တောင်သူ လယ်သမားကြီးများအတွက် နှိုးဆော်ချက် (မေလ)
မိုးဦး ယာသီးနှံများ စိုက်ပျိုးရေး၊ စိုက်ပျိုးထားသော နွေစပါးသီးနှံ ပြုစုထိန်းသိမ်းရေးနှင့် မိုးစပါးသီးနှံ စိုက်ပျိုးရေးတို့အတွက် သတိမူ လုပ်ကိုင်ရန်များကို ဖေါ်ပြလိုပါသည်။
၁ ။ ယာသီးနှံများ
မုတ်သုန်မိုးကို အားကိုး၍ သီးနှံစိုက်ပျိုးရသည်ဖြစ်ရာ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ-စသည့် ယာသီးနှံတွေ မိုးဦးကျလျင်ကျခြင်း စိုက်နိုင်ဖို့ ထွန်ရေး အဆင်သင့် ပြင်ထားသင့်သည်။
အသိပေးလိုသည့်အချက်(၄)ချက်မှာ-
၁။ အပင်ပေါက်ကောင်းနိုင်သည့်မြေအစိုဓါတ်သေချာစွာ ရရှိမှသာ စိုက်ပျိုးရန်၊
၂။ အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက် ရှိသည့် မျိုးသန့်မျိုးစေ့ကို အသုံးပြုရန်၊
၃။ ခြောက်သွေ့မှုဒဏ်(Water Stress) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်းကောင်းမွန်သည့်(good seedling vigour)မျိုးကိုအသုံးပြုရန်နှင့်
၄။ ရေမြေဒေသ ကိုက်ညီဖြစ်ထွန်း ဈေးကွက်ရှိသည့် မိုးခေါင်ခံမျိုးကို အသုံးပြုရန်တို့ဖြစ်ပါသည်။
၂။ နွေစပါးသီးနှံ
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် စိုက်ပျိုးသော နွေစပါးအများစုသည် အပင်ဖြစ်ထွန်းဆဲ၊ ပွားများ ဆဲ ပင်ပိုင်းကြီးထွားသည့်ကာလ(Vegetative Phase)တွင် ဖြစ်သည်။ အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးအတွက် လွန်စွာအရေးပါသောကာလ ဖြစ်ပါသည်။
ဤကာလ တစ်လျောက်လုံးတွင် စပါးစိုက်ခင်းအတွင်းပေါင်းမြက်ကင်းစင်စေရေးကို အထူးဂရုစိုက် ဆောင်ရွက်ရန်လိုသည်။ လယ်ကွက်အတွင်းရေမပြတ်စေရေး ထိန်းထားရန်လိုသည်။ မြေသြဇာအာဟာရ မချို့ယွင်းစေရေးအတွက် နိုင်ထရိုဂျင်မြေသြဇာကျွေးပေးဖို့လိုသည်။ ပိုးမွှားရောဂါကင်းစင်စေရေး စစ်ဆေးကြည့်ရှု ကာကွယ်နှိမ်နင်းရန်လိုပါသည်။
၃။ မိုးစပါးသီးနှံ
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်း(အထူးသဖြင့်) မိုးရေသောက်မိုးနည်းပါးဒေသတို့အတွက် မိုးစပါးစတင်စိုက်ပျိုးနိုင်ရေးဖြစ်ပါသည်။ မုတ်သုံမိုးစတင်ချိန်နောက်ကျလေ့ရှိသည်။ မိုးဦးကျပြန်တော့ လည်း မိုးရေလုံလောက်စွာ မရရှိသည်ကို ကြုံရနိုင်သည်။ ထိုဒေသများအတွက် လယ်ကွက်အတွင်းမှာ ရွာသွန်းလာသမျှ မိုးဖြင့် စပါးစိုက်ပျိုးနိုင်သည့် နည်းစနစ်ကို အသိပေးလိုပါသည်။
လယ်ကွက်တွင် မိုးစတင်ရွာသွန်းပြီး အစိုဓာတ်ရရှိသည်နှင့် ထယ်ထိုးထွန်မွှေရန်လိုသည်။ စပါးမျိုးစေ့ကို စာပါးစပ်ပြူ အညှောင့်ဖေါက်ရန် မလိုဘဲ မျိုးစေ့အခြောက်ကို ဒီအတိုင်း ထွန်ရေးပြင်မှာ မျိုးစေ့ချရန် ဖြစ်ပါသည်။
မြေတွင်းအစိုဓာတ်လုံလောက်စွာရရှိချိန် နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ ထယ်ထိုးထွန်မွှေ၍ စပါးမျိုးစေ့ချစိုက်ပျိုးသည့်စနစ်ဖြစ်ပါသည်။
အခြောက်ထွန်ရေးပြင်မှာ စပါးမျိုးစေ့ချစိုက်ပျိုးခြင်း(dry seeding)ဖြစ်၍ မုတ်သုန်မိုးဖြင့် ပျိုးခင်းရေ ရရှိသည်အထိ စောင့်စရာမလိုပါ။ မေလနောက်ဆုံးပတ်လောက်မှာ ဆင်ရေချိုးမိုးတစ်မိုးနှစ်မိုးလောက် ရွာလျင်ပင် စိုက်နိုင်ပါသည်။
ယခင်က စပါးတစ်သီးသာစိုက်ပျိုးသည့်လယ်မြေတွင် စပါးနှစ်သီးကို အောင်မြင်စွာ စိုက်ပျိုး နိုင်သည်။ ပျိုးထောင်စရိတ်၊ ပျိုးနှုတ်စရိတ်၊ တမန်းပြင်စရိတ်၊ ကောက်စိုက်စရိတ် မကုန်ပါ။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အသက်ရက် ၇ မှ ၁၀ ရက်ခန့်စောပြီး ရိတ်သိမ်းနိုင်ပါသည်။
အခြောက်တိုက်ရိုက်စိုက်စပါး(Dry Direct-Seeded Rice)ရိတ်သိမ်းအပြီး ပျိုးထောင် ကောက်စိုက်စပါး(Transplanted Rice)ကို စိုက်ပျိုးနိုင်မည်ဖြစ်သည်။ သီးနှံပုံစံ (DSR-TPR Cropping Pattern)ကို လုပ်ကိုင်ရာကျပါမည်။
သက်လျင်အထွက်ကောင်း စပါးတစ်မျိုးမျိုးကိုတော့ အသုံးပြုရန်လိုသည်။ ဤနည်းစနစ်တွင် စပါး ပင်နှင့် ပေါင်းမြက်ပင်တို့သည် တပြိုင်တည်း ယှဉ်ပြိုင်ပေါက်ရောက်နိုင်သဖြင့် စပါးမျိုးအလိုက် အပင်သက်တမ်း၏ ပထမပိုင်း သုံးပုံတစ်ပုံကာလအတွင်း ပေါင်းမြက်ကာကွယ်နှိမ်နင်းမှုကို အထူးဂရုစိုက်ဆောင်ရွက်ရန်တော့ လိုပါသည်။
ဆင်းသီဟ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026