အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၁၈) အခန်း(၁၀) စိုက်ပျိုးရေးအင်ဂျင်နီယာပညာ (ခ) အဆက်
စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ်သည် အလွန်ပင်ကျယ်ဝန်းလှပါသည်။
(က) စက်မှုလယ်ယာ (Farm Mechanization)
သီးနှံပင်များ စတင်စိုက်ပျိုးသည်မှ မြေပြင်ခြင်းကိုအဓိကပြုလုပ်သော လယ်ထွန်စက် (Tractor)၊ လက်တွန်းထွန်စက် (Power Tiller)၊ အပင်စိုက်စက်များ (ဥပမာ- ကြံပင်စိုက်စက် (Sugarcane Planter)၊ အာလူးစိုက်စက် (Potato Planter)၊ ကောက်စိုက်စက် (Rice Transplanter)၊ ချွေလှေ့စက် (Thresher)၊ အာလူးတူးဖော်စက် (Potato Harvester)၊ စပါးရိတ်စက် (Rice Harvester) နှင့် ရိတ်သိမ်းပြီး ချွေလှေ့ကာ အိတ်ထဲသို့ထည့်သည်အထိ တစ်ပြိုင်နက် ပေါင်းစပ်လုပ်ကိုင်ရသော ကောက်ရိတ်ချွေလှေ့စက် (Combine Harvester) များစသည်ဖြင့် စက်ယန္တယားပေါင်း စုံလင်လှပါသည်။ ထိုစက်များကို မောင်းနှင်ခြင်း (Operation) နှင့် ပြုပြင်မွမ်းမံခြင်း (Maintenance) လုပ်ဆောင်နိုင်ရန် အတော်ပင်ကြိုးစားကြရပါဦးမည်။
ကျွန်တော်တို့နိုင်ငံတွင် လယ်ယာလုပ်သားများ ရှားပါးလာသဖြင့် လယ်ယာသုံး စက်ကိရိယာများ အသုံးပြုမှု တွင်ကျယ်လာပါပြီ။ ထို့အတွက် လယ်ယာသုံး စက်ယန္တရားကြီးများ ရောင်းချခြင်း၊ အငှားလိုက်ခြင်း ဝန်ဆောင်ပေးကြသော ကုမ္ပဏီများလည်း များစွာပေါ်ပေါက်လာပါသည်။ ထိုကုမ္ပဏီများသည် လယ်ယာသုံးစက်ပစ္စည်းရောင်းချရုံတင်မကဘဲ စက်ယန္တရားကျွမ်းကျင်ပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ မန်နေဂျာများကို ခန့်ထားရပါမည်။ လက်ရှိလည်း ခန့်ထားလျက် ရှိနေကြပြီ ဖြစ်ပါသည်။



မြန်မာနိုင်ငံတွင် John Deere ကုမ္ပဏီ တခုထဲပင် တနှစ် လယ်ထွန်စက် ၅၀၀၀ ခန့်ရောင်းရသည်ဟုပြောပါသည်။ (ထိုင်းနိုင်ငံတွင် တနှစ် ၈၀၀၀၀ ရောင်းရပါသည်) ဇယား ၂ နှင့် ၃ တွင် ယှဉ်ကြည့်ပါက ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံရှိ လယ်ယာသုံးစက်ကရိယာများက မြန်မာနိုင်ငံထက်အဆများစွာပိုပါသည်။ မြန်မာနိုင်ငံတွင် Sonalika, Massey Fergusan, New Holland, Kubota စသည့် ကုမ္ပဏီများစွာရှိပါသေးသည်။ ကုမ္ပဏီများတွင် လုပ်ကိုင်မည့်သူများသည် ပညာအရည်အချင်းသာမက အတွေ့အကြုံ၊ မိမိကုန်ပစ္စည်းနှင့် စက်ကိရိယာများကို ဈေးကွက်အတွင်း ထိုးဖောက်ရောင်းချနိုင်သည့် ကျွမ်းကျင်မှုအတတ်ပညာ (Economics and Business Skills) များလည်း လိုအပ်လာပါသည်။ လက်ရှိအချိန်အထိ ကျွန်တော်တို့နိုင်ငံ၏ တက္ကသိုလ်ကျောင်းဆင်းများမှာ သက်ဆိုင်ရာဘာသာရပ်အကြောင်းကိုသာ စာတွေ့၊ လက်တွေ့အဖြစ် သင်ယူလာခဲ့ကြရသည်။ ဥပမာ- နည်းပညာတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ (Mechanical Engineer) ဆိုလျှင် စက်မှုအကြောင်းသာ သင်ကြားကြရပြီး စပါးစိုက်ခြင်း (Rice Growing)၊ ရိတ်သိမ်းခြင်း (Harvesting)၊ မြေဆီလွှာ ရုပ်နှင့်ဓာတ်ဂုဏ်သတ္တိ (Soil Physical and Chemical Properties)၊ စပါးပင်၏သက်တမ်းတိုမှု (Early, Short Duration Variety - 90-110 days )၊ သက်တမ်းရှည်မှု (Late, Long Duration Variety – 150-180 days)၊ မျိုးစေ့ပျိုးထောင်မှု (Seed Bed Preparation) တွင်မျိုးစေ့အထူအပါး စသည့် စိုက်ပျိုးရေးဆိုင်ရာဗဟုသုတများ (Agricultural Knowledges) ကို နည်းပညာတက္ကသိုလ်တွေက သင်ကြားမပေးလိုက်ပါ။ လုပ်ငန်းခွင်ထဲရောက်မှ လေ့လာကြရပါသည်။
ထို့အတူ စိုက်ပျိုးရေးပညာဘွဲ့ရ (Agriculturist) ဆိုလျှင်လည်း စိုက်ပျိုးရေးအကြောင်းသာ သေချာသိရှိကြပါသည်။ စိုက်ပျိုးရေးအင်ဂျင်နီယာပညာကို လက်ရှိစနစ်ဟောင်းတွင် စတုတ္ထနှစ်တွင်မှ သာမန်ဘာသာရပ်အဖြစ် သင်ကြားကြရပါသည်။ သို့သော် လုပ်ငန်းခွင်ထဲတွင်မှ ထဲထဲဝင်ဝင် လေ့လာနိုင်ပါသည်။
၂၀၂၄-ပြည့်နှစ်နောက်ပိုင်းမှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ နှစ်စဉ် စိုက်ပျိုးရေးပညာဘွဲ့ (စိုက်ပျိုးရေးအင်ဂျင်နီယာအထူးပြု) ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးမှ (၂၀) ဦးခန့်အထိ ပေါ်ထွက်လာနိုင်ပါတော့မည်။ စိုက်ပျိုးရေး အင်ဂျင်နီယာဌာနမှ ဆရာ၊ ဆရာမများကိုလည်း နိုင်ငံတကာမှ ပါရဂူဘွဲ့၊ မဟာသိပ္ပံ (စိုက်ပျိုးရေး အင်ဂျင်နီယာ) ဘွဲ့များ ရရှိသူများစွာရှိလာရန် လေ့ကျင့်သင်ကြားပေးရန် လိုပါမည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလခန့်တွင် စက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်၊ ဝါးခယ်မ၊ ရွှေဘို)တို့မှ ပထမဆုံး AGTI (Farm Machinery) အေဂျီတီအိုင် စက်မှုလယ်ယာဒီပလိုမာလက်မှတ်ရ ကျောင်းသား၊ကျောင်းသူ (၁၀၀) ကျော်ခန့် မွေးထုတ်ပေးနိုင်ပါတော့မည်။
၂၀၂၅ ခုနှစ်တွင် မန္တလေးနည်းပညာတက္ကသိုလ်မှ ထွက်ရှိလာမည့် စိုက်ပျိုးရေးအင်ဂျင်နီယာဘွဲ့ ရရှိသူများသည်လည်း နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ နည်းပညာတက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံများတွင် စိုက်ပျိုးရေးအင်ဂျင်နီယာ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရများ နိုင်ငံတကာ အတွေ့အကြုံရရှိအောင် ကမ္ဘာ့စိုက်ပျိုးရေးအင်ဂျင်နီယာ နာမည်ကြီးတက္ကသိုလ်များသို့ လေ့ကျင့်သင်ကြားပေးရန်၊ စေလွှတ်ပေးရန်လိုပါဦးမည်။
(ခ) ရေသွင်းရေထုတ်ခြင်းဆိုင်ရာ နည်းပညာ (Irrigation and Drainage Technology)
ရေသွင်းရေထုတ် နည်းပညာသည် ဆည်မြောင်း၊ ကန်၊ ချောင်းများမှ (ဥပမာ-စပါးစိုက်ပျိုးခြင်း - အစိုစိုက်နည်းစနစ် Wetland System) လယ်ကွင်းအတွင်းသို့ ဖောက်ချပြီး ရေသွင်းသည့်စနစ် (Flood Irrigation System) မှသည် အတန်းလိုက် စိုက်ထားသည့် ပြောင်းဖူး၊ဝါ စသည့် အခြောက်သီးနှံစနစ် (Dryland System)၊ တန်းကြား၊ ပင်ကြားများတွင် ရေသွင်းသည့်စနစ် (Furrow Irrigation System)၊ လိမ္မော်၊ စပျစ်၊ ပန်း၊ အလှစိုက်မြက်ခင်း စသည့် တန်ဖိုးမြင့် အပင်များတွင် ရေပန်းစနစ်ဖြင့်ရေပေးသွင်းစနစ် (Sprinkler Irrigation System)၊ အပူပိုင်းဒေသများနှင့် ဟင်းသီးဟင်းရွက်များအတွက် အစက်ချ ရေပေးသွင်းနည်း စနစ် (Drip Irrigation System) တို့ကို အခြားနိုင်ငံများ၌ တက္ကသိုလ်များတွင် အထူးပြုသင်ကြားပေးပြီး အင်ဂျင်နီယာ၊ သီးနှံစိုက်ပျိုးရေး ဘာသာများနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း (Business) ဆိုင်ရာ ဘာသာများပါ ပူးတွဲလေ့လာ နိုင်ပါသည်။
ကျွန်တော်တို့ နိုင်ငံတွင်မူ နည်းပညာတက္ကသိုလ်များ၌ မြို့ပြအင်ဂျင်နီယာ (Civil Engineering) ဘာသာအောက်တွင် ဆည်မြောင်းအင်ဂျင်နီယာဘာသာရှိပြီး ၎င်းအပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် အခြားစီးပွားရေးဘာသာရပ်များ ပူးတွဲလေ့လာခွင့် မရရှိသေးပါ။ နောင်တစ်ချိန် ဘက်စုံသင် တက္ကသိုလ်များ (Comprehensive University) ပေါ်ပေါက်လာလျှင် ပူးတွဲသင်ယူခွင့် ရရှိလာပါလိမ့်မည်။
(ဂ) ရိတ်သိမ်းချိန်လွန်နည်းပညာ (Post-harvest Technology) နှင့် သီးနှံကြိတ်ခွဲစက်ဆိုင်ရာ နည်းပညာ (Milling Technology)
ကျွန်တော်တို့နိုင်ငံရှိ ရိတ်သိမ်းချိန်လွန်နည်းပညာကို ဘွဲ့ကြိုသင်တန်း အထူးပြုအနေဖြင့် ပို့ချမှု မရှိသေးဘဲ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းကို အိန္ဒိယအကူအညီဖြင့် ACARE Center တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှ စတင်၍ ပို့ချလျက်ရှိပါသည်။
ထိုင်းနိုင်ငံ ဘုရင့်တက္ကသိုလ် (KMUTT - King Mongkut`s University of Technology, Thonburi) သည် ထိုပညာနှင့် ပတ်သက်၍ အရှေ့တောင်အာရှဒေသတွင် နာမည်ကြီးပါသည်။ မြန်မာကျောင်းသား၊ ကျောင်းသူများ ဘွဲ့လွန်သင်တန်းများ တက်ရောက်လျက်ရှိကြပြီး၊ ဘွဲ့ရပြီးသွားသူ အချို့လည်းရှိနေပြီ ဖြစ်ပါသည်။
KMUTT တွင် အောက်တွင် -
၁။ စက်မှုပညာရေးနှင့် နည်းပညာမဟာဌာန (Faculty of Industrial Education and Technology)
၂။ ဇီဝရင်းမြစ်နှင့် နည်းပညာအဆင့်မြင့်ကျောင်း (School of Bio resources and Technology)
၃။ သတင်းအချက်အလက်နည်းပညာ အဆင့်မြင့်ကျောင်း (School of Information Technology)
၄။ စွမ်းအင်၊ ပတ်ဝန်းကျင်နှင့် ဓါတ်သတ္တုဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Energy, Environment and Materials)
၅။ သိပ္ပံမဟာဌာန (Faculty of Science)
၆။ အင်ဂျင်နီယာမဟာဌာန (Faculty of Engineering)
၇။ ကွင်းအတွင်း စက်ရုပ်တီထွင်အသုံးချမှုပညာသိပ္ပံ (Institute of Field Robotics)
၈။ ပေါင်းစပ်သင်ကြားနိုင်သော သိပ္ပံဘာသာရပ်ပေါင်းစုံအဆင့်မြင့်ကျောင်း (School of Multidisciplinary Sciences)
၉။ ဗိသုကာနှင့် ဒီဇိုင်းပညာ အဆင့်မြင့်ကျောင်း
(School of Architecture and Design)
၁၀။ လွတ်လပ်စွာ ဖန်တီးနိုင်သော အနုပညာ အဆင့်မြင့်ကျောင်း (School of Liberal Arts)
၁၁။ စီမံခန့်ခွဲမှုနှင့် တီထွင်မှုဆိုင်ရာဘွဲ့လွန်သင်တန်းကျောင်း (Graduate School of Management and Innovation) နှင့်
၁၂။ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပူးတွဲ ဘွဲ့လွန်သင်တန်းကျောင်း (The Joint Graduate School of Energy Environment) ဌာနများရှိပါသည်။
ဤကျောင်း၏ ကျော်ကြားမှုမှာ ထုပ်ပိုးခြင်းနည်းပညာ (Packaging Technology) ကို စနစ်တကျ သင်ကြား၊ လေ့လာ၊ သုတေသနပြုထားသဖြင့် စိုက်ပျိုးထုတ်ကုန်များ ဥပမာ-ဆန်၊ မုန့်၊ သစ်သီးဖျော်ရည်၊ နွားနို့၊ အသား၊ ငါး စသည်တို့မှာ ထုပ်ပိုးခြင်းနည်းပညာအသစ်နှင့်အတူ တန်ဖိုးမြင့်ထုတ်ကုန်များ (Value-added Products) ဖြစ်သွားကာ ဈေးနှုန်းပိုမိုရရှိလာပါသည်။ ထိုတက္ကသိုလ်၏ တစ်နှစ်အတွင်း သုတေသနရန်ပုံငွေ (KMUTT Research Funds per year) ဘတ်သန်း-၂၀၀ (အမေရိကန်ဒေါ်လာ $6.5 သန်း) ခန့်ကို ထိုင်းနိုင်ငံအစိုးရ၊ ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပြင်ပနိုင်ငံများက ပံ့ပိုးပေးပါသည်။ ကျွန်တော်တို့နိုင်ငံ တက္ကသိုလ်များ၏ သုတေသန ရန်ပုံငွေနှင့် နှိုင်းယှဉ်ကြည့်ရှုနိုင်ပါသည်။
ဥပမာ-ကျွန်တော်တို့နိုင်ငံထွက် စပျစ်သီး (Grapes) ကိုဖျော်ရည် (Juice) ပြုလုပ်ခြင်း၊ ဝိုင် (Wine) ဖောက်၍ နိုင်ငံတွင်းတွင်သာမက နိုင်ငံတကာသို့ ထိုးဖောက်ရောင်းချခြင်း (ဝိုင်ပြုလုပ်ခြင်းပညာ - Wine Making Technology၊ ဝိုင်သိပ္ပံပညာ (Wine Science or Oenology) ကို နိုင်ငံတကာ တက္ကသိုလ်များတွင် အထူးပြု ဘာသာရပ် တစ်ခုအနေဖြင့် သင်ကြားပြီး ဘွဲ့ပေးနိုင်သော ပညာရပ်တစ်ခုဖြစ်ပါသည်။ ဝိုင်သည် အနောက် နိုင်ငံများတွင် ညစာစားပွဲ (Dinner)၊ ဧည့်ခံပွဲများ (Reception or Ceremony) ၌ ယဉ်ကျေးမှုအရ သောက်သုံးကြသော မပါမဖြစ် လူမှုအသုံးအဆောင် (Social Drinking) ဖြစ်ပါသည်။ ထိုသို့ ဈေးကွက်ကျယ်ပြန့်စွာရှိသော ပညာရပ်မျိုးကို ကျွန်တော်တို့နိုင်ငံတွင် အထူးပြုအနေဖြင့် သင်ကြားပေးနိုင်ခြင်းမျိုး မရှိသေးပါ။ စပျစ်စိုက်ပျိုးခြင်း (Viticulture) နှင့် ဝိုင်သိပ္ပံ (Wine Science) သည်လည်း ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးခြင်း (Horticulture) အောက်မှ ဘာသာခွဲတစ်ခုဖြစ်ကာ ထိုဘာသာရပ်များအကြောင်းကို နောင်တွင် အသေးစိတ် ရေးသားပါဦးမည်။
ထုပ်ပိုးခြင်းနည်းပညာ (Packaging Technology) သည် စိုက်ပျိုးရေးအင်ဂျင်နီယာ၏ ဘာသာခွဲတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အထူးပြုဘွဲ့ သီးသန့်ပေးနိုင်လောက်အောင် သင်ကြားပေးသောတက္ကသိုလ် မရှိသေးပါ။ ထို့ပညာရပ်ဖြင့် နို့၊ နို့ထွက်ပစ္စည်းများနှင့် အခြားမြန်မာ့ထုတ်ကုန် အများအပြားကို တန်ဖိုး မြင့်ကုန်ပစ္စည်းများ (Value-Added Products) ဖြစ်လာအောင် ဖန်တီးပြုလုပ်နိုင်ပါသည်။ ထို့အတူ နို့၊ နို့ထွက်ပစ္စည်း (ဥပမာ- နွားနို့၊ ကျွဲနို့၊ ဆိတ်နို့) နှင့်ပတ်သက်သောနည်းပညာ (Dairy Science and Technology) ဘွဲ့ကြို၊ ဘွဲ့လွန် သင်ကြားပေးနိုင်သည့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများလည်း များစွာ လိုအပ်လျက် ရှိပါသည်။
ထိုကဲ့သို့ စိုက်ပျိုး၊ မွေးမြူရေးနှင့် အင်ဂျင်နီယာပညာရှင်များ တွဲဖက်သင်ကြား၊ သင်ယူ၊ သုတေသန ပြုနိုင်ပါက နိုင်ငံတကာမှ အဆင့်အတန်းမြင့်စွာ ထုပ်ပိုးထားသည့် စွဲဆောင်မှုရှိသော စားသောက်ကုန်များကို ဈေးနှုန်းကြီးမြင့်စွာပေး၍ မှာယူတင်သွင်းနေရခြင်းမှ ကင်းလွတ်လာနိုင်ပါသည်။ (ဆက်ရန်)
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၃ နှစ် ကဖုံးနံပါတ်နဲ့လိပ်စာပေးပို့ပေးပါလား၊ စာအုပ်လက်ဆောင်ပို့ပေးခြင်လို့ပါ၊ ရွေရောင်လွင်ပြင် golden plains livelihood development services Facebook page မှာ အပတ်စဉ် စနေနေ့နေ့ည ၈-နာရီတိုင်း စိုက်ပျိုးရေးဆိုင်ရာဆွေးနွေးပွဲရှိပါတယ်၊ မှတ်ပုံတင်ပြုလုပ် registration ပြီး zoom ဖြင့်ပါဝင်ဆွေးနွေးနိုင်ပါတယ်။
Nay Lin Tun
လွန်ခဲ့သော ၄ နှစ် ကVery informative and well explained, sir.
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....