အစိမ်းရောင်လမ်း
🌱 ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှ လူငယ်များအတွက် Youth Entrepreneurship Program

🌱 ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှ လူငယ်များအတွက် Youth Entrepreneurship Program

✅ Youth Entrepreneurship Program ဆိုတာဘာလဲ? 

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာလူမျိုးအများစုရဲ့ အသက်မွေးဝမ်းကျောင်းကို စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများ ကဏ္ဍအပေါ်မှာ အများဆုံး မှီခိုနေရပါတယ်။ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများ ကဏ္ဍ ဟာ လွန်စွာမှအရေးကြီးသော်လည်း ယနေ့ခေတ်ရဲ့ လူငယ်အများစုမှာ မြို့ကြီးပြကြီးများ (သို့မဟုတ်) အိမ်နီးချင်းနိုင်ငံများ၌သာ အလုပ်အကိုင်များရှာဖွေရန်သာ စိတ်အားထက်သန်ကြပြီး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများ ကဏ္ဍ မှာလုပ်ကိုင်ရန် စိတ်ပါဝင်စားမှု လျော့နည်းတာကို မြင်တွေ့လာရပါတယ်။

အကျိုးဆက်အနေနဲ့ ပြည်တွင်းတွင်သာမက ပြည်ပသို့ ရွေ့ပြောင်းနေထိုင်မှုပြဿနာများသာ များပြားလာပြီး မြို့ငယ်များမှာရှိတဲ့ လူငယ်များအနေနဲ့ စွန့်ဦးတီထွင်ခြင်းနဲ့ ပက်သက်ပြီး ရင်းနှီးမှုမရှိတဲ့အပြင် အချို့သော မြို့ကြီးများမှာပါ စွန့်ဦးတီထွင်မှုဂေဟစနစ်ဟာ ဖွံ့ဖြိုးစအဆင့်မှာပဲ ရှိသေးတာကို တွေ့ရပါတယ်။

ထို့ကြောင့် လူငယ်စွန့်ဦးတီထွင်မှု ဖွံ့ဖြိုးတိုးတက်ခြင်းဟာ အနာဂတ် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများ ကဏ္ဍ အတွက် အရေးပါလာပါတယ်။ ထို့သို့ပြုလုပ်ရန်အတွက် လူငယ်များအနေနဲ့ စွန့်ဦးတီထွင်ခြင်းမှာ စိတ်ပါဝင်စားပြီး စွန့်ဦးတီထွင်သူများ ဖြစ်လာစေရန် စွန့်ဦးတီထွင်ခြင်းနဲ့ပက်သက်တဲ့ ပညာပေးအစီအစဉ်များ အကောင်အထည်ဖော်ရန် လိုအပ်လာပါတယ်။

ထို့အပြင် ပညာပေးအစီအစဉ်များနဲ့ အတူ နည်းပညာပံ့ပိုးမှုများနဲ့ ဈေးကွက်ချိတ်ဆက်ခြင်း အခွင့်အရေးများ ပေးခြင်းဖြင့် လူငယ်များရဲ့ စီးပွားရေးများ၊ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများတိုးတက် လာပြီး စိုက်ပျိုးရေး တန်ဖိုးကွင်းဆက်တစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းလာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ထို့ကြောင့် Impact Hub Yangon သည် စီမံကိန်း အကောင်အထည်ဖော်ရန် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ACDI/VOCA, FHI 360 တို့ပါဝင်သည့် USAID Feed the Future Burma Agriculture and Food Systems Development Activity (AFDA) ၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ လူငယ်များနဲ့အတူ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများကဏ္ဍရဲ့ တန်ဖိုးကွင်းဆက် တိုးတက်မှုအတွက် လုပ်ကိုင်ရန် “Youth Entrepreneurship Program” ကို ယူဆောင်လာပါပြီ။

“Youth Entrepreneurship Program” မှာပါဝင်တဲ့ လူငယ်များအနေနဲ့ စီးပွားရေးလုပ်ငန်းအသစ်တစ်ခုစတင်ရန် (သို့မဟုတ်) ရှိပြီးသားလုပ်ငန်းကိုတိုးချဲ့ရန် အတွက်စိတ်ကူးအသစ်များ ဖန်တီးအကောင်အထည်ဖော်နိုင်မဲ့ အပြင် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ စွမ်းဆောင်ရည်မြှင့်တင်မှုများ၊ မိမိတို့ရဲ့ လိုအပ်ချက်များအပေါ်မှာ လမ်းညွှန်အကြံပေးမှုများ၊ ချေးငွေနဲ့ ဈေးကွက်အခွင့်အရေးများပါ ရရှိမှာဖြစ်လို့ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများမှာရှိတဲ့ လူငယ်များအတွက် အထူးကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

🗓 ယခုအစီအစဉ်မှာ (၂) လတာကြာမြင့်သွားမှာဖြစ်ပြီး သင်တန်းသားများမှ အပတ်စဉ် ပိတ်ရက်များတွင် (၆) နာရီနှင့် ဖွင့်ရက်များတွင် (၄ - ၆) နာရီ အချိန်ပေးနိုင်ရန်လိုအပ်ပါတယ်။

ဒါကြောင့် သင့်အနေနဲ့ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်ဝင်စားသူ (သို့မဟုတ်) စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများမှာ လက်ရှိအလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တစ်ခုခုမှာ နေထိုင်သူတစ်ယောက် ဖြစ်တယ်ဆိုရင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးနဲ့ သက်ဆိုင်သောစီးပွားရေးလုပ်ငန်းများ ကဏ္ဍ နဲ့တန်ဖိုးကွင်းဆက်တိုးတက်ဖို့ အတူတကွလုပ်ကိုင်ရန် “Youth Entrepreneurship Program” ကိုလျှောက်ထားရန် ဖိတ်ခေါ်ပါတယ်။

⏳အောက်တိုဘာလ (၂) ၂၀၂၂၊ တနင်္ဂနွေနေ့ မတိုင်ခင် အောက်ဖော်ပြပါလင့်ခ်မှာ လျှောက်ထားနိုင်ပါတယ်။

🔗 https://bit.ly/youthentrepreneurshipprogramshanandkachin

“Youth Entrepreneurship Program” နဲ့ပတ်သက်ပြီး ထပ်မံတင်ပေးသွားမဲ့ သတင်းအချက်အလက်များအတွက် Impact Hub Yangon ကို Like and Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့နော်။

📱ယခုအစီအစဉ်နဲ့ပက်သက်ပြီး သတင်းအချက်အလက်များနဲ့ မေးခွန်းတစ်စုံတစ်ရာရှိပါက Impact Hub Yangon [၀၉ ၉၇၃၄၇၄၁၄၁၊ ၀၉ ၉၅၁၈၅၁၂၉၈] သို့မဟုတ် email: yangon@impacthub.net သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

1
aunglha

aunglha

လွန်ခဲ့သော ၃ နှစ် က

သင်တန်းတက်ချင်ပါတယ် ဘယ်တက်ရမလဲ မသိဘူးဖြစ်နေတယ်

You

ဆက်စပ်ဆောင်းပါးများ

စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ် ဗီဒီယို
အခွင့်အလမ်း

စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်

အစိမ်းရောင်လမ်း
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ"  (Basic Agricultural Science)  အတွဲ - ၆ စာအုပ်ထွက်ပြီ
အခွင့်အလမ်း

အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ

ဒေါက်တာမျိုးကြွယ်
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
အခွင့်အလမ်း

ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ

ထွန်းဝင်းကျော်

ဆက်စပ်မေးခွန်းများ

ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍

ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 1 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

နောက်ဆုံး ဆောင်းပါးများ

More from အစိမ်းရောင်လမ်း

အားလုံး
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ် ဗီဒီယို

စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်

04/08/2026

သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို) ဗီဒီယို

သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)

14/07/2026

တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့

တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့

29/05/2026

မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ

မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ

15/05/2026

ကျန်းမာပျော်ရွှင်ပါစေ.. အမေ

ကျန်းမာပျော်ရွှင်ပါစေ.. အမေ

10/05/2026

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။