အစိမ်းရောင်လမ်း
ဒီနှစ်အတွက် နွေစပါးစိုက်ဖြစ်မှာလား?

ဒီနှစ်အတွက် နွေစပါးစိုက်ဖြစ်မှာလား?

ဗျို့ ..ဧရာဝတီရေ ဗျို့ ...ဆန်အိုးကြီး

နွေစပါးစိုက်ဖို့ မြေသြဇာဈေး စက်သုံးဆီဈေးတွေကို တောင့်ခံနိုင်ကြသေးသလား ခင်ဗျာ။ 

ဘာတွေ အခက်အခဲဖြစ်နေသလဲ? ဘာတွေပြင်ဆင်နေကြပြီလဲဗျ?

ပြဿနာရှိရင် အဖြေရှိတာမို့  ရင်ဖွင့်လိုက်တာက အဖြေရဖို့လမ်းစပါ။

ဒေသအသီးသီးက စပါးစိုက်တောင်သူတွေအတွက် နည်းပညာ ဗဟုသုတမျှဝေသွားမယ့် အစီအစဉ်တွေရှိပါတယ်။

ကနဦးအနေနဲ့ ဧရာဝတီတိုင်းက ​နွေစပါးစိုက်တောင်သူတွေရဲ့ အခက်အခဲတွေကို ကူညီဖို့ နယ်ပယ်အသီးသီးကပညာရှင်​တွေနဲ့ ဆွေးနွေးပွဲလေးလုပ်သွားဖို့ရှိပါတယ်ခင်ဗျ။

ဒါ့​ကြောင့် အခက်အခဲ​တွေကို ဒီပိုစ့်ရဲ့အောက်က ဆွေးနွေးမည် ဆိုတဲ့နေရာလေးမှာ ရင်ဖွင့်သွားလို့ရပါတယ်။

ပညာရှင်တွေက ဒီအခက်အခဲတွေကိုကြည့်ပြီး ဆွေးနွေးပေးသွားမှာပါ။

စိုက်ဖို့ဆုံးဖြတ်ထားတဲ့ တောင်သူလုပ်ငန်းရှင်တွေအနေနဲ့လည်း ဘယ်လိုကြိုတင်ပြင်ဆင်ထားလဲ မန့်ခဲ့ပေးပါဦးနော်။

14
ဇွဲထွဋ်ခေါင်

ဇွဲထွဋ်ခေါင်

လွန်ခဲ့သော ၄ နှစ် က

မစိုက်ဖြစ်ပါဘူးဆီစျေးမြေသြဇာစျေးမကိုက်ပါဘူးဒီနှစ်တောနေကြာဘဲစိုက်ထားတယ်ဗျာ

ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၄ နှစ် က

အီးအမ်မြေဆွေး ငါးအမိုင်နို အကူဖြင့် စိုက်မှာပါခင်ဗျ။

Ko Thet

Ko Thet

လွန်ခဲ့သော ၄ နှစ် က

မစိုက်ဖြစ်ဘူးဗျသွင်းအားစုတေွကခေါက်ချိုးမကတက်နေလို့

ကိုဇော်ထက်အောင်

ကိုဇော်ထက်အောင်

လွန်ခဲ့သော ၄ နှစ် က

ကောင်းပါတယ်

ကိုဇော်ထက်အောင်

ကိုဇော်ထက်အောင်

လွန်ခဲ့သော ၄ နှစ် က

သွင်းကုန်စျေးကကြီးထုတ်ကုန်ကစျေးမရှိ ရှုံးနေတာသိသိနဲ့စိုက်ပျိုးနေရတဲ့တောင်သူတွေချည်းပဲ နွေစပါးကတော့ သွင်းရေတောင်ရမရမသေချာလို့ ပဲတီစိမ်းဘဲစိုက်ဖြစ်မယ်ထင်တယ် ဘာသီးနှံစိုက်စိုက် သွင်းအားစုစျေးနှုန်းနဲ့ အဆင်ကိုမပြေတာပါခင်ဗျာ။ ကျေးဇူးတတင်ပါတယ်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 0 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....