အစိမ်းရောင်လမ်း
ဆော့ဝဲထဲက အထူးအစီအစဉ် (၁၁)

ဆော့ဝဲထဲက အထူးအစီအစဉ် (၁၁)

မင်္ဂလာပါ

အခုဆိုရင် အစီအစဉ် (၁၁) ထိရောက်လာပြီး ဆွေးနွေးချက်လေးတွေမှာလည်း ဦးကြီးတို့သိပြီးသား အစိမ်းရောင်လမ်း အကြောင်းတွေပါကောင်းပါနိုင်သလို ဒီအစီအစဉ်မှပဲသိသွားတဲ့ အစိမ်းရောင်လမ်းအကြောင်းလေးတွေလည်းပါမှာပေါ့နော်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အစိမ်းရောင်လမ်းကိုစိတ်ဝင်တစားနဲ့အသုံးပြုနေပြီး အစီအစဉ်လေးမှာလည်းပါဝင်ဖြစ်နေတော့ ပျော်စရာကောင်းပြီး အသုံးပြုရတာပိုလွယ်ကူသွားတာပေါ့နော်။

ကဲ...ဒီတစ်ခေါက်မှာ စာအုပ်စင်ကဏ္ဍကိုပြန်သွားကြရအောင် 

စာအုပ်စင်ကဏ္ဍမှာ စပါးနဲ့ပတ်သတ်တဲ့ စာအုပ်တွေဘယ်နှစ်အုပ်တင်ထားလဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး။

စစ်တမ်းမှာသွားရောက်ဆွေးနွေးဖို့ မမေ့နဲ့နော်။ တိုက်ရိုက်ရောက်မယ့်လင့်ကိုအောက်ကစာတန်းမှာ နှိပ်ပါ။

ဆော့ဝဲထဲက အထူးအစီအစဉ် (၁၁)

ဦးကြီး/အန်တီတို့ စပါးနဲ့ပတ်သတ်တဲ့စာအုပ်တစ်အုပ် အုပ်များ ဖတ်ဖြစ်ခဲ့တယ်ဆိုရင် ပိုစ့်အောက်က ပါဝင်ဆွေးနွေးမည်မှာ  အတွေ့အကြုံလေးမျှဝေသွားကြပါဦး။ ခေတ်စကားနဲ့ပြောရမယ်ဆိုရင် ရီဗျူးပေးတယ်ပေါ့နော်။ အပျော်ပေါ့။ အများကြီးမဟုတ်လည်းရပါတယ် ဘယ်စာအုပ်လေးဖတ်ဖြစ်ခဲ့တယ် ဆိုတာမျိုးလေးပေါ့ မျှဝေလို့ရပါတယ်။ 

မနက်ဖြန်မှာ ကံထူးသူတွေနဲ့အတူပြန်လာခဲ့ပါမယ်နော်။

 

kyaw min

kyaw min

လွန်ခဲ့သော ၅ နှစ် က

မြန်မာနိုင်ငံရဲ့ရေသောက်မြစ်ဖြစ်လာမဲ့အစိမ်းရောင်လမ်း(Grean way)တကယ်အကျိုးထူးပါတယ်ကျေးဇူးတင်တာထက် မြန်မာနိုင်ငံအတွက်တန်ဖိုးဖြတ်လို့မရတဲ့ဆရာတေဆရာမတေပေါ်ထွက်လာလို့လဲ တောင်သူတေအတွက်တော့ ထာ၀ရအားထားရာပါ

kyilwin

kyilwin

လွန်ခဲ့သော ၅ နှစ် က

အစိမ်းရောင် လမ်း ကိုခုမှလေ့လာဆဲပါကျေးဇူးတင်ပါတယ်

ကိုရွှေ

ကိုရွှေ

လွန်ခဲ့သော ၅ နှစ် က

စာအုပ်ဆိုတာထက်ကိုပဲ ဒီအစိမ်းရောင်လမ်းသည်ပင် ကျွနု်ပ်တို့အတွက်တော့ ဟင်းလင်းအိုးကြီးပါ။ အကောင်းဆုံး ခေတ်နဲ့အကိုက်ညီဆုံး စာအုပ်ကောင်းတစ်ခုပါ။ ရှိသင့်တာလည်းကြာပါပြီလေ။ တောင်သူရဲ့အားနည်းချက်က ရေမလုံလောက်မှုနဲ့နည်းစနစ်မကျွမ်းကျင်တာပါ။ အစိမ်းရောင်လမ်းက ရေကိုမပေးနိုင်ပေမယ့် မိုးလေဝသကိုသိရတယ်ဆိုတော့ သဘောကျနှစ်သက်ရသလို နည်းလမ်းများစွာ။ ဗဟုသုတအထွေထွေကို စိုက်ပျိုးရေးကိုကူညီလမ်းပြနိုင်စွမ်းကြောင့် ဘာစာအုပ်မှကို မဖတ်ဖြစ်တဲ့ကျွန်တော်တို့မှာ ခုတော့ စာအုပ်ကောင်းတစ်ခုတွေ့ပါပြီ။ ကျေးဇူးအထူးတင်ပါတယ်။

ကျော့နန္ဒာစိုး

ကျော့နန္ဒာစိုး

လွန်ခဲ့သော ၅ နှစ် က

သီးနှံဈေးနှုန်းနဲ့ပတ်သတ်ပြီး နေ့စဉ်သီးနှံဈေးနှုန်းကဏ္ဍမှာ လေ့လာလို့ရပါတယ်

မောင်ရဲဝင်း

မောင်ရဲဝင်း

လွန်ခဲ့သော ၅ နှစ် က

၉အုပ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....