အစိမ်းရောင်လမ်း
သဘာဝထုတ်ကုန်များ ကုန်စည်ပြပွဲ ၂၀၁၉

သဘာဝထုတ်ကုန်များ ကုန်စည်ပြပွဲ ၂၀၁၉

Helvetas SWISS မှဖိတ်ကြားသော California ပြည်နယ် Los Angles ခရိုင်ရှိ Anaheim မြို့တွင်ကျင်းပပြုခဲ့လုပ်သော Natural Products Expo 2019 (organic) ပွဲ၏ အကျဉ်းချုပ်မှတ်တမ်းများကို ဖော်ပြလိုက်ရပါတယ်။

၁။ နိုင်ငံတကာမှ ပြပွဲလာရောက်ပြသသော ဆိုင်ခန်းပေါင်းသုံးထောင်ကျော်ရှိပြီး ပြပွဲလာရောက်လေ့လာရန် တရားဝင်လူဦးရေ ၇၀၀၀၀ ကျော် ဖိတ်ကြားခဲ့ပါသည်။

၂။ လက်ဖက်နှင့်သက်ဆိုင်သော နိုင်ငံတကာမှ ပြခန်းပေါင်း ၅၀ ခန့် ရှိပါသည်။

၃။ ပြပွဲအဓိကရည်ရွယ်ချက်မှာ တစ်ကမ္ဘာလုံးရှိ ဓါတုဗေဒကင်းရှင်းသော(မြေဩဇာမပါ)၊ မျိုးဗီဇအမှန်ဖြစ်သော (စပ်မျိုးမဟုတ်သော)၊ ပိုးသတ်ဆေးမပါသော၊ လေထုညစ်ညမ်းစေသော စက်ရုံအလုပ်ရုံနှင့် ဝေးကွာသောနေရာဒေသ စသည့် အချက်အလက်များနှင့်ပြည့်စုံသော သဘာဝထုတ်ကုန်များကိုသာ အဓိကသုံးစွဲထားသည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသော ထုတ်ကုန်များ၏ ကုန်စည်ပြပွဲဖြစ်ပါသည်။

၄။ စားသောက်ကုန်များ၊ ဆေးဝါးများ၊ အားဖြည့်အချိုရည်များ၊ ဟင်းခတ်အမွေးအကြိုင်ပစ္စည်းများ၊ အလှကုန်များ၊ ရေမွှေးထုတ်ကုန်များ၊ ပါကင်ပိတ်စက်များ အစရှိသဖြင့် ပါဝင်ပြသခဲ့ပါသည်

၅။ နိုင်ငံတစ်ကာမှ လက်ဖက်နှင့်သက်ဆိုင်သောနိုင်ငံများ အတော်အသင့် လာရောက်ပြသခဲ့ပါသည်။ အစ္စရေး၊ ကိုလံဘီယာ၊ ပြင်သစ်၊ ဂျာမဏီ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ ကမ္ဘောဒီယား၊ စပိန်၊ အိန္ဒိယ အစရှိသည့်နိုင်ငံများစွာ ပါဝင်ပြသခဲ့ပါသည်။

၆။ ဆိုင်အများစုနှင့် ဈေးကွက်မိတ်ဆက်စကား ပြောကြည့်ရာတွင် USDA အသိအမှတ်ပြုလက်မှတ်ကို အလွန်အလေး ထားကြသည်။ အခြားလက်မှတ်များကိုလည်း အသိအမှတ်ပြုကြသည်။ လက်မှတ်တစ်စုံတစ်ရာ မပြသနိုင်ပါက မည်သည့်ပစ္စည်းကိုမဆို ငြင်းပယ်ကြပါသည်။ စမ်းသပ်ခွင့်လည်း မပြုပါ။

၇။ နိုင်ငံအလိုက် ထုတ်ကုန်တိုင်းတွင် လက်ဖက်ပါဝင်မှု ဖော်မြူလာအမျိုးမျိုး ကွဲပြားခြားနားကြပါသည်။ ဂျပန်နိုင်ငံ၏ Mocha လက်ဖက်အရသာမှာ စိမ်းရွှင်ရွှင်နှင့် ရနံသင်းသင်း ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ၏ Herbel လက်ဖက်မှာ နနွင်းနံ့အရသာနှင့် ခပ်စိမ့်စိမ့်ပူရှိန်းရှိန်း ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၏ Breakfast လက်ဖက်အရသာမှာ အမျိုးစုံလှပါသည်။ လာဗင်ဒါအနံ့လက်ဖက်၊ နှင်းဆီအနံလက် ဖက်၊ ဖာလာ စပါးလင် သစ်ဂျပိုး ဂျင်းရောထားသောအနံ့၊ စတော်ဘယ်ရီအနံ့ စသည်ဖြင့် အမျိုးအမယ်စုံပါသည်။ ပြင်သစ်နိုင်ငံ၏ green tea အချိုရည်မှာလည်း ထူးခြားလှပါ သည်။ ရေချိုးခန်း၊ အိမ်သာ၊ ဧည့်ခန်း၊ အိပ်ခန်း၊ အစည်းအဝေးခန်းမတွင်သုံးသော လက်ဖက်ရေမွှေးမှာ အဆီတစ်စက်တိုင်း ရနံ့သင်းပျံ့လှပါသည်။

၈။ ပွဲမတိုင်ခင် တစ်ရက်တွင် Helvetas အဖွဲ့ အတိုင်ပင်ခံနှစ်ဦးဖြစ်သော Robbie နှင့်Jolanda တို့မှ သင်တန်းတစ်ရက်ခန့် ဈေးကွက်မိတ်ဆက်ခြင်းအနုပညာကို ဟိုတယ်တွင် မနက်ပိုင်းတွင် စာတွေ့ ၊ ညနေပိုင်းတွင် လက်တွေ့အနေဖြင့် los angles မြို့ထဲရှိ T2 လက်ဖက်ခြောက် သီးသန့်အရောင်းဆိုင်၊ လက်ဖက်ခြောက်ရောင်းသော စူပါမားကတ်များ ၊ wall mart ကုန်စုံဆိုင်များ၊ organic သီးသန့်ရောင်းသော လက်ကားဆိုင်ကြီးတစ်ဆိုင်သို့ သွားရောက်လေ့လာခဲ့ပါသည်။

၉။ Helvetas ပညာရှင်နှင့်အတူ ပြပွဲသို့ ၇၊ ၈ နှစ်ရက်ခန့် သွားရောက်မိတ်ဆက် ပြသခဲ့ပါသည်။

လက်ဖက်စိုအပိုင်းကို မောရှမ်းမှ ကိုလင်းပြည့်ထွန်း၊ ဦးကာက- ဒေါ်စိန်မှ အဆင့်မြင့်လက်ဖက်စိုကို ကိုရွှေမောင်း၊ အဆင့်မြင့် black tea ထုတ်ကုန်ကို ရုပ်သေးတံဆိပ်ဖြင့် ကိုဝင်းနိုင် (ကမ္ဘောဇ)၊ USDA certificate လက်မှတ်ရ မိဖုရား black tea, red tea, green tea and orthrodox black tea ကို လင်းအောင်နိုင်နှင့် နန်းထွေးငယ်၊ ရွှေသုန္နရီ အဆင့်မြင့် ဆပ်ပြာသနပ်ခါးမှ ဦးကဲနက်စိန်၊ Ju Ju be ဇီးဖျော်ရည်အား စလေရှေ့ဆောင်တံဆိပ်မှ မအေးအေးနိုင်တို့က အပိုင်းလေးပိုင်းခွဲ၍ ဝင်ရောက်ပြသခဲ့ပါသည်။

၁၀။ ၉.၃.၂၀၁၉ ရက်နေ့တွင် ပြပွဲအပြန်အလှန်လေ့ကျင့်ခန်းအား ဟိုတယ်တွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ USA နိုင်ငံ လက်ဖက်Trends နှင့်ပါတ်သက်၍ နောက်လာမည့် ၅နှစ်အတွင်း ဖြစ်နိုင်ချေအကျိုးအပြစ်ရလဒ်ကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ B to B (လုပ်ငန်းရှင်အချင်းချင်း) အနေဖြင့်သာ ဆွေးနွေးခဲ့ရပါသည်။ B to C(လုပ်ငန်းရှင်နှင့်စားသုံးသူ) အချိန်လုနေရသောကြောင့် ထိတွေ့မှူမရှိသလောက်သာ ဖြစ်ခဲ့ပါသည်။ အနာဂတ်ကာလတွင် ပြခန်းအနေဖြင့် ပြသခွင့်ရပါက ပြခန်းပြုလုပ်ပုံအတွေးအမြင်များကို ဒီဇိုင်းပုံဖော်ကာ ဆွေးနွေးခဲ့ကြပါသည်။ နောင်လာမည့်ပြပွဲတွင် သတင်းအချက်အလက် စုံစုံလင်လင် ကြိုယူထားသင့်ပါသည်။ (ပြပွဲတွင် လက်ဖက်နှင့်ပတ်သက်၍ လက်ဖက်လုပ်ငန်းရှင်များအသင်း သီးသန့်တွေ့ဆုံပွဲအား မိမိတို့မှ မတက်ရောက်နိုင်ခဲ့ကြပေ။ သတင်းရနောက် ကျ၍ဖြစ်သည်)

၁၁။ အနာဂတ်တွင် မြန်မာနိုင်ငံမှ organic စစ်စစ်ဖြစ်သော ဒန့်သလွန်(moringha)၊ ဂျင်း၊ ပူစီနံ၊စပါးလင်၊ ဖာလာ၊ ထောပတ်၊ ကျွန်တော့အမြင် နမ့်ဆန်မှထွက်သော (ပလေလူလူ) ကိုလည်း ရှေ့ထွက်ပြသသင့်ပါသည်။ မှတ်ချက် - သစ်ဂျပိုးအား အမေရိကန်နိုင်ငံမှ ဆေးဝါးအဖြစ် အသိအမှတ်မပြုတော့ပါ။

၁၂။ နိဂုံးချုပ်အနေဖြင့် နောင်လာမည့် အနာဂတ်ပြပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် လက်ဖက်အပြင် အခြား ဒေသထွက်ကုန်များကိုလည်း organic လက်မှတ်ရအောင်လုပ်ထားပြီး စဉ်ဆက်မပြတ် ဆက်လက်ပူးပေါင်းဆောင်ရွက် ပြသနိုင်ပါက အလားအလာအလွန်ကောင်းမွန်နိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း

Content provider

လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း

မြန်မာနိုင်ငံလက်ဖက်အသင်းသည် ၂၀၁၃ ခုနှစ်၊ မတ်လမှ စတင်ဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့အား အဆင့်မြှင့်တင်၍ ဇွန်လ ၂၀၁၈ ခုနှစ်တွင် တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်သော အသင်းအဖွဲ့ဖြစ်ပြီး မြန်မာ့လက်ဖက်ထုတ်လုပ်ရောင်းချသူများမှ ဦးစီးဆောင်ရွက်လျက်ရှိပါသည်။ အသင်းကြီး၏ ဦးတည်ချက်များ မှာ မြန်မာ့လက်ဖက်ကို နိုင်ငံတကာအဆင့်မီ အရည်အသွေး ဖြစ်လာအောင် အဆင့်မြင့်တင်ရန် ပြည်တွင်းရှိ လက်ဖက်စိုက် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အခြားဆက်စပ်လျက်ရှိသော လုပ်ငန်းကဏ္ဍများကိုပါ မြှင့်တင်သွားရန် ဖြစ်ပါသည်။ အသင်းကြီး၏ ရည်ရွယ်ချက် လက်ဖက်စိုက်ပျိုးသူတောင်သူများနှင့် ရောင်းချသူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်။ လက်ဖက်ကုန်ကြမ်းအရည်အသွေးမြင့်မားလာစေရန်နှင့် လက်ဖက်စိုက်ပျိုးနည်းပညာများ ရရှိနိုင်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံလက်ဖက်အသင်း- ဖေ့ဘွတ်လင့် https://www.facebook.com/myanmartea/

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....