အစိမ်းရောင်လမ်း
လက်တွဲပူးပေါင်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးကြေညာခြင်း

လက်တွဲပူးပေါင်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးကြေညာခြင်း

ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ThitsaWorks နှင့် Greenovator တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးပါရစေ။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ ‌ငွေကြေးနည်းပညာဗဟုသုတများ လိုအပ်နေသော ပြည်သူများကို မိမိတို့နှင့်သင့်တော်သည့် ငွေကြေးဆိုင်ရာ နည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား မှန်ကန်စွာ ရွေးချယ်နိုင်စေပြီး အန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လက်တွေ့အသုံးချ ငွေကြေးနည်းပညာဆိုင်ရာ အသိပညာများ ပို့ချပေးရန်ဖြစ်ပါသည်။

ThitsaWorks ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများတွင် လူတိုင်းအတွက် သိသင့်သိထိုက်သော ကိုယ်ရေးအချက်အလက်လုံခြုံရေးကဲ့သို့သော ဒစ်ဂျစ်တယ်အသိပညာ၊ တစ်ကိုယ်ရေသုံးမှသည် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက်ပါ အသုံးဝင်နိုင်မည့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အယူအဆများပါဝင်သည့် ငွေကြေးအသိပညာ၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုများကို လက်တွေ့အသုံးချနိုင်စေမည့် ငွေကြေးနည်းပညာများအကြောင်းဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာစသဖြင့် အကြောင်းအရာများစွာ ပါဝင်ပါသည်။ Greenovator သည် ၎င်း၏ Green Way App နှင့် အခြားသော ဆိုရှယ်မီဒီယာအကောင့်များမှ တဆင့် ငွေကြေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို အသုံးပြုသူများထံ ပိုမိုကျယ်ပြန့်စွာဖြင့် အလွယ်တကူ‌ရာက်ရှိစေရေး ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် ငွေကြေးအသိပညာများ တတ်မြောက်ပြီး စွမ်းဆောင်ရည်ရှိသောသူများဖြစ်ပေါ်စေပြီး တစ်ဦးချင်းမှသည် လူမှုအသိုက်အဝန်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

ကျွန်ုပ်တို့အားလုံး မျှော်မှန်းထားသည့် အားလုံးပါဝင်သောငွေကြေးစနစ် အောင်မြင်စွာဖြစ်ပေါ်လာရေး အတူတကွ ကြိုးပမ်းကြပါစို့။

 English Version

We are thrilled to announce a partnership between ThitsaWorks and Greenovator to disseminate Digital

Financial Literacy content to end-users and help them improve their financial education. Our main

objective is to equip grassroots-level citizens with the necessary knowledge and tools to make informed

decisions when utilizing financial products and services.

ThitsaWorks has developed financial educational content which is essential to daily life, covering topics

such as data security, financial management concepts and tools for individuals, small and medium-sized

enterprises, financial products, and online payment tools. Greenovator, through its digital channels,

including the Green Way App and social media accounts, will make this content readily assessable to

end-users. We are confident that our joint efforts will lead to a more financially literate and empowered

population, creating a positive impact on individuals and communities as a whole.

Together, we look forward to embarking on this partnership and achieving our shared goals of

promoting financial inclusion.

3
ThitsaWorks Solutions Myanmar Co., Ltd.

ThitsaWorks Solutions Myanmar Co., Ltd.

လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ်။

ကျော်ဌေး

ကျော်ဌေး

လွန်ခဲ့သော ၃ နှစ် က

အားလုံးပူးပေါင်းရန်လိုအပ်ပါသည်။

Saw Wah Kalo

Saw Wah Kalo

လွန်ခဲ့သော ၃ နှစ် က

ကျနော်ပူးပေါင်းချင်ပါသည်

You

ဆက်စပ်ဆောင်းပါးများ

ThitsaWorks

Content provider

ThitsaWorks

ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်ပါသည်။

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....