အသက်ကို ဉာဏ်စောင့်ပါတယ်
မနေ့က ဇူလိုင် ၅ ရက်နေ့အထိ ၂၄ နာရီအတွင်းမှာ ပြင်းအား ၄.၀ နဲ့ အထက်ရှိတဲ့ ငလျင်တွေ ဆက်တိုက်ဆိုသလိုလှုပ်သွားတာရယ်၊ ရန်ကုန်မြောက်ပိုင်းနေရာအတော်များများက ခံစားသိရှိလိုက်တဲ့ ငလျင်လှုပ်သွားတာရယ် စု ပြီး "ငလျင်"ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြီးအပေါ်မှာ လူအတော်များများအာရုံစိုက် သတိထားလာကြပါတယ်။

၂၄ နာရီအတွင်း ၂၄ ကြိမ်လှုပ်လိုက်တဲ့ နေရာ နီကိုဘာကျွန်းနဲ့ အန်ဒါမန်ကျွန်းစုရှိတဲ့နေရာတွေကလည်း ငလျင်သမိုင်းမှာ အကြီးကြီးတွေလှုပ်တာ၊ ဆူနာမီလှိုင်းကြီးတွေဖြစ်ပြီး ကပ္ပလီပင်လယ်တင်မက ဘင်္ဂလားပင်လယ်နဲ့ထိစပ်တဲ့နိုင်ငံတော်တော်များများအထိ ဆူနာမီလှိုင်းရိုက်ခတ်တာတွေ၊ အင်ဒိုနီးရှားနိုင်ငံ စုမာတြားကျွန်းပေါ်က ဘန်ဒါအာချေးနဲ့ ဖူးခက်မှာ လူတွေအသေအပျောက်များသွားတာတွေ ဖြစ်ခဲ့တော့ ငလျင်ကြီးတစ်ခုထပ်များလှုပ်ဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်လာကြတာကိုလည်း ကိုယ်ချင်းစာမိပါတယ်။

အဲ့သည်လောက်ဆက်တိုက်လှုပ်လာတဲ့ ငလျင်ငယ်တွေကြောင့် အိန္ဒိယမြေထုချပ်နဲ့ ဘားမားမြေထုချပ်တည်ရှိရာ စစ်ကိုင်းပြတ်ရွေ့ကြီးအစပျိုးရာနေရာမှာ စိုးရိမ်စရာတွေဖြစ်လာတာ၊ ငလျင်ကြီးတစ်ခုတော့ ဖြစ်လာနိုင်မယ်ဆိုတဲ့ ယူဆချက်တွေ ပေါ်လာတာကြောင့် သတိပေးချက်တွေ၊ သတိပေးတဲ့ post တွေတင်ကြတာလဲတွေ့ရပါတယ်။ ဆက်တိုက်လှုပ်လာတဲ့ ငလျင်တွေနဲ့ နီးတဲ့နေရာကလူတွေအတွက်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကြောင့် စိုးရိမ်စိတ်နဲ့ သတိပေးကြတာလဲ မမှားပါဘူး။
သို့သော် ပြဿနာက "လှုပ်မှာ"လို့ မပြောနိုင်သလို "မလှုပ်ဘူး"လို့လည်း အာမ မခံနိုင်တာပါပဲ။
ဒါဆိုရင် ငလျင်ကြီးတွေလှုပ်နိုင်တဲ့စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်က နေရာတွေ၊ ဆူနာမီလှိုင်းတွေရိုက်ခတ်တာခံရနိုင်မယ့် ကမ်းရိုးတန်းနေရာတွေက ပြည်သူတွေအနေနဲ့ ထိုင်ပြီး စိုးရိမ်ထိတ်လန့်နေမယ့်အစား ဖြစ်လာရင် ဘာတွေဘယ်လိုလုပ်မယ်ဆိုတဲ့ ပြင်ဆင်စရာတွေ(မပြင်ဆင်ရသေးရင်) စ ပြီး လုပ်ထားတာ မမှားပါဘူး။
"မပြေးသော် ကံရာရှိ" ... ရေကြီးတဲ့အခါနဲ့ မီးလောင်တဲ့အချိန်တွေအတွက် ကြိုတင်ပြင်ဆင်ထားသလိုပဲ ...
- အရေးကြီးစာရွက်စာတမ်းတွေကို လုံလုံခြုံခြုံနဲ့ယူရလွယ်အောင်ထုတ်ပိုးပြင်ဆင်ထားတာ၊
- မိသားစုတွေ လူစုကွဲသွားရင်၊ အဆက်အသွယ်ပြတ်သွားရင် ပြန်ဆုံနိုင်မယ့် "ဆုံရပ်" ၂ နေရာ ၃ နေရာလောက် သတ်မှတ်အသိပေးထားတာ၊
- အနည်းဆုံး တစ်ပတ်စာ ရေနဲ့ အစာခြောက်ထုပ်တွေပြင်ဆင်ထားတာ၊
- ညအချိန်မတော် သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ ကြုံလာရင် မြင်ရအောင် ဓါတ်မီး၊ ဘက်ထရီမီးချောင်းစသည်ဖြင့် အားသွင်းပြင်ဆင်ထားတာ၊
- အပေါ်က ပြုတ်ကျလာနိုင်တဲ့ပစ္စည်းတွေကြောင့် အန္တရာယ်မဖြစ်အောင် နေရာရွှေ့ထားတာ၊
- အဆောက်အဦနံရံတွေနဲ့ အုတ်စည်းရိုးတွေ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးတာ၊
- အရေးပေါ်ဝင်ပုန်းလို့ရမယ့် ခိုင်ခန့်တဲ့ ခုံ/ခုတင်တို့လိုပစ္စည်းမျိုးတွေအောက်ကို လွယ်လွယ်ဝင်လို့ ရအောင်ရှင်းလင်းထားတာ၊စသည်ဖြင့် ကိုယ့်စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လိုအပ်မယ်ထင်တာကိုပြင်ဆင်ထားတာတော့ မမှားပါဘူး။
- စိုးရိမ်စိတ်/ကြောက်စိတ်လွန်ကဲလို့လည်း မရပါ။
- ကြောက်စရာမလိုဘူးဆိုပြီး အတင့်ရဲလို့လည်း မရပါ။
သဘာဝဘေးအန္တရာယ်တစ်ခုနဲ့ ကြုံရင် သတိလွတ်မသွားအောင် ထိန်းသိမ်းရင် တစ်ခုတော့မှတ်ထားပါ။
"အသက်ကို ဉာဏ်စောင့်ပါတယ်"
Photo Crd - မိုး/ဇလ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from ဦးဝင်းနိုင်
အားလုံး
ပြည်နယ်နှင့် တိုင်းဒေသများအလိုက် မိုးရေချိန်ခန့်မှန်းချက်
07/08/2026
အသံ
ဩဂုတ် ၉ - ၁၁ ရက်အတွင်း သတိပြုရမည့် မြို့နယ်များ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ)
04/08/2026
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
လာမည့် ၇၂ နာရီအလွန် ပဲခူးမြို့အပါအဝင် မုတ္တမကွေ့နှင့် ကပ်လျက်ဒေသများ မိုးအလွန်သည်းထန်နိုင်
28/07/2026