အစိမ်းရောင်လမ်း (Green Way) မှာ သိချင်တာတွေ ဘယ်လိုရှာဖွေကြမလဲ
အစိမ်းရောင်လမ်း(Green Way App) မှာ ကိုယ်သိချင်တာတွေရှိပေမဲ့ တစ်ခုချင်းစီ လိုက်ရှာဝင်ဖို့အခက်အခဲရှိတယ် ဆိုရင် ညာဘက်အပေါ်ထောင့်လေးမှာရှိတဲ့ မှန်ဘီလူးပုံစံလေးကိုနှိပ်ပြီး ကိုယ်သိချင်တာတွေကို တိုက်ရိုက်စာရိုက် ပြီး ရှာဖွေလို့ရပါတယ်။
ဒီထဲကို ဝင်ရှာတဲ့နေရာမှာ မှားယွင်းမှုတချို့ကြောင့် ရှာမရတာမျိုးတွေ ဖြစ်နေကြတာလည်းတွေ့ရပါတယ်။ ဒါကြောင့် ရှာဖွေလိုသူတွေအနေနဲ့ အောက်ပါလမ်းညွှန်ချက်လေးတွေအတိုင်း ရှာဖွေပေးကြဖို့ အကြံပြုလို ပါတယ်။
Key words ဖြင့် ရှာဖွေရာတွင် အမှားအယွင်းဖြစ်တတ်ခြင်းအချို့
- စာလုံးပေါင်းသတ်ပုံမှားခြင်း (ဥပမာ - ကဏန်းကို ‘ဂဏန်းဟုမှားခြင်း၊ ငရုတ်သီးကို ‘ငရုပ်သီး’ ‘ငြုပ်သီး’ ဟု မှားခြင်း စသည်...)
- စာရိုက်ရှာရာတွင် ၃ ချက်မပြည့်ခြင်း ( ဥပမာ - ‘ဘဲ’ ဟုရိုက်ရှာရာတွင် ‘ဘကုန်း’ နှင့် ‘နောက်ပစ်’ အတွက် စာရိုက်ချက် ၂ ချက်သာရှိသဖြင့် Space bar တစ်ချက်ပုတ်ပေးရန်လိုပါသည်)
- ဖောင့်မမှန်ခြင်း (Unicode font ဖြစ်ရမည်ဖြစ်ပြီး Zawgyi font ဖြင့် ရိုက်ရှာမည်ဆိုပါက မရနိုင်ပါ)
- စာရေးဆရာနာမည်ဖြင့်ရှာပါက တချို့က အင်္ဂလိပ်လိုဖြစ်ပြီး တချို့က မြန်မာနာမည်ဖြင့်ဖြစ်ပါသည်။ (တစ်ခုမရပါက နောက်တစ်မျိုးပြောင်းရှာပေးပါရန် အကြံပြုလိုပါသည်)
- မေးခွန်းများမေးခြင်း (မည်သည့်မေးခွန်းမဆို အမေးအဖြေကဏ္ဍတွင်သာ မေးပေးပါရန်)
- ဈေးနှုန်းများမေးခြင်း (နေ့စဉ်ဈေးနှုန်းများကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)

ရှာလိုသည့်ကဏ္ဍများအတွက် အကြံပြုလိုသည့် key word များ
- စပါးနှင့်ပတ်သက်သည်များသိလိုပါက ( စပါး၊ စပါးပိုး၊ စပါးရောဂါ၊ စပါးပေါင်း၊ ပိုးနှင့်ရောဂါနာမည်အတိအကျ၊ ပေါင်းမြက်နာမည်အတိအကျ၊ စပါးဈေးကွက် စသဖြင့်...)
- မတ်ပဲနှင့်ပတ်သက်သည်များသိလိုပါက ( ‘မတ်ပဲ’ နာမည်တစ်လုံးရှာရုံဖြင့် အတော်များများ ရှာနိုင်ပါလိမ့်မည်။ ပိုးနာမည်၊ ရောဂါနာမည် အတိအကျများ... စသဖြင့်...)
- (အခြားပဲမျိုးစုံ၊ ငရုတ်ကဲ့သို့ အခြားသီးနှံများအတွက် ရှာဖွေလိုပါကလည်း အထက်ပါ မတ်ပဲအတွက် ရှာဖွေနည်းလမ်းညွှန်ချက်များအတိုင်း ရှာဖွေနိုင်ပါသည်)
- မွေးမြူရေးအတွက်ရှာဖွေလိုပါက ( သက်ဆိုင်ရာတိရစ္ဆာန်နာမည်များဖြစ်သည့် ငါး၊ ပုစွန်၊ နွား၊ ဆိတ်၊ ဝက် ၊ ကြက် အစရှိသဖြင့် ရှာဖွေနိုင်ပါသည်။ ဘဲ အတွက်ဆိုပါကတော့ Space bar တစ်ချက်ထပ်ပုတ်ပေးရန် လိုအပ်ပါမည်။ ရောဂါနာမည်များအတိအကျဖြင့်လည်း ရှာဖွေနိုင်ပါသည်)
- အာဟာရနှင့်ကျန်းမာရေး၊ အခြားအထွေထွေ ဗဟုသုတများအတွက်ဆိုပါကလည်း သိလိုသည်များကို စာလုံးပေါင်းသတ်ပုံမှန်မှန်ဖြင့်ရှာဖွေပါက ရနိုင်ပါသည်။
ကဏ္ဍအလိုက် key word တန်းရိုက်ပြီး ရှာဖွေလိုပါက...
- မြေဆီလွှာ
- အပင်အာဟာရ
- စိုက်ပျိုးနည်း
- ပိုးမွှားရောဂါ
- စိုက်ပျိုးစီးပွား
- ခေတ်သစ်စိုက်ပျိုးရေး
- ရိတ်သိမ်းချိန်လွန်နည်းပညာ
- တန်ဖိုးမြှင့်ထုတ်ကုန်
- စိုက်ပျိုးရေ
- စိုက်ပျိုးဗဟုသုတ
စသဖြင့် တိုက်ရိုက်ရှာဖွေနိုင်ပါသည်။ ယင်းသို့မဟုတ်ပါကလည်း Home page ထဲဝင်၍ အဆိုပါကဏ္ဍများကို တိုက်ရိုက်နှိပ်ပြီးလည်း ဝင်ရောက်နိုင်ပါသည်။ အလားတူ မွေးမြူနည်းပညာ၊ ရေလုပ်ငန်းနည်းပညာ၊ အထွေထွေ ဗဟုသုတများကိုလည်း တိုက်ရိုက်ဝင်ရောက်၍ဖြစ်စေ၊ key word ဖြင့်ရိုက်ရှာပြီးဖြစ်စေ ဝင်ရောက်နိုင်ပါသည်။
(တချို့ကတော့ မရှိသေးတာတွေဖြစ်နေလို့ မကျတာမျိုးဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ သိလိုတာ၊ တင်ပေးစေချင်တာတွေ ကို အမေးအဖြေကဏ္ဍ သို့မဟုတ် အစိမ်းရောင်လမ်းကို တိုက်ရိုက်ဆက်သွယ်ပြီး တောင်းဆို အကြံပြုနိုင်ပါတယ်)
ကိုနိုင်လင်း
လွန်ခဲ့သော ၁ ရက် ကစပါးပင် အောက်ခြေကကွဲးနေပါတယ်ဘာပိုးဖြစ်နိုငိလဲး
jmalsawm a
လွန်ခဲ့သော ၃ နှစ် ကမျိုး၀က်မ အဖြူဆင်း ကုသနည်း
ဦးတင်ဝင်း
လွန်ခဲ့သော ၃ နှစ် ကပန်းမုံလာကို တေပါင်းလမှာစိုက်ရင်ရပါေသးလား
ဦးတင်ဝင်း
လွန်ခဲ့သော ၃ နှစ် ကပန်းမုံလာကို ှာစိုက်လို့ရပါေသးလား
yee cho
လွန်ခဲ့သော ၃ နှစ် ကမြေဆီလွှာ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....