မွေးမြူရေးထုတ်ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်ရေးသင်တန်း (သင်တန်းသားခေါ်ယူခြင်း )
- မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ လူထုအတွက် စားနပ်ရိက္ခာဖူလုံစေရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးတို့ကို ဦးတည်ကျိုးပမ်းဆောင်ရွက် လျက်ရှိရာတွင် တန်ဖိုးမြင့် မွေးမြူရေးထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်း ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။
- မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံနို့လုပ်ငန်းအသင်း တို့သည် ထိုင်းနိုင်ငံ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (Department of Livestock Development – DLD) နှင့် ပူးပေါင်းကာ နို့နှင့် နို့ထွက် ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်မှုသင်တန်း၊ အသားထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်မှု သင်တန်များကို ထိုင်း နိုင်ငံ ချင်းမိုင်မြို့ရှိ မွေးမြူရေးထုတ်ကုန်များ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ (Livestock Product Research and Development Center) တွင် နှစ်စဉ် ဖွင့်လှစ်ပို့ချခဲ့ပါသည်။
- ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ခရီးသွားလာ မှု ကန့်သတ်ချက်များအရ အဆိုပါသင်တန်းများကို ရပ်ဆိုင်းထားခဲ့ရာ ယခုအခါ အဆိုပါသင်တန်းများကို ပြန်လည် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သင်တန်းများသည် ပုံမှန်အားဖြင့် ရက်သတ္တပတ် ၁ ပတ် ခန့် ကြာမြင့်ပြီး၊ ထိုင်းနိုင်ငံမှ ပညာရှင်များက စာ တွေ့ လက်တွေ့ ပြည်စုံစွာ သင်ကြားပို့ချပေးခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ သင်တန်းသားများအတွက် ကျွမ်းကျင် ဘာသာပြန်သူများဖြင့် မြန်မာဘာသာသို့ ပြန်ဆိုပို့ချပေးခြင်း ဖြစ်ပါသည်။
ယခင်ပို့ချခဲ့သော နို့ နှင့် နို့ထွက်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်လုပ်မှု သင်ခန်းစာများ
• နို့နှင့် နို့ထွက်ပစ္စည်း တန်ဖိုးမြှင့်ထုတ်လုပ်မှု အခြေခံသဘောတရားများ
• ခရင်မ်၊ ဒိန်ချဉ်အမျိုးမျိုးနှင့် ရေခဲမုန့်အမျိုးမျိုး ထုတ်လုပ်ခြင်း
• ချိစ်(cheese)အမျိုးမျိုးထုတ်လုပ်ခြင်း
• နို့ဆီ၊ နို့စိမ်း ထုတ်လုပ်ခြင်း
• နို့ကိုအသုံးပြု၍ အလှကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်း (ဆပ်ပြာ၊ Lotion၊ Salt scrub)
• နို့ကိုအဓိကအသုံးပြုသည့် ကော်ဖီအမျိုးမျိုး
• မိမိတို့နှင့် သင့်လျော်သည့် ထုတ်ကုန်အမယ်သစ် စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ကာ လက်တွေ့ ဆောင်ရွက်ခြင်း
• နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ (အသေးစားလုပ်ငန်း၊ အလတ်စားလုပ်ငန်း၊ အကြီးစား လုပ်ငန်း) ၊ အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များသို့ ကွင်းဆင်းလေ့လာရေးသွားရောက်ခြင်း
ယခင်ပို့ချခဲ့သော အသားထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်မှု သင်ခန်းစာများ
• အသားထုတ်ကုန် တန်ဖိုးမြှင့်ထုတ်လုပ်မှု အခြေခံသဘောတရားများ
• သားသတ်ရုံလုပ်ငန်းစီမံခန့်ခွဲမှုများ
• ကြာရှည်သိုလှောင်ထားနိုင်သည့် အသားခြောက်အမျိုးမျိုး ထုတ်လုပ်ခြင်း (Dried and Jerky)
• တန်ဖိုးမြှင့်တည်ခင်းရောင်းချနိုင်သည့် စားသောက်ကုန်များ (Smoked ၊ BBQ ၊ Roasted ၊ Steak ၊ Curry)
• အသားစားနွားနှင့် ဒေသကြက်မွေးမြူရေးခြံများ သို့ ကွင်းဆင်းလေ့လာရေး သွားရောက်ခြင်း
• တန်ဖိုးမြှင့်အသားထွက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းများ၊ တည်ခင်းရောင်းချသည့် စားသောက် ဆိုင်များ၊ အရောင်းဆိုင်များသို့ ကွင်းဆင်းလေ့လာခြင်း
• လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်တင်ပို့ရောင်းချသည့် စင်တာများသို့ ကွင်းဆင်းလေ့လာခြင်း
သင်တန်းပို့ချရာတွင် မွေးမြူရေးထုတ်ကုန်များ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ က သုတေသနပြု ထုတ် လုပ်ကာ ဈေးကွက်ဝင်ရောင်းချလျက်ရှိသည့် ထုတ်ကုန်အမယ်သစ်များကိုလည်း ဘာသာရပ်အသစ်များအဖြစ် နှစ် စဉ် ဖြည့်စွက်ကာ သင်ကြားပို့ချပေးလျက်ရှိပါသည်။ ထို့ပြင် သင်တန်းသားများက သင်ကြားပေးရန် တောင်းဆိုသည့် ထုတ်ကုန်အမယ်များကိုလည်း အတတ်နိုင်ဆုံး ဖြည့်စွက် ပို့ချပေးခြင်း ဖြစ်ပါသည်။
သင်တန်းသားများအနေဖြင့် သင်တန်းချိန်ပြင်ပတွင် သင်တန်းမှူးများ၏ အကူအညီဖြင့် ချင်းမိုင်မြို့ပတ် ဝန်းကျင်ရှိ အပန်းဖြေလည်ပတ်စရာ နေရာအချို့ကိုလည်း သွားရောက်လည်ပတ်နိုင်မည် ဖြစ်ပါသည်။
သင်တန်းသားများအနေဖြင့် ရန်ကုန် - ချင်းမိုင် - ရန်ကုန် လေကြောင်းခရီးစဉ်၊ သင်တန်းကြေး၊ သင်တန်း တွင် အသုံးပြုသည့် ကုန်ကြမ်းများအတွက် ကုန်ကျစရိတ် တို့ကို မျှဝေကျခံရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမွေး မြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် သင်တန်းကြေးကို အထူးသက်သာသည့် နှုန်းထားဖြင့် စီစဉ်ထားခြင်း ဖြစ်ပါသည်။
သင်တန်းများကို ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ မွေးမြူရေး ထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်ကာ ဈေးကွက်ချဲ့ထွင်လိုသူများ၊ လုပ်ငန်းသစ်ချဲ့ထွင်လိုသူများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် သင်တန်းတက်ရောက်ရန် စိတ်ဝင်စားပါက မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ရုံးအဖွဲ့ (ဖုန်း/Viber - ၀၉ ၇၅၂၂၇၈၇၉၅ ၊ Email: myanmarlivestock@gmail.com) သို့ ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ပါသည်။
ခင်မောင်သက်
လွန်ခဲ့သော ၄ နှစ် ကစိတ်ဝင်စားပါတယ် ကျေးဇူးပြုပြီး ဆက်သွယ်ပေးနိုင်ပါရန်
Daw moo ra
လွန်ခဲ့သော ၄ နှစ် ကကိုယ်ပိုင် နွားခြံလေးနဲ့ရတဲ့နို့နဲ့ဖန်တီးချင်လို့ပါလယ်သမားတွေလဲပိုပြီးသုတဆွယ်စုံရအောင်ပေါ့နောဆယ်သိန်းကျော်လား
သက်ခိုင်
လွန်ခဲ့သော ၄ နှစ် ကရပါတယ်ခင်ဗျာ။ သင်တန်းအတွက် ကုန်ကျစရိတ်ရှိတာမို့ ပြန်လည်အသုံးချမယ့်သူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။ မိမိက နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်သူ၊ အသားထုတ်လုပ်သူ ဖြစ်ရင် ပိုကောင်းပါတယ်။ အခုမှ လုပ်ငန်းသစ်အဖြစ် စတင်ဖို့ စိတ်ဝင်စားပြီး တက်ချင်ရင်လည်း တက်လို့ရပါတယ်။
Daw moo ra
လွန်ခဲ့သော ၄ နှစ် ကတောင် သူများအတွက် သွားရင် ရလား
သက်ခိုင်
လွန်ခဲ့သော ၄ နှစ် ကဖုန်း/Viber 09752278795 နဲ့ myanmarlivestock@gmail.com ကို ဆက်သွယ်ကြည့်ပါ ခင်ဗျ။
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....