နော်ဝေအစိုးရ၏ အကူအညီဖြင့် ထိုင်နိုင်ငံရှှိ AIT ကျောင်းက ပညာသင်ဆုများပေးမည်
ထိုင်းနိုင်ငံရှိ Asian Institiute of Technology (AIT) ကျောင်းသည် နော်ဝေအစိုးရ၏ ကူညီထောာက်ပံ့မှုဖြင့် မြန်မာနိုင်ငံမှ ဘွဲ့လွန်သင်တန်းတက်ရန် လျှောက်ထားသူများထဲမျ ကျောင်းသား ကျောင်းသူဦးရေ ၄၀ ခန့်အား NMFA Scholarship for Myanmar ၂၀၁၄ အမည်ရှိ ပညာသင်ဆု ကို ပေးအပ်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို လျှောက်ထားလိုသူသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရပြီးသူ ဖြစ်ရမည်ဖြစ်ပြီး GPA အနည်းဆုံး ၂.၇၅ ရှိရမည်လည် ဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်စာ အရေးအပြော ကျွမ်းကျင်ပြီး လုပ်ငန်း အတွေ့အကြုံ တစ်နှစ်ရှိကာ အသက် ၄၀ အောက် အရွယ်လည်း ဖြစ်ရမည်ဖြစ်သည်။ NMFA (Norwegian Miistry of Foreign Affairs) သည် ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းလခ အပါဝင် ပညာသင်စရိတ်အားလုံး ထောက်ပံ့မည်ဖြစ်သည်။
စိတ်ဝင်စားသူ ကျောင်းသား ကျောင်းသူများသည် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒို (Building B) ပထမထပ်တွင်ရှိသော AIT AA Myanmar Chapter အခန်း F ၂၁၊ (KOE Dental Clinic) တွင် ရယူခြင်းနှင့် တင်းခြင်းများ ပြုလုပ်နိုင်ပြီး အသေးစိတ်အချက်များကိုလည်း စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်မေးမြန်းနိုင်သည် ဖုန်းနံပါတ်များမှာ ၀၉ ၂၅၀၀ ၈၈၈၈၆၊ ၀၉ ၅၁၁ ၉၈၅၈ တို့ဖြစ်ပြီး makaam@gmail.com သို့လည်း အီးမေးလ်ဖြင့် စုံစမ်းနိုင်ကြောင်းလည်း သိရသည်။
AIT ၏ တရားဝင် ဝက်ဆိုဒ်မှ http://www.ait.ac.th/admissions/Current_Scholarships/nmfa-scholarships-f...တွင်လည်း ပညာသင်ဆုနှင့် ပတ်သတ်ပြီး သိလိုသည့် အချက်အလက်များ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပညာသင်ဆုများ ပေးအပ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်၊ နံနက်ပိုင်းတွင် နော်ဝေသံရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်ဦးချယ်
Credit: Journal and Facebook uploader
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ခရမ်းပင်အရွက်တေဒီလိုဖစ်နေလို့ပါ
ကိုချမ်း • ဖြေကြားချက် 0 ခု
ခရမ်းခင်ကအရွက်တေဒီလိုဖစ်နေလို့ပါခင်ဗျ
ကိုချမ်း • ဖြေကြားချက် 1 ခု
ငရုတ်စိုက်ရင်ဘာမျိုးအကောင်းဆုံးလဲသိချင်လို့ပါ။
Aung Lwin Thein • ဖြေကြားချက် 0 ခု
ငါးစုံ
Nang Hsen Oan Nom Han • ဖြေကြားချက် 1 ခု
ဝက်မြေ.ဝက်လာတွေ ကိုမျိုကန်းအောင်ဘယ်လိုလုပ်ရမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....