အစိမ်းရောင်လမ်း
ဆင်ပေါင်ဝဲမြို့တွင် မကွေး‌ဒေသနှင့်ကိုက်ညီသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ခြင်းသင်တန်းကျင်းပခြင်း

ဆင်ပေါင်ဝဲမြို့တွင် မကွေး‌ဒေသနှင့်ကိုက်ညီသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထုတ်လုပ်ခြင်းသင်တန်းကျင်းပခြင်း

အိမ်ခြံဝန်းအတွင်း ဟင်းသီးဟင်းရွက်မျိုးစေ့များထုတ်လုပ်နိုင်ရန် "အနာဂတ်မြန်မာပြည့်ဝမ်းစာ" ငါးမွေးမြူရေးစီမံကိန်းက ငါးမွေးတောင်သူ ၃ ဦးကို ရွေးချယ်ခဲ့ပြီး ဆင်ပေါင်ဝဲသို့ဖိတ်ခေါ်ကာ သင်တန်းပို့ချခဲ့သည်။ ရွေးချယ်ထားသည့် ငါးမွေး တောင်သူများမှ

(၁) သဘာဝဝတ်မှုန်ကူး ဒေသမျိုးဟင်းသီးဟင်းရွက်မျိုးစေ့အမျိုးမျိုးထုတ်စိုက်ခင်း အလေ့အကျင့်ကောင်းများ

(၂) အရည်အသွေးကောင်းမွန်သည့် သဘာဝဝတ်မှုန်ကူး ဟင်းသီးဟင်းရွက်မျိုးစေ့ကောင်းများ ရွေးချယ်သတ်မှတ်ခြင်းနှင့်

(၃) ငါးမွေးမြူခြင်းနှင့် ဘေးပတ်ဝန်းကျင်အတွက် ဆိုးကျိုးသက်ရောက်ခြင်းမရှိစေဘဲ ငါးမွေးတောင်သူမှ ဟင်းသီးဟင်းရွက်နှင့် မျိုးစေ့များကို ရေရှည်မျှော်မှန်းထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခြင်းများ သင်ယူခဲ့သည်။

သင်တန်းသို့ စီမံကိန်းအဖွဲ့ဝင်စုစုပေါင်း ၃၈ (အမျိုးသမီး ၄၀%) ဦး တက်ရောက်ခဲ့သည်။

သင်တန်း၏ ရည်ရွယ်ချက်များမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးကောင်းသည့် မျိုးစေ့များ၏ တန်ဖိုးနှင့် ဒေသမျိုးစေ့အမျိုးမျိုး၏တန်ဖိုး၊ ဒေသမျိုးစေ့အမျိုးမျိုးနှင့် မျိုးစပ်မျိုးစေ့များ အားနည်းချက်နှင့် အားသာချက် များ၊ ပျိုးခင်းပြင်ဆင်ခြင်းနှင့် ပျိုးပင်ထုတ်လုပ်ခြင်း၊ ပျိုးခင်းစီမံခန့်ခွဲခြင်း၊ ကျန်းမာသည့်ပျိုးပင်ပြုစုခြင်း အလေ့အကျင့်များ၊ ပျိုးပင်များပြောင်းရွေ့စိုက်ပျိုးခြင်းနှင့် စိုက်ခင်းပြင်ဆင်ခြင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီးစီမံခန့်ခွဲမှု၊ အာဟာရနှင့်ရေ‌ပေးခြင်း၊ ပေါင်းပင်များထိန်းသိမ်းခြင်း၊ ပျိုးပင်များရိတ်သိမ်းခြင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးခြင်း အလေ့အကျင့်၊ မျိုးစေ့အစိုဓါတ် ပါဝင်မှုစစ်ဆေးခြင်းစသည်များပါဝင်သည်။ အောက်ပါပေးထားသော link မှထပ်မံလေ့လာနိုင်သည်။  https://agritech.tnau.ac.in/seed/Seed_seedtesting.html

ဤစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းကဏ္ဍသည် ရပ်ရွာအဆင့်တွင်ကျင့်သုံးနိုင်မည့် ရေရှည်စိုက်ပျိုးရေး နည်းလမ်းကောင်း များအသုံးပြုခြင်းဖြင့် ငါးမွေးတောင်သူများဟင်းသီးဟင်းရွက်များစိုက်ပျိုးထုတ်လုပ်ရာတွင် အကူအညီပေးမည်ဖြစ်သည်။ စွမ်းဆောင်ရည်မြှင့်တင်သည့်သင်တန်း ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ်မှ အခြားတောင်သူများအား အဓိက သတင်းအချက် အလက်များ ပြန်လည်မျှဝေပေးသည့်အခါ ဤဆောင်ရွက်မှုသည် ငါးမွေးတောင်သူများ၏ စွမ်းဆောင်ရည်များကို ထပ်လောင်းဖြည့်တင်းပေးထားသကဲ့သို့ဖြစ်မည်။

 

You

ဆက်စပ်ဆောင်းပါးများ

WorldFish

Content provider

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....