သဘာဝနှင့် ဓာတုယှဉ်ဆွေးနွေးမည့် စပါးပင်အာဟာရစီမံခန့်ခွဲနည်းသင်တန်း
စပါးပင်အတွက် လိုအပ်တဲ့ အာဟာရလို့ပြောလိုက်ရင် N,P, K ပဲ မျက်လုံးထဲ မြင်နေတုန်းလား?
အာဟာရမှာလည်း ရွေ့လျားနိုင်တဲ့ အာဟာရနဲ့ မရွေ့လျားနိုင်တာရှိတာကိုကောသိထားပြီလား?
ဥပမာ- ဖော့စပရပ်က မြေကြီးထဲမှာ ရွေ့လျားနိုင်ခြင်းမရှိတာကြောင့် အပင်ကြီးပြီး လိုအပ်တဲ့လက္ခဏာပြမှ ထည့်တာမျိုး မလုပ်ဘဲ စိုက်ရာသီအစ မြေပြင်ကတည်းက မြေခံအနေနဲ့ အသုံးပြုသင့်ပါတယ်ဆိုတဲ့ အကြံပေးချက်တွေကို
Senior Agronomist ဆရာမဒေါ်ဇာဇာဝင်းက ဇူလိုင်လ ၂၉ ရက်မှာ အစိမ်းရောင်လမ်းက မိုးစပါးစိုက်တောင်သူများအတွက် လာရောက်ရှင်းပြသင်ကြားပေးတော့မှာဖြစ်ပါတယ်။
ဆရာမဒေါ်ဇာဇာဝင်းဟာဆိုရင် ၂၀၁၄ ခုနှစ်မှာ မဟာတန်းပညာဘွဲ့ကို ဥယျာဉ်ခြံသီးနှံပညာဖြင့် ဘွဲ့ရရှိခဲ့ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ သင်ကြားရေးသုတေသနတာဝန်ကို ၉ နှစ်အကြာ၊ Yara ဓာတ်မြေဩဇာကုမ္ပဏီတွင် Senior Agronomist အဖြစ် ၇ နှစ်အကြာ တာဝန်ထမ်းဆောင်ဖူးသူလည်းဖြစ်ကာ ယခုလက်ရှိမှာ Senior Agronomist ရာထူးဖြင့်ပင် Agri-First ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေသူမို့လို့
တောင်သူဦးကြီးတို့ သိဖို့လိုနေတဲ့ စပါးပင်အာဟာရဓာတ်ချို့တဲ့တဲ့အခါ ဘယ်လောက်အထိ အထွက်နှုန်းထိခိုက်ပါတယ်ဆိုတဲ့အကြောင်းကို
အကျယ်တဝင့်ရှင်းပြပေးနိုင်မှာပဲ ဖြစ်ပါတယ်။
သင်တန်းတက်ရောက်လို့တဲ့ မိတ်ဆွေတို့အနေနဲ့ အစိမ်းရောင်လမ်းရဲ့ page messenger ဒါမှမဟုတ် 095053570 Viber number ကို အခုပဲ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ
တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတွေအတွက်လည်း Recording ကို အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက်ပျိုးသူများ သီးသန့်အဖွဲ့ထဲ ပြန်လည်တင်ပေးသွားပါ့မယ်ရှင့်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မိုးစပါးသင်တန်း+ကြီးကြပ်
Win Ko Thu
လွန်ခဲ့သော ၁ နှစ် ကဟုတ်ကဲ့ကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026