အစိမ်းရောင်လမ်း
မေးကြ၊ ဖြေကြ.....ဒေသအလိုက် မိုးလေဝသ

မေးကြ၊ ဖြေကြ.....ဒေသအလိုက် မိုးလေဝသ

🌤💥 တိုင်းနဲ့ပြည်နယ်တစ်ခုချင်းစီအတွက် မိုးလေဝသအခြေအနေဆိုရင် ခြုံငုံပြီးတော့ပဲပြောလို့ရတာမို့ ကိုယ့်မြို့ကိုယ့်နယ်အလိုက် အသေးစိတ်မှန်နိုင်ဖို့မလွယ်ဘူးနော် 😇😇

🤝 ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ Green Way နဲ့ နိုင်ငံတကာမိုးလေဝသအခြေအနေတွေကို စောင့်ကြည့်ခန့်မှန်းပေးနေသူ ဆရာဦးဝင်းနိုင်တို့ ပူးပေါင်းပြီး အခမဲ့ အဖွဲ့လေးတစ်ဖွဲ့ကို ဖွဲ့ထားပါတယ် 🥰🥰

✅ ဒီအဖွဲ့လေးကို ဝင်ရောက်ပြီးတာနဲ့ ကိုယ့်ရဲ့ဒေသအလိုက် မိုးလေဝသအခြေ အနေကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ပြီး နောက်ဆုံးမိုးလေဝသအခြေအနေတွေကို ဆရာက ပြန်ဖြေပေးသွားမှာပါ 👏👏

⛈ မိုးရွာ၊ လေတိုက်၊ ရာသီဥတုဘေးတွေကို တောင်သူဦးကြီးတွေအနေနဲ့ ကြိုသိပြီးကြိုတင်ပြင်ဆင်သင့်တာတွေ ပြင်ဆင်နိုင်ဖို့ ရည်ရွယ်တာပဲဖြစ်လို့ အဖွဲ့ဝင်ကြေးက ပိုက်ဆံပေးရန်မလိုပါဗျာ.. 🌹🌹

🌞 ကဲ..ဒီတော့.. Green Way app ထဲဝင်.. ဘယ်ဘက်အပေါ်ထောင့်က လူပုံလေးကိုနှိပ် .. ‘ သင့်အဖွဲ့ အစည်းများ’ ဆိုတဲ့ထဲက “ မေးကြ၊ ဖြေကြ..ဒေသအလိုက် မိုးလေဝသ” ဆိုတဲ့ အဖွဲ့လေးထဲဝင်ပြီး မေးကြ..မြန်းကြ..ဆွေးနွေးလိုက်ကြပါစို့ဗျာ 🌦🌦

 

8
sph

sph

လွန်ခဲ့သော ၂ နှစ် က

မကွေးတိုင်း တောင်တွင်းကြီးကပါဆရာ မိုးအခြေနေလေးသိချင်လို့ပါ

Zew Nyi Nyi Naing

Zew Nyi Nyi Naing

လွန်ခဲ့သော ၃ နှစ် က

ဆရာ ရှမ်းပြည်တောင်ပိုင်းအတွက် မှန်တိုင်းအခြေအနေသိချင်လို့ပါဆရာ

ဦးကျော်ကျော်

ဦးကျော်ကျော်

လွန်ခဲ့သော ၃ နှစ် က

မြင်းခြံမြို့မှာလေတိုက်နှုန်းတော်တော်ပြင်းနိုင်လားဗျ နွေ CPပြောင်း/နွေနှမ်းစိုက်ထားသူတွေများလို့ပါ ‌ခန့်မှန်းလေးဖြေပေးပါအုန်းဗျ ကျေးဇူးပါ

ကောင်းထက်နိုင်

ကောင်းထက်နိုင်

လွန်ခဲ့သော ၃ နှစ် က

ဂေါ်ရန်ဂျီကျွန်းဘက်ကပြည်သူတွေအတွက်စိတ်ချရရဲ့လားခမျ ပြောင်းရွေ့ဖို့ရောလိုမလားဗျ

Ko Myint

Ko Myint

လွန်ခဲ့သော ၃ နှစ် က

ပုသိမ်မှာ မိုးခန့်မှန်ပေပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....