အစိမ်းရောင်လမ်း
ခေတ်မီ စက်မှုလယ်ယာစိုက်ခင်းအတွက် စက်ယန္တရားကြီးများ မောင်းနိုင်သော ယာဉ်မောင်းများ ခေါ်ယူနေ

ခေတ်မီ စက်မှုလယ်ယာစိုက်ခင်းအတွက် စက်ယန္တရားကြီးများ မောင်းနိုင်သော ယာဉ်မောင်းများ ခေါ်ယူနေ

ပြည်မြို့တွင်ရှိသော ရွှေပြည်မြေ စက်မှုလယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ စိုက်ကွင်းများတွင် စိုက်ပျိုးရေးသုံး ခေတ်မှီ စက်ယန္တရားများ မောင်းနှင်ကိုင်တွယ်နိုင်မည့် ယာဉ်မောင်းများ လိုအပ်လျက်ရှိပါသည်။ လျောက်ထားမည့်သူများသည် အင်္ဂလိပ်စာ အသင့်တင့်ပြောဆိုနိုင်ရမည်ဖြစ်ပြီး သင်ယူလိုစိတ် ရှိရမည်ဖြစ်ပါသည်။ ကွင်းထဲရှိ အိပ်ဆောင် သို့မဟုတ် ပြည်မြို့ အနီးပတ်ဝန်းကျင်တွင် နေထိုင်နိုင်သူ ဖြစ်ရပါမည်။ စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အကျဉ်းနှင့်အတူ info@greenwaymyanmar.org သို့ ပေးပို့လျောက်ထားရမည်ဖြစ်ပါသည်။ လစာနှုန်းထားမှာ ကျပ် ၃ သိန်း မှ ၇ အထိ ရရှိနိုင်ပြီး မိမိအရည်အချင်းနှင့် အတွေ့အကြုံပေါ်မူတည်ပြီး ညှိနှုန်းနိုင်ပါသည်။ 
 
လုပ်ဆောင်ရမည့်လုပ်ငန်းအကြောင်း အသေးစိတ်သိလိုပါက ဒီမွာ ဖတ္ပါ။ 
 
ရွှေပြည်မြေကုမ္ပဏီသည် ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ ပြည်မြို့တွင် စက်မှုလယ်ယာစနစ်ဖြင့် စျေးကွက်သီးနှံများ စတင်စိုက်ပျိုးလာပြီး နိုင်ငံတကာစျေးကွက်ဖြင့် ချိတ်ဆက်လုပ်ကိုင်နေသည့် နိုင်ငံခြားသား ဦးစီးလုပ်ကိုင်နေသည့် ခေတ်မီ စက်မှုလယ်ယာတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ပုံတွင် ဖော်ပြထားသည့် ဗဟိုလှည့်စနစ်ဖြင့် စက်ဝိုင်းပုံစံ ရေသွင်းစိုက်ပျိုးသည့် စနစ် (Pivots farming) တစ်ခုလည်း ဖြစ်ပါသည်။ 
ဓာတ္ပံု - Southern Water
You

ဆက်စပ်ဆောင်းပါးများ

Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....