၁၉၀၀၀ ကနေ ၂၁၀၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျော်စျေးတက်လာပါတယ်။မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၆၀၀ ကျော်ရှိပြီး တစ်တင်းကို ၆၀၀ ကျော်စျေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်နဲ့ပခုက္ကူကုန်စည်ဒိုင်မှာတော့ ပြီးခဲ့တဲ့ အပတ်ကအတိုင်း ၁၉၅၀၀ ကနေ ၂၂၀၀၀ ရှိပြီးစျေးအပြောင်းအလဲ မရှိပါဘူး။
ထောပတ်ပဲ
ထောပတ်ပဲကတော့ လက်ရှိမှာ လက်ကျန်ပဲတွေ မရှိတော့အတွက် ဒီတစ်ပတ်မှာလည်း စျေးက တက်လာပါတယ်။ပြည်တွင်း အဝယ်ကိုပဲ အဓိက အားထားနေရတာဖြစ်ပေမယ့် တစ်ခြားပြည်ပ ပို့တဲ့ ပဲတွေထက်ကို စျေးက မြင့်နေတဲ့အနေအထားမှာလည်း ရှိနေပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၉၀၀၀ ပေါက်စျေးရှိပြီး တစ်တင်းကို ၆၀၀၀ စျေးတက်လာပါတယ်။မြင်းခြံ ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၇၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်စျေးတက်လာပါတယ်။ပခုက္ကူကုန် စည်ဒိုင်မှာလည်း တစ်တင်းကို ၃၉၅၀၀ ရှိပြီး ၅၀၀ ကျပ ်၊ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၆၀၀၀ ရှိပြီး ၁၀၀၀ ကျပ် အသီးအသီးစျေးတက်လာပါတယ်။
ချင်း
ဒီတစ်ပတ်မှာတော့ ချင်းစျေးက အနည်းငယ်တက်လာပါတယ်။ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမြင့် ဆုံးစျေး ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ချင်းကို အဓိက စင်ကာပူနိုင်ငံ၊ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊တို့ကို အဓိကတင်ပို့နေပြီး ဒီနှစ်မှာဘင်္ဂလာဒေ့ရှ်နိုင်ငံက အများဆုံး ဝယ်ယူ တာဖြစ် တဲ့အတွက်စျေးက မထင်မှတ် လောက်အောင် တက်လာခဲ့ပါတယ်။
နေပြည်တော်ကုန်စည်ဒိုင်မှာ ချင်း တစ်ပိဿာကို ၁၁၀၀ ရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်စျေး တက်လာ ပါတယ်။ပြည်ကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၁၀၅၀ ရှိပြီး ၁၀၀ ကျပ်၊ အောင်ပန်းကုန်စည်ဒိုင် မှာ လည်း တစ်ပိဿာကို ၉၀၀ ရှိပြီး ၃၀၀ ကျပ်၊အသီးသီးစျေးတက်လာပါတယ်။
ဝတ်ရည်မွန်(AMIA)
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026