ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း
၁။ ရေဆင်းစိုက်ပျိုးရေတက္ကသိုလ် ၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်၊ စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) (၅) နှစ်သင်တန်းအတွက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများလျှောက်ထားနိုင်သည်။
၂။ လျှောက်ထားသူသည် -
(က) ဝင်ခွင့်လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ ဖြစ်ရမည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက် ရရှိသူ ဖြစ်ရမည်။
(ဃ) ကွင်းလက်တွေ့လုပ်ငန်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင်ပါဝင် လေ့ကျင့်လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး (က) အဆင့်ရှိပြီး ကိုယ်လက်အင်္ဂါ ပြည့်စုံသူ ဖြစ်ရမည်။
၃။ (က) အမျိုးသားဦးရေ (၁၅၀) နှင့် အမျိုးသမီးဦးရေ (၁၅၀) စုစုပေါင်း (၃၀၀)ဦး လက်ခံမည်။
(ခ) နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ သတ်မှတ်ထားသည့် အမှတ်နှင့်ကိုက်ညီသော လျှောက်ထားသူများကို စုစုပေါင်း လက်ခဦးရေ၏ ၁၀ ရာခိုင်နူန်းအထိ ရရှိရန် ရွေးချယ်ဆောင်ရွက်ပါမည်။
၄။ ပထမနှစ်ဝင်ခွင့် လျှောက်လွှာပုံစံမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပြီး မိမိအစီအစဉ်ဖြင့် (A4 – size) ကွန်ပျူတာရိုက်၍ လျှောက်ထားနိုင်သလို အောက်ပါ link များတွင်လည်း Download ဆွဲ၍ ရယူနိုင်ပါသည်။
(www.yau.edu.mm/catagory/news)
(https;//www.facebook.com/YezinAgriculturalUniversity
၅။ ပထမနှစ်ဝင်ခွင့်လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်။
(က) တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် (မူရင်း)
(ခ) အမှတ်စာရင်း (မူရင်း)
(ဂ) လျှောက်ထားသူနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးကတ် (မိတ္တူ)
(ဃ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)
(င) လိုင်စင်ဓာတ်ပုံ (၃) ပုံ
၆။ လျှောက်လွှာကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသားရေးရာဌာန၊ ရေဆင်းသို့ လိပ်မူ၍ (၂၃-၈-၂၀၁၉) (သောကြာနေ့) နောက်ဆုံးထား၍ ပေးပို့ရမည်။ သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။ မမှန်မကန် ဖော်ပြ၍ လျှောက်ထားကြောင်း စစ်ဆေးတွေ့ရှိပါက ရွေးချယ်ခြင်းခံရစေကာမှု ပယ်ဖျက်ခြင်း တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရမည်။
၇။ အကယ်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဝင်ခွင့်မရရှိပါက တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှု မဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က ကြေညာသတ်မှတ်ထားသော နည်းလမ်းအတိုင်း တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်ဖြင့် အခြားတက္ကသိုလ်များသို့လည်း လျှောက်ထားရန် လိုအပ်မည် ဖြစ်သည်။
၈။ အသေးစိတ် သိရှိလိုပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန ဖုန်း ၀၆၇ – ၃၄၁၆၅၁၂ နှင့် ဝန်းထမ်းရေးရာဌာန ဖုန်း ၀၆၇ – ၃၄၁၆၅၁၃ တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
ဇူလိုင် ၁၆ တွင်စတင်သင်ကြားမည့် မြားနီနည်းပညာပေးရေးအဖွဲ့၏ အခမဲ့သင်တန်း တက်ခွင့်ရရှိသူများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026