အစိမ်းရောင်လမ်း
အမေရိကန်အိုင်ဖုန်းနဲ့ မြန်မာအသီးအနှံ

အမေရိကန်အိုင်ဖုန်းနဲ့ မြန်မာအသီးအနှံ

   ရာသီဥတု ဖောက်ပြန်မှု၊ ဂေဟစနစ်ပျက်ယွင်းမှုတွေနဲ့ နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးဟာ အရေးပေါ်လူနာတင်ကားပေါ် ရောက်နေပါပြီ။ ကမ္ဘာပေါ်မှာ အခုနေထိုင်နေတဲ့ ကျွန်တော်တို့ လက်ရှိမျိုးဆက်ဟာ အဲဒီလူနာတင်ကားကို ဆေးရုံဆီ အချိန်မီရောက်နိုင်ဖို့ ဝိုင်းဝန်းမကြိုးစားကြဘူးဆိုရင် ကျွန်တော်တို့ဟာ ဒီကမ္ဘာပေါ်ကို ဆက်လက်ရောက်ရှိ ရှင်သန်လာမယ့် နောက်မျိုးဆက်တွေအတွက် တာဝန်မကျေတဲ့သူတွေ ဖြစ်သွားပါလိမ့်မယ်။

  အမှိုက်တွေကို စည်းစနစ်တစ်ကျ စွန့်ပစ်တာ၊ သောက်ရေသုံးရေကို ချွေတာသုံးစွဲတာ၊ သစ်ပင်လေး တစ်ပင်ကို စိုက်ပျိုးလိုက်တာ၊ အကန့်အသတ်နဲ့ တည်ရှိနေတဲ့ စွမ်းအင်တွေကို ချွေတာသုံးစွဲတာ  အစရှိတဲ့ အပြုအမူတွေဟာ အရေးပေါ်လူနာတင်ကားပေါ်က ကမ္ဘာကြီးကို အချိန်မီ ဆေးကုသနိုင်အောင် ကူညီဝန်းရံပေးခြင်းပါပဲ။ ဒီကိစ္စက သိပ်တော့မတရားဘူးထင်ရပါတယ်။ ခု ကမ္ဘာကြီးမှာ ရရှိနေတဲ့ ဒဏ်ရာဒဏ်ချက်တွေရဲ့ အဓိကတရားခံဟာ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေရဲ့ လုပ်ရပ်တွေပါပဲ။ ၂၀၁၆ ခု ဧပြီလ ၂၆ ရက်ထုတ် နယူးယော့ခ်တိုင်းမ်သတင်းစာပါ သတင်းဆောင်းပါးတစ်ပုဒ်အရ သက္ကရာဇ် ၁၈၅၀ ကနေ သက္ကရာဇ် ၂၀၁၄ ခုနှစ်အထိ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံး ထုတ်လွှတ်ခဲ့တဲ့နိုင်ငံဟာ အမေရိကန်နိုင်ငံပါ။ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် အများဆုံးထုတ်လွှတ်နေတဲ့ ယခုလက်ရှိ နိုင်ငံကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အရှေ့ဘက်မှာ ကပ်လျက်ရှိနေတဲ့ တရုတ်နိုင်ငံပါ။ 

  ဘယ်နိုင်ငံကြီးတွေက ဘာတွေပဲလုပ်လုပ် မြေနိမ့်ရာလှံစိုက်ဆိုသလို ရာသီဥတုဖောက်ပြန်မှုဒဏ်၊ ဂေဟစနစ် ပျက်ဆီးလာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို နဖူးတွေ့ဒူးတွေ့ ခါးစည်းခံရတာ က ရာသီဥတု၊ မိုးလေဝသ၊ ရေမြေ၊ သဘာဝကိုအားကိုးပြီး လုပ်ကိုင်စားသောက်နေရတဲ့ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက တောင်သူလယ်သမားတွေပါပဲ။ အဲဒီ တောင်သူလယ်လုပ် ဆင်းရဲသားတွေဟာ ဖွံ့ဖြိုးတိုးတက်မှုအကျိုးကို ဘာမှ လောက်လောက်လားလား မခံစားရပေမယ့် ဖွံ့ဖြိုးတိုးတက်မှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ ကျောကော့အောင် ခံစားရပါတယ်။ တစ်ကယ့်ကို မိအေးနှစ်ခါနာ ဇာတ်လမ်းပါ။ 

  ကမ္ဘာကြီးမကျန်းမာရင် တောင်သူလယ်သမား စိုက်ပျိုးရေးသမားတွေ မကျန်းမာပါဘူး။ ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ စစ်တမ်းများအဆိုအရ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ လေးပုံသုံးပုံဟာ ကျေးလက်နေ တောင်သူလယ်သမားတွေပေါ်မှာ မှီခိုနေရပါတယ်။ နောင်လည်း မှီခိုနေရဦးမှာပါပဲ။ ဘယ်လိုနည်းပညာတွေ ဘယ်လောက်တိုးတက်နေပါစေ တောင်သူတွေ ငတ်တဲ့နေ့ဟာ ကမ္ဘာကြီးငတ်တဲ့နေ့ပါ။ စိုက်ပျိုးရေး ဆိတ်သုဉ်းတဲ့နေ့ဟာ ကမ္ဘာကြီးဆိတ်သုဉ်းတဲ့နေ့ပါ။

  တိုးပွားလာတဲ့လူဦးရေနဲ့ ဖောက်ပြန်ပြောင်းလဲလာတဲ့ ရာသီဉတုအခြေအနေတွေအရ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ဟာ တစ်နေ့တစ်ခြား ကြီးမားလာသလို စိုက်ပျိုးရေးလုပ်ကိုင်သူတွေရဲ့ အခန်းကဏ္ဍဟာလည်း တစ်နေ့ထက်တစ်နေ့ ပိုလို့အရေးကြီးလာပါပြီ။ ဒီနိုင်ငံ၊  မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံပါ။ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ သဘာဝပေးအခြေအနေတွေ ကောင်းမွန်ပြည့်စုံတဲ့ နိုင်ငံပါ။ ဒီနိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာကဏ္ဍ၊ ကမ္ဘာသူ ကမ္ဘာသားတွေကို အစားအစာကြွေးဖို့၊ ကမ္ဘာမှာ အရေးပါအရာရောက်တဲ့ နိုင်ငံတစ်ခုဖြစ်လာဖို့ အဲဒီကောင်းမွန်တဲ့ သဘာဝပေးအခြေအနေတွေကို ဘယ်လိုကောင်းမွန်တဲ့ နည်းပညာတွေ၊ ဘယ်လိုကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ ဘယ်လိုအကောင်အထည်ဖော်ကြမှာလဲ။ အဲဒါအရေးကြီးတဲ့ မေးခွန်းပါ။

   အခုအချိန် နိုင်ငံရပ်ခြား ချမ်းသာတဲ့နိုင်ငံတွေမှာ အိုင်ဖုန်းမော်ဒယ်အသစ်ထွက်ရင် မရလိုက်မှာစိုးလို့ လူတွေတန်းစီစောင့်ပြီး ဝယ်ကြပါတယ်။ သက္ကရာဇ် ၂၀၅၀ မှာ မြန်မာပြည်ကထွက်တဲ့ အရည်အသွေးမီ သီးနှံ၊ သစ်သီးဝလံတွေကို မစားလိုက်ရမှာစိုးလို့ လူတွေ တန်းစီစောင့်ဆိုင်းပြီး မဝယ်ကြဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ 

ပါမောက်

စိုက်ပျိုးရေးပညာရှင်

You

ဆက်စပ်ဆောင်းပါးများ

PC Myanmar

Content provider

PC Myanmar

PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။        

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....