ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၈.၆.၂၀၁၈ မှ ၂၂.၆.၂၀၁၈)ထိ
ဆန်၊ စပါး
ပုသိမ်ဈေးကွက်မှာ ပထမတန်းစားစပါးဖြစ်တဲ့ ဧရာဝတီပေါ်ဆန်း၊ ပေါ်ဆန်းရင်တို့ကဈေးငြိမ်နေတာ အတော်ကြာပါပြီ။ ဒါပေမယ့် ဖျာပုံပေါ်ဆန်းကတော့ အနည်းငယ်ဈေးတက်လာခဲ့ပါတယ်။ စပါးတွေက ငြိမ်နေပေမယ့် ဆန် တွေကတော့ အသီးသီးဈေးတက်လာပါတယ်။ ဆန်က ပုံမှန်ဝယ်လက်ရှိပြီး ကုန်စည်ဒိုင်တွေကို အဝင်နည်းတဲ့အတွက် ဈေးကတက်လာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပထမတန်းစား စပါးတွေက ငြိမ်နေပေမယ့် ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေး၊ ဧရာမင်း၊ မနောသုခ၊ မီးကောက် နဲ့ သီးထပ်ရင်တို့ကတော့ စပါးဈေးရော ဆန်ဈေးပါတက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ရာသီဥတုအခြေအနေရ ဆန်ကအဝင်နည်းခြင်း၊ မိုးတွင်းလုပ်သား ရှားခြင်း၊ ဆန်စက်များ အလုပ်ရပ်နားထားခြင်းတို့ကြောင့် ဈေးတွေ အပြိုင်တက်လာတယ်လို့ ဆိုရပါတယ်။ ရွှေသွယ်လေးစပါးက တင်း ၁၀၀ ကို ၇၈၂၀၀၀ ကျော်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း ၃ သောင်းကျော်၊ မနောသုခက တင်း ၁၀၀ ကို ၆၂၅၀၀၀ ကျော်ရှိပြီး ၅ ထောင်ကျော်၊ မီးကောက်က တင်း ၁၀၀ ကို ၆၆၂၀၀၀ ကျော်ရှိပြီး ၅သောင်းကျော်၊ အသီးသီးဈေးတက်လာခဲ့ပါတယ်။ စပါးဈေးအပြင် ဆန်ဈေးကလည်း တစ်အိတ်ကို ၁၀၀၀ ကျော်စီဈေးမြင့်လာပြီး အနိမ့်ဆုံးဈေး ၂၅၅၀၀ ကနေ ၃၂၀၀၀ အထိ ပေါက်ဈေးရှိနေပါတယ် ပုသိမ်မှာတော့ ပထမတန်းစား ဆန်တွေက ဈေးငြိမ်နေခဲ့ပေမယ့် ရန်ကုန်ဈေးကွက်မှာတော့ အဝင်နည်းအရောင်းအဝယ်ပုံမှန်ရှိတဲ့အတွက် ပထမတန်းစား ဆန်ရော ဒုတိယတန်းစားဆန်ပါ ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဖျာပုံပေါ်ဆန်းမွှေးက တစ်အိတ်ကို ၃၆၀၀၀ ကနေ ၄၁၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းက ၃၆၀၀၀ ကနေ ၄၁၀၀၀ ကျပ်၊မြောင်းမြပေါ်ဆန်းသစ်က ၃၉၀၀၀ ကနေ ၄၀၀၀၀ ကျပ် နဲ့ တစ်အိတ်ကို ၁၀၀၀ ကျပ်စီ ဈေးတက်ခဲ့ပြီး၊ မြီးဒုံးဆန်က တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၅၅၀၀ ကျပ်၊ ရက် ၉၀ ဆန်က တစ်အိတ်ကို ၂၃၅၀၀ ကနေ ၂၄၀၀၀ကျပ်၊ သီးထပ်ရှယ်က ၂၂၅၀၀ ကနေ ၂၂၈၀၀ နဲံ့ တစ်အိတ်ကို ၅၀၀ ကနေ ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်လအတွင်း ဆန်ချောရော ဆန်ကြမ်းပါ တစ်အိတ်ကို အနိမ့်ဆုံးဈေး ၂၀၀၀ ကနေ ၃၀၀၀ ကြား ဈေးတက်လာပါတယ်။
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ ပြည်ပဝယ်လိုအားလျော့နည်းခဲ့တဲ့အပြင် ဈေးကွက်အတွင်း လက်ကျန်ပဲတွေ ကျန်နေတာဖြစ်တဲ့အတွက် ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ထိုြ့ပင်ပဲလှောင်သူအချို့ မတ်ပဲဆက်ပြီး ဈေးတက်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ပြီး လှောင်ထားဆဲအခြေအနေလည်း ဖြစ်နေပါတယ်။ လဆန်းပိုင်းကတည်းကစပြီး တစ်ဖြေးဖြေး ဈေးက ကျဆင်းသွားခဲ့တာ ဒီတစ်ပတ်မှာလည်း ပြီးခဲ့တဲ့ အပတ်ကလို တစ်တန်ကို ၄ သိန်း ၇ သောင်းနီးနီးသာ ဈေးရရှိနေပြီး အတက်အကျ အပြောင်းအလဲ မရှိပဲ ဈေးငြိမ်နေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာလည်း ပဲဈေးက ငြိမ်နေသလို နယ်ကုန်စည်ဒိုင်တွေမှာလည်း ပဲဈေးက ငြိမ်နေတာကိုတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၁၅၅၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၆၀၀၀ ရှိပြီး အသီးသီး ၅၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၆၀၀၀ နဲ့ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပြီးခဲ့တဲ့ အပတ်က ပဲစင်းငုံနီက မတ်ပဲ နဲ့အတူတူ ဈေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲက ဈေးမတက်လာပဲ ပဲစင်းငုံနီက ဈေးတက်လာခဲ့ပါတယ်။ ဈေးတက်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့ အိန္ဒိယထုတ်ပြန်ချက် အပြီး တက်ခဲ့တဲ့ ဈေးကိုတော့ မမှီသေးပါဘူး။ လက်ရှိမှာ ပဲစင်းငုံနီအဟောင်းက ဈေးကွက်အတွင်း အရောင်းအဝယ်ပိုဖြစ်နေပြီး အသစ်ကတော့ အရည်အသွေးအားနည်းတဲ့အတွက် ဈေးကအေးပြီး တစ်ချို့ရက် တွေမှာ အရောင်းအဝယ်မဖြစ်သလောက် ရှိနေပါတယ်။ ထိုြ့ပင် အသစ်ထွက်ပဲတွေကို တောင်သူတွေက အတက်ဈေးကိုမျှော်ပြီး အရောင်းအဝယ်ကို ထိန်းနေတဲ့အတွက် ပဲအဝင်နည်းပြီး ဈေးကမတ်ပဲလောက် အတက်အကျမကြမ်းပဲ ရှိနေပါတယ်။ သြဂုတ်လအမှီ ပဲစင်းငုံ တန်ချိန် ၂ သိန်းကို အိန္ဒိယကို တင်ပို့ရမှာဖြစ်တဲ့အတွက် ပဲစင်းငုံနီက ထပ်ပြီး ဈေးတက်နိုင်သေးတယ်လို့လည်း ကုန်သည်အချို့ သုံးသပ်ထားပါတယ်။ ပဲစင်းငုံနီက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၅ သိန်း ကျော်ပေါက်ဈေးရှိနေသလို နယ်ကုန်စည်ဒိုင်တွေမှာလည်း တစ်ပတ်အတွင်းဈေးတက်လာတာကိုတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၃၅၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၆၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာ ၁၅၆၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ ၁၄၅၀၀ ကျပ် နဲ့ တစ်တင်းကို ငွေကျပ် ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
မြေပဲဆံ(ဆီဆန်)(လုံးဆန်)
ပြီးခဲ့တဲ့အပတ်က မြေပဲဆံ(ဆီဆန်)က ဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ (လုံးဆန်)ကတော့ ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းခဲ့ပြီး ဒီတစ်ပတ်မှာတော့ ဈေးငြိမ်သွားပါတယ်။ လက်ရှိမှာက ရာသီဥတုကြောင့် မြေပဲကြိတ်ခသယ်ယူပို့ဆောင်စရိတ်တွေက ကြီးမြင့်နေပြီး ကုန်သည်တွေကလည်း အတက်ဈေးကို မျှော်နေကြတဲ့အတွက် ထင်သလောက်အရောင်းအဝယ်မဖြစ်ပဲ ရှိနေပါတယ်။ တောင်သူတွေကလည်း လက်ရှိမှာ ထုတ်ရောင်းချင်နေတဲ့အနေအထားရှိတဲ့အတွက် ဈေးကအနည်းငယ်သာ မြင့်တက်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မြေပဲဆံ(ဆီဆန်)က တစ်ပိဿာကို ၂၄၅၀ ရှိပြီး ၁၀၀ ကျော်ဈေးတက်လာပါတယ်။ (လုံးဆန်)ကတော့ တစ်ပိဿာကို ၂၀၅၀ နဲ့ဈေးငြိမ်နေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း (ဆီဆန် )ကတစ်ပိဿာကို ၂၂၀၀ ရှိပြီး ၂၅ ကျပ်ဈေးတက်လာကာ (လုံးဆန်) ကတော့ တစ်ပိဿာကို ၂၃၅၀ ကျပ်နဲ့ ၂၅ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ဆီဆန်က တစ်ပိဿာကို ၂၂၅၀ ကျပ်နဲ့ ၅၀ ကျပ်ဈေးတက်လာပြီး လုံးဆန်ကတော့ တစ်ပိဿာကို ၂၄၀၀ နဲ့ဈေးငြိမ်နေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ လုံးဆန်ရော ဆီဆန်ပါ တစ်ပိဿာကို ၁၀၀ ကျပ် နီး ပါးဈေးတက်လာပြီး တစ်ပိဿာကို ၂၁၀၀ ကနေ ၂၃၅၀ ကျပ် ရှိပါတယ်။
မဝတ်ရည်မွန်(AMIA)

ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....