အစိမ်းရောင်မှတ်တမ်းရဲ့ စာအုပ်ဗားရှင်းထွက်ပြီ
စိုက်ပျိုးရာသီအတွင်း ကုန်ကျစရိတ်များနှင့် ရရှိလာမည့်အရှုံးအမြတ်များကို စနစ်တကျမှတ်သားနိုင်ရန်အပြင် အရေးတကြီးလုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ မမေ့လျော့သွားစေရန်အတွက် အစိမ်းရောင်လမ်းဆော့ဝဲပေါ်ရှိ အစိမ်းရောင်မှတ်တမ်းအတိုင်း စာအုပ်ဖြင့်မှတ်သားနိုင်စေရန်အတွက် လုပ်ဆောင်ထားတဲ့ အစိမ်းရောင်မှတ်တမ်းရဲ့ စာအုပ် version ကို စာအုပ်စင်ကဏ္ဍမှာ အခမဲ့ download လို့ရနေပါပြီရှင့်
ဘယ်လိုမှတ်ရမလဲမသိတဲ့ မိတ်ဆွေတွေကိုလည်း video လေးနဲ့ သေသေချာချာလေး ရေးမှတ်ပြထားပါတယ်နော်
မှတ်နေရင်း အခက်အခဲရှိလာတာ ဘယ်လိုလုပ်ရမလဲမသိ ဖြစ်နေတာမျိုးရှိလာမယ်ဆိုရင်လည်း အစိမ်းရောင်လမ်းဆော့ဝဲသို့ အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းလေးလည်း ပေးလိုက်ရပါတယ်ရှင်
တောင်သူလက်စွဲ စိုက်ပျိုးမှတ်တမ်းစာအုပ် အခမဲ့ရယူရန် မှင်ဝါကို နှိပ်ပါ။
Green Way - Facebook
လွန်ခဲ့သော ၆ လ ကapp နဲ့လည်း မှတ်လို့ရပါတယ် ကိုစည်သူလွင်ရှင့် အစိမ်းရောင်မှတ်တမ်းဆိုတဲ့ feature ထဲမှာပါ
si thu lwin
လွန်ခဲ့သော ၁၀ လ ကapk အနေနဲ့ အပြင်မှာသုံးလို့ရရင်ပိုကောငး်မှာ ခုက pdf ဖိုင်လေးပဲဆိုတော့ စာအုပ်ထဲချရေးပြီး မှတ် ရမလိုဖြစ်နေပြိီ
Lay Pyae
လွန်ခဲ့သော ၁၁ လ ကလေ့လာ နေဆဲမို့ အခုလို ရှင်း ပြပေး တာ ကျေးဇူးပါ
zaw
လွန်ခဲ့သော ၁၁ လ ကနေပူဒဏ် မိုးရွာဒဏ် ပိုးမွှားဒဏ် အပင်စိမ်းစိုတောင့်တင်းမူ့ရှိပြီး အသက်ပါပြင်းတဲ့ မုန်ညှင်းအပင်ကို စိုက်ပျိုးရေးဘက်စုံသုံးဆေးအဖြစ် အဘယ်ကဲ့သို့ ပြု့လုပ်သုံးစွဲ အသုံးချလို့ ရနိုင်ပါသလဲဆရာတို့
Saw Maung Myint
လွန်ခဲ့သော ၁၁ လ ကကျေးဇူးပါ ခင်မျာ။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....