စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်း
အသေးစားငါးမွေးမြူရေးမိသားစုများ၏ သက်မွေးဝမ်းကြောင်းများတိုးတက်ကောင်းမွန်ခြင်းတွင် စျေးကွက်စနစ်သည်လည်း မည်သို့မည်ပုံအရေးကြီးသည့်ကဏ္ဍမှ ပါဝင်လုပ်ဆောင်နေခြင်းကို အသိပညာများ တိုးပွားစေရန်ရည်ရွယ်ပြီး၊ အနာဂတ်မြန်မာပြည့်ဝမ်းစာငါးမွေးမြူရေးစီမံကိန်းမှ ပုဂ္ဂလိကစီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး ၃ ရက် ကြာ လူတွေ့စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်းအား ရန်ကုန်တွင်ပို့ချခဲ့သည်။
ဤသင်တန်းကို ငါးအသားတိုးမွေးမြူသူ၊ ငါးပြုပြင်စီမံရောင်းချသူ၊ ငါးရောင်းဝယ်သူ၊ သားဖေါက်စခန်းနှင့် သားပေါက်ပြုစုစခန်းများ၊ ငါးအစာထုတ်လုပ်သူ၊ မိတ်ဖက်အဖွဲ့များနှင့် WorldFish ဝန်ထမ်းများ စုစုပေါင်း ၆၅ ဦး ကျား/မ ကဏ္ဍ နှစ်ဖက်အညီအမျှဖြင့် တက်ရောက်ခဲ့သည်။ သင်ကြားမှုများအချိတ်အဆက်မိစေရန် စာတွေ့အဓိကထားသင်ကြားမှုများ၊ အုပ်စုဖွဲ့အပြန်အလှန် ဆွေးနွေးတင်ပြမှုများနှင့် ဆရာဖြစ်ဦးဆောင်သင်ကြားပြသမှုများစသည့် နည်းလမ်းများကို တွဲဖက်ပေါင်းစပ်ပြီး သင်တန်း ပို့ချခဲ့သည်။
ဤသင်တန်းမှ ငါးမွေမြူရေးလုပ်ငန်းအပိုင်းကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်သူများအကြား အချင်းချင်းသိကျွမ်း ပူးပေါင်းဆောင်ရွက်ကျင့်သုံးခြင်းများ တိုးတက်စေရန် ရည်မှန်းသည်။ သင်တန်းသည် အောက်ပါ အဓိကရည်ရွယ်ချက် ၅ ခု ထားရှိပါသည်။
- အပြန်အလှန်အကျိုးဆောင်လှုပ်ရှားမှုများ စျေးကွက်လုပ်ဆောင်သူများနှင့် ဝန်ထမ်းများအကြား အချင်းချင်း နားလည်ပြီး ချိတ်ဆက်မှုများတိုးမြှင့်ရန်အတွက် အပြန်အလှန်ဆောင်ရွက်မှုပြုသည့်အခြေခံအုတ်မြစ်ဖန်တီးပေးခြင်း။
- စျေးကွက်စီးပွားစနစ်နားလည်သိကျွမ်းမှုများ စျေးကွက်အင်အားနှင့် ၎င်းတို့၏ ငါးမွေးမြူရေးအကျိုးသက်ရောက်မှုများကို ပါဝင်လုပ်ဆောင်သူများအကြားအသိပညာပေးခြင်းများ။
- ပူးပေါင်းဆောင်ရွက်ခြင်းတိုးမြှင့်မှုများ အသေးစားစွန့်ဦးစီးပွားတောင်သူများ သက်မွေးဝမ်းကြောင်းတိုးတက် ကောင်းမွန် စေရန် ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေးလုပ်သားကဏ္ဍများအကြား ထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများ ရှာဖွေခြင်း။
- ခေတ်နှင့်အညီပြောင်းလဲသည့်စျေးကွက်စနစ်ကျင့်သုံးနိုင်ခြင်း နိုင်ငံစျေးကွက်စီးပွားဖွံ့ဖြိုးမှုများအပေါ်သက်ရောက်မှု များနှင့် ငါးမွေးမြူရေးလုပ်ငန်းအပိုင်းကဏ္ဍနည်းဗျူဟာများ ဆွေးနွေးမှုပြုခြင်း။
- စီးပွားရေးအချိတ်အဆက်ကွန်ယက်များတည်ဆောက်ခြင်း အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်ခြင်းများတည်ဆောက်ရန် ငါးလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်သူအမျိုးမျိုးတို့၏ အချိတ်အဆက်ကွန်ယက်အခွင့်အလမ်းများပြုလုပ်ပေးခြင်း။

သင်တန်း၏ရည်ရွယ်ချက်များနှင့်အညီ အောင်မြင်စွာပို့ချနိုင်ခဲ့ပြီး စျေးကွက်စနစ်များဖွံ့ဖြိုးရေးတွင် ပြည့်စုံ ကောင်းမွန်သည့်အမြင်များကိုလည်း ပေးနိုင်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းသည် အတွေ့အကြုံကွဲပြားသည့် တက်ရောက်လာသူများအကြား ချိတ်ဆက်ပေးပြီး အထူးသဖြင့် စီမံကိန်းဆောင်ရွက်နေသည့် တိုင်းနှင့်ဒေသကြီးများအကြား အနာဂတ်တွင်ပူးပေါင်းခြင်းများနှင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ဆောင်သစ်များအတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ်များချနိုင်ခဲ့သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ကမ္ဘာ့ငါးအဖွဲ့
အားလုံး
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....