အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(အပိုင်း-၄၃) စိုက်ပျိုးရေးဆိုင်ရာ အဏုဇီဝဗေဒ
Basic Agricultural Science (Part - 43) Agricultural Microbiology
ဤဘာသာရပ်မှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ၂၀၁၇-၁၈ ပညာသင်နှစ်မှစတင်၍ အသစ်ထပ်မံ ဖွင့်လှစ်လိုက်သော အထူးပြုဘာသာများထဲမှ တစ်ခုဖြစ်ပါသည်။

အဏုဇီဝဗေဒ (Microbiology) ပညာရပ်မှ ဆင်းသက်လာသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အကျိုးပြု အသုံးချအဏုဇီဝသက်ရှိများ (Applied Microbiology and Micro-Organisms) အကြောင်းနှင့် မည်သို့ အကျိုးပြုပုံကို လေ့လာသောပညာ ဖြစ်ပါသည်။ ၎င်းအပြင် မြေဆီလွှာအဏုဇီဝဗေဒ (Soil Microbiology) လည်း ပါဝင်ပါသည်။
အပင်များကို ရောဂါဖြစ်စေသော အဏုဇီဝများ (Plant Disease Causal organisms) ဥပမာ - မှို (Fungus)၊ ဘက်တီးရီးယား (Bacteria)၊ နီမတုတ် (Nematode) ၊ ဗိုင်းရပ် (Virus) စသည်တို့နှင့် ခွဲခြား သိမြင်ရပါမည်။
အချို့ အဏုဇီဝသက်ရှိများက ဩဂဲနစ်ပစ္စည်း (Organic matter) ဖြိုခွဲပေးခြင်းများ ပြုလုပ်ပေးနိုင်ခြင်း၊ မြေဆီလွှာ အာဟာရဓာတ်များကို ပြောင်းလဲပေးခြင်း (Soil Nutrient Transformation) တို့ကိုလုပ်ဆောင်ပါသည်။ ဥပမာ - နိုက်တြိုက် (Nitirte) မှ နိုက်တြိတ် (Nitrate) သို့ပြောင်းလဲပေးခြင်းပြုသော ဘက်တီးရီးယား နိုက်တြိုဘက်တာ (Nitrobactor Bacteria)၊ အပင်အကျိုးပြုသက်ရှိများ (Plant Beneficial Organisms) တို့ ဖြစ်ပြီး ဩဂဲနစ်ဓာတ်ပြုပစ္စည်းများကို အပင်မှစားသုံး၍ရအောင် (Decomposition) ပြုလုပ်ပေးပါသည်။
အချို့ပဲမျိုးရင်းဝင်အပင်များ (Leguminous Plants) သည် လေထဲမှနိုက်တြိုဂျင်ကို ရိုက်ဇိုဘီယမ် ဘက်တီးရီးယား (Rhizobium Bacteria) များဖြင့် ဖမ်းယူပေးသည်။ ယင်းဖြစ်စဉ်ကို နိုက်တြိုဂျင်ဖမ်းယူခြင်း (Nitrogen Fixation) ဟူ၍ခေါ်ဆိုသည်။
အချို့ဘက်တီးရီးယားများဖြစ်သည့် နိုက်တြိုစပီရာ (Nitrospira)၊ နိုက်တြိုဆိုကော်ကပ် (Nitrosococcus) နှင့် နိုက်တြိုဆိုလူ့ဘတ် (Nitrosolubus) တို့ကမူ အမိုနီယမ်နိုက်တြိုဂျင် (Ammonium Nitrogen) ကို အောက်ဆီဂျင်နှင့် ဓာတ်ပြုပြီး နိုက်တြိုက်အိုင်းယွန်း (Nitrite Ions)၊ ပြီးမှ အပင်များစားသုံးနိုင်သည့် နိုက်တြိတ်အိုင်းယွန်း (Nitrate ions) များ အဖြစ်သို့ပြောင်းပေးသည်။
နိုက်တြိုဂျင် ပြိုကွဲပြီး နိုက်တြိုဂျင်ဓါတ်ငွေ့ (Gaseous Nitrogen) သို့ ပြောင်းလဲကာ လေထဲသို့ ပြန်လည်ရောက်ရှိသွားသည့်ဖြစ်စဉ်မျိုးကို (Denitrification) ဟု ခေါ်သည်။
အချို့ အကျိုးပြု အဏုဇီဝများမှ အပင်များအတွက် ဇီဝမြေဩဇာ (Bio-fertilizers) အဖြစ် စီးပွားဖြစ် ထုတ်လုပ်ကြပါသည်။
အပင်မျိုးစိတ်တစ်မျိုးဖြစ်သော အဇိုလာ (Azolla – Anabaena azollae) သည် မျိုးစိတ်တစ်ခုနှင့်တစ်ခု အပြန်အလှန်အကျိုးပြု (Symbiotic Association) ပြီး လေထဲမှ နိုက်တြိုဂျင်ကိုဖမ်းယူပေးပါသည်။
အချို့ မှိုများ (Fungus) ဥပမာ - အက်စပါးဂျီးလတ်စ် (Aspergillus awamoni)၊ ပင်နယ်စလင် (Panicillium digitatum) များမှလည်းကောင်း၊ ဘက်တီးရီးယားအချို့ဖြစ်သော ဘက်စီလတ်စ် (Bacillus polymyoza) နှင့် ဆူဒိုမျိုးပြား (Pseudomonas striata) စသည်တို့သည် ဖော့စဖော့ရပ်ဓာတ် မပျော်ဝင်သည့် ပုံစံ (Unavailable Form) မှ အပင်စားသုံးနိုင်သော ပုံစံ (Available Form) သို့ ပြောင်းလဲပေးနိုင်ပါသည်။
မိုက်ကိုရိုက်ဇာတစ်မျိုးဖြစ်သော ဗင် (Vesicular Arbuscular Mycorrhizal - VAM) မှိုတစ်မျိုးကမူ အပင်အတွက် ဖော့စဖော့ရပ် အာဟာရဓာတ် (Improved Phosphorus Nutrition) ရရှိသည့်အပြင် အပင်အမြစ်များကို ရောဂါထိုးဖောက်တိုက်ခိုက်နိုင်မှုမှ ကာကွယ်ပေးနိုင်ပါသည်။
အချို့အဏုဇီဝပိုးများ (Some Microorganisms) ကမူ အချင်းချင်းနှိမ်နင်းကြပြီး (Control of Organism by Organism) ၎င်းဖြစ်စဉ်ကို ဇီဝနည်းဖြင့် နှိမ်နှင်းခြင်း (Biological Control) ဟုခေါ်သည်။ ဤသို့ အချင်းချင်းတိုက်ခိုက်ကြခြင်းဖြင့် ရောဂါဖြစ်စေသော သက်ရှိများ အရေအတွက် လျော့ကျသွားကာ အပင်ကခံနိုင်ရည်ရှိ (Resistance) လာနိုင်ပါသည်။ တောင်သူဦးကြီးများအတွက် ကုန်ကျစရိတ်လည်း သက်သာ၊ စီးပွားရေးအရလည်း တွက်ခြေကိုက်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုမဖြစ်စေတော့ပါ။
ယခု ကျွန်တော်တို့ တစ်ကမ္ဘာလုံး ဖြစ်နေသော ကိုဗစ်ရောဂါ (Covid-19) ကာကွယ်ဆေး (Vaccine) လိုမျိုး ဆေးထိုးပြီး ဗိုင်းရပ် (Virus) အချင်းချင်း တိုက်ခိုက်စေကာ အကူးခံရသော လူသားများက ခံနိုင်ရည်ရှိလာ၊ ရောဂါပြီးသွားပြီး (Immune) ပြန်လည်ကျန်းမာသွားသော သဘောမျိုးဖြစ်ပါသည်။
အကျိုးပြုလုပ်ဆောင်မှုများ
(က) ပဋိပက္ခဖြစ်စေခြင်း (Antagonism)
ပဋိဇီဝဖြစ်စဉ်အရ အဏုဇီဝပိုး (Micro-organisms) အချင်းချင်း အလင်းရောင်၊ အာဟာရဓာတ်၊ ရေအစိုဓာတ်တို့ကို အပြိုင်အဆိုင်လုယူရင်း (Competition) ရောဂါဖြစ်စေသောသက်ရှိများ အရှုံးပေးရခြင်း ဖြစ်ပါသည်။
(ခ) ပဋိဇီဝဖြစ်စဉ် (Antibiosis)
တဖက်အဏုဇီဝမှ ထုတ်လွှတ်လိုက်သော ပစ္စည်းများ၊ လက်ခံသူ (သို့မဟုတ်) အပင်တွင်းပဋိဇီဝ (Antibody) များက အခြားတဖက်အတွက် အန္တရာယ်ရှိ၊ ထိခိုက်နစ်နာစေ (Harmful) သွားခြင်း ဖြစ်ပါသည်။
(ဂ) ကပ်ပါးပြုလုပ်ခြင်း (Parasitism)
ရောဂါဖြစ်စေသောသက်ရှိများတွင် ကပ်ပါးပြုလုပ် (Parasites) တွယ်ကပ်ကာ တိုက်ခိုက်ပါသည်။
(ဃ) အစားအစာအနေဖြင့် စားသောက်ပစ်ခြင်း (Predation)
ရောဂါဖြစ်စေသောသက်ရှိ (Plant Pathogens)၊ ပိုးမွှားများ (Insect Pests) ကို မိမိ၏ စားစရာ (Food) အနေဖြင့် စားသောက်ပစ်ခြင်း ဖြစ်ပါသည်။
ဇီဝနည်းဖြင့် နှိမ်နှင်းသော အဏုဇီဝ (Biocontrol Agents) နမူနာများမှာ - တြိုင်ဂိုဒါးမား (Tricoderma)၊ အက်စ်ပါးဂျီးလပ်စ် (Aspergillus)၊ ဂလီယိုကလယ်ဒီယမ် (Gliocladium)၊ ဆူဒိုမိုးနပ် (Pseudomonas)၊ ဘက်စီးလပ်စ် (Bacillus)၊ ဒက်တိုင်းလာရစ် (Dactylaris) စသည်တို့ဖြစ်ပါသည်။
စိုက်ပျိုးရေးဆိုင်ရာ အသုံးချအဏုဇီဝပညာရှင်များ (Agricultural Microbiologists)ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှမွေးထုတ်ပေးပြီး တောင်သူဦးကြီးများ (Farmers) အတွက် တဖက်တလမ်းမှ အထောက်အကူ ပြု အကူအညီပေးပါလိမ့်မည်။
ဒေါက်တာမျိုးကြွယ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သက်ပိုင်ဟိန်း
လွန်ခဲ့သော ၃ နှစ် ကနွားနို့ - ဆန်ဆေးရေ နဲ့ လုပ်တဲ့ EM နဲ့ ဝယ်တဲ့ EM အကျိုးသက်ရောက်ပုံခြင်း တူပါသလားခင်ဗျာ
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from ဒေါက်တာမျိုးကြွယ်
အားလုံး
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၅)
06/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၃)
21/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၂)
15/07/2026
အခြေခံစိုက်ပျိုးရေး သိပ္ပံပညာ" (Basic Agricultural Science) အတွဲ - ၆ စာအုပ်ထွက်ပြီ
15/07/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....